Ep 22

1.7K 158 18
                                    

Uni

သွင်ခေတ္တရာ သူ့အပေါ်အုပ်မိုးထားသည့် သက္ကကို အားဖြင့် တွန်းလိုက်သည်။ ကုတင်ပေါ်ကနေ အောက်သို့ ပြုတ်ကျသွားပြီး ကြမ်းပြင်နဲ့ ကျောပြင်ဟာ မိတ်ဆက်သွားရသည်။ ခေါင်းဖြင့်မကျပဲ ကျောဖြင့်ကျတာ ကံကောင်းသည်ဟု ဆိုရမည် ခေါင်းဖြင့်သာဆိုလျှင် သက္ကမြတ်ဇာမ်ခေါင်း ဟပ်တက် ကွဲနေပြီ။

သွင်ခေတ္တရာ အိပ်ယာပေါ်က အလျင်အမြန်ထလိုက်
ပြီး လဲေနရာက မထသေးသည့် သက္ကမြတ်ဇာမ်နား
ကို သွားလိုက်သည် ။ ဒူးထောက်ထိုင်ချလိုက်ကာ။

ခွပ်*

သက္ကမြတ်ဇာမ် အင်္ကျီရင်ဘတ်ကို ကိုင်ကာ မျက်နှာ
ကို ထိုးလိုက်သည်။

"မင်းနဲ့ အခုချက်ချင်း ကွာရှင်းမယ်။"

သက္ကမြတ်ဇာမ်က သွင့်ကို ပြန်ပြီး ထိုးမည်အလုပ်
သွင်ခေတ္တရာ ပြောလာသောစကားကြောင့် လက်တွေက လေပေါ်မှာပင် ရပ်တန့်သွားရပြီး လက်သီးကို ပို ၍ တင်းကြပ်အောင် ဆုတ်ထားမိ၏။

"ကျုပ်သေမှပဲ ကွာရှင်းခွင့်ရလိမ့်မယ်။"

သွင်ခေတ္တရာ ဒူးထောက်ထားရာကနေ ထလိုက်ပြီး
ရေချိုးခန်းထဲက မှန်ရှေ့တွင် ရပ်နေလိုက်ပြီး အင်္ကျီ
ကို ဆွဲချွတ်လိုက်သည်။ သူ့လည်ပင်းကို သေချာကိုင်
ကြည့်လိုက်ကာ။

"အရာတောင် ထင်သွားပြီ ။ ဒါကိုပြပြီး တရားရုံးတက်မယ်ဆိုရင် အိမ်တွင်းအကြမ်းဖက်မှုနဲ့ ငြိပြီး
မင်းဘဝတော့ ရေစုန်မျောမှာ ။"

သက္ကမြတ်ဇာမ် လဲနေရာကနေ ထလာပြီး သွင်ခေတ္တရာ နောက်ကနေ ရပ်လိုက်သည်။ သွင်ခေတ္တရာက သူ့
ထက် အရပ်လက်လေးလုံးစာလောက် ပုတာကြောင့်
သွင်ခေတ္တရာ ခေါင်းကနေကျော်ပြီး မှန်ကို ကြည့်လို့
မရပေ။ သွင်ခေတ္တရာ ပခုံးကနေ ခေါင်းပိုစောင်းလိုက်ပြီး လည်ပင်းကို ဖွဖွလေးကိုင်ကာ။

"တရားရုံးတက်မယ်ဆိုရင်လဲ တန်အောင် အရှင်ထားမနေတော့ဘူး ။ "

သွင်ခေတ္တရာ သူ့လည်ပင်းကို လက်တွေနဲ့ မြွေတစ်ကောင်လို ရစ်ပတ်လာတာကြောင့် တံထောင်ဖြင့် သူ့
နောက်တွင် ရပ်နေသည့် သက္ကမြတ်ဇာမ်၏ ဗိုက်ကို
ထိုးလိုက်သည်။ နာကျင်မှုဒဏ်ကြောင့် သက္က နောက် သို့ ယိုင်သွားသည်။

The Kite(ongoing)Where stories live. Discover now