Ep 32

1.1K 156 21
                                    

Uni

သက္ကမြတ်ဇာမ် ထွက်သွားပြီးနောက် သွင်ခေတ္တရာအိပ်နေရာကထလိုက်ပြီး မျက်နှာသစ်လိုက်သည်။၁၀နာရီထိ အိပ်မိသွားတာ သူ့ဘဝတွင် ပထမဆုံးအကြိမ် ဖြစ်သည်။

စားပွဲပေါ်မှာ တင်ထားခဲ့သည့် အဖုံးအုပ်ထားသည့် ကြွေပန်းကန် အဖြူရောင်လေးကို အဖုံးလှပ်ကြည့်လိုက်တော့ ပင်လယ်စာဆန်ပြုတ်ဖြစ်နေသည်။ဆန်ပြုတ် စားရအောင်အထိ နေမကောင်းဖြစ်နေတာမှမဟုတ်တာ ။ အခုတလော ပူပြင်းလွန်းတာကြောင့်ချွေးထွက်လွန်သည့်အပြင် လူကလည်းလေးလံထိုင်း မှိုင်းနေသည်။ သက္ကမြတ်ဇာမ်ပြောသလို သူအသက် ကြီးလာတာကြောင့် ဖြစ်လိမ့်မည်။နောင်တစ်ချိန်၈နှစ်ငယ်တဲ့ ကောင်လေးနဲ့ အပြိုင်ရန်မဖြစ်နိုင်တော့ရင်တော့ ဒုက္ခ။

ဆန်ပြုတ်မစားချင်တာကြောင့် Receptionကိုဖုန်းဆက်ပြီး ပြန်လာယူခိုင်းလိုက်သည်။ အပေါ့ပါးဆုံးဖြစ်မည့် အင်္ကျီပါးပါးလေးဖြင့် ဘောင်းဘီကို ဒူးအထက် တိုတာလေး ဝတ်ပြီးအပြင်ထွက်လိုက်သည်။မန္တလေးမလာဘဲ ကမ်းခြေသွားရမည် ရာသီဥတုကပူလွန်းလှသည်။ သက္ကမြတ်ဇာမ်နဲ့ အဆင်ပြေသွားရင်တော့ ရာသီဥတုအဆင်ပြေသည့် နိုင်ငံတွင်ပြောင်းနေမည်။ သူ့အတွေးဖြင့် သူပျော်မြူးနေရသည်။

သက္ကမြတ်ဇာမ်က ဟိုတယ်ဝန်းအတွင်းရှိ သစ်ပင်တွေပေါလွန်းသည့် နေရာတွင် ထိုင်နေသည်။ အရိပ်ရပင်အကြီးကြီးအောက်က ခုံဝိုင်းလေးတွင် ခြေချိတ်ထိုင်နေပြီး စာဖတ်နေသည်။

သက္ကမြတ်ဇာမ်က တည်ကြည်ပြီးအနေအေးသည်။ သွင်ခေတ္တရာနဲ့သာ ကလေးကုလား ရန်ဖြစ် စကားများနေတတ်ပေမယ့် တခြားသူတွေနဲ့ဆို တည်ငြိမ်ပြီးအထာကျလွန်းသည်။

"ဒီနေ့ ရိုက်ကူးရေးရှိတယ် မဟုတ်ဘူးလား။ "

သက္ကမြတ်ဇာမ်နား ထိုင်လိုက်ကာ မေးလိုက်တော့ သက္ကမြတ်ဇာမ်က သူ့ကို ဆုန်ချည်ဆန်ချည်ကြည့်တစ်ကိုယ်လုံးအနှံ့ မျက်စိကစားကာ ကြည့်လာသည်။

အကြည့်ပြန်လွှဲသွားပြီး လက်ထဲ စာအုပ်ကိုသာ အာရုံစိုက်နေသည်။

"ခေါင်းမူးနေလို့ မသွားတာ ။ "

သက္ကမြတ်ဇာမ် တခြားလူတွေကိုသာ ဟန်ဆောင်ပြီးလိမ်လို့ ရပေမယ့် သွင်ခေတ္တရာကိုတော့ ဘယ်လိုမှလိမ်လို့မရပေ။ သက္ကမြတ်ဇာမ် လိမ်နေသည်ကို သိသော်လည်း သွင်ခေတ္တရာ ယုံချင်ယောင်ဆောင်ပေးလိုက်သည်။

The Kite(ongoing)Où les histoires vivent. Découvrez maintenant