Ep 29

1.1K 145 26
                                    

Uni

မန္တလေးရောက်တော့ ကားတစ်စီးထဲအတူစီးကာ သွင်ခေတ္တရာ ပိုင်သည့်ဟိုတယ်ကို သွားကြသည်။ နေခင်းဘက် မန္တလေးနေအချိန်ဟာ မြင့်လွန်းလှတာကြောင့်သူတို့၆ယောက်လုံး နဖူးတွေမှာ ချွေးတွေစို့နေသည်။
သွင်ခေတ္တရာက မန္တလေးကျုံးကို ငေးကြည့်နေမိသည်။ သက္ကမြတ်ဇာမ်ကိုလည်း မသိမသာကြည့်မိသည့် အခိုက်အတန်းလေးတွေလည်း ရှိပါသည်။

"ဒါနဲ့  ရိုက်ကူးရေးက ဘယ်တော့စမှာလဲ ။ "

သစ်လွင်ထူးအသံကို ကြားလိုက်ရတော့ ကျုံးကိုကြည့်နေရင်းက သစ်လွင်ထူးဘက်ကို အကြည့်ပြန်လွှဲလိုက်သည်။ သစ်လွင်ထူးဘေးတွင် ထိုင်နေသည့် သက္ကမြတ်ဇာမ်နဲ့  အကြည့်ချင်းဆုံသွားရသည်။ သက္ကမြတ်ဇာမ်က သွင့်ကိုမကြည့်ပဲ မျက်နှာလွှဲသွားသည်။

"ဗုဒ္ဓဟူးနေ့မှလေ သစ်ကလဲ ။ "

သင်္ခသစ်က အားလုံး၏ ကိုယ်စားဖြေလိုက်သည်။

သစ်နှစ်သစ် အခြေအနေကိုကြည့်ပြီး ပါလာတဲ့လူအားလုံး ရိပ်မိကြပါသည်။ ရိုးတော့ ရိုးမည်မဟုတ်။

"ကြားထဲမှာ တစ်ရက်တောင်ခြားနေတာ အချိန်တွေပေါနေကြတာလား ။ "

သက္ကမြတ်ဇာမ်၏ စကားကြောင့် အားလုံးက သက္ကမြတ်ကို အကြည့်စူးစူးတို့ဖြင့် ကြည့်လာကြသည်။
သွင်ခေတ္တရာက မျက်မှောင်ကြုတ်လျက် လေသံမာမာဖြင့်။

"မလုပ်ချင် စာချုပ်ဖျက်လိုက်လေ။ "

"ခင်ဗျား !"

သက္ကမြတ်ဇာမ်၏ အသံကအတော်ကျယ်သွားတာကြောင့် အားလုံးက အံ့သြနေကြသည်။ ဆက်ပိုင်ဦးကတော့ ရိုးနေပြီဖြစ်တာကြောင့် ဘယ်လိုမှမခံစားရပေ။ သစ်လွင်ထူးနဲ့  သင်္ခသစ်ကတော့ နားမလည်နိုင်ဖြစ်နေရသည် ။ ဘာကြောင့် သွင်ခေတ္တရာနဲ့ သက္ကမြတ်ဇာမ်က တွေ့လိုက်တိုင်း လက်ဝေ့ကြိုးဝိုင်းပေါ်ရောက်နေသည့် ထိုးသတ်တော့မည့် ပြိုင်ဘက်တွေလိုဖြစ်နေရတာလဲ။

"မနက်ဖြန် ရိုက်ကူးရေးနေရာတွေ ပြင်ဆင်ရမယ်ဒါကို ဒါရိုက်တာဖြစ်တဲ့ သင်္ခသစ်က ပိုနားလည်မှာပေါ့။မင်းရော မသိဘူးလား ။မနေ့တစ်နေ့ကမှ ဒီေလာကကို ရောက်လာတဲ့ အသစ်လေးလို လုပ်မနေနဲ့ ။ "

The Kite(ongoing)Where stories live. Discover now