Ep 38

1.3K 157 30
                                    

Uni

သက္ကမြတ်ဇာမ် ညက အိမ်မပြန်တော့ဘဲ သွင်ခေတ္တရာအိမ်တွင် လိုက်နေဖြစ်သည်။အရင်လိုတစ်ယောက်ကို တစ်ယောက်ကျောပေးပြီး မအိပ်ဖြစ်။သွင်ခေတ္တရာက သက္ကမြတ်ဇာမ်ဘက်ကို မျက်နှာမူကာ အိပ်နေပြီး သက္ကမြတ်ဇာမ်ကိုယ်ပေါ်သို့ ခြေရောလက်ပါမကျန်အကုန်တင်ထားသည်။သက္ကမြတ်ဇာမ် မနက် ၉နာရီတွင် interview တစ်ခုရိုက်ကူးရန် ချိန်းထားတာကြောင့် ဆက်အိပ်မနေတော့ဘဲ ထလိုက်သည်။

သူ့ကိုယ်ပေါ်က လေးလံလှသည့် သွင်ခေတ္တရာကိုယ်ကို အသာလေးတွန်းဖယ်လိုက်သည်။သွင်ခေတ္တရာကတော့ ကလေးလေးတစ်ယောက်လို ခြေကားယားလက်ကားယားဖြင့် အိပ်နေသည်။

အခန်းထဲက နာရီကို ကုတင်ပေါ်ကနေလှမ်းကြည့်လိုက်တော့ ၇နာရီသာရှိသေးသည်။ သက္ကမြတ်ဇာမ် ကုတင်ပေါ်ကနေ မထဘဲထိုင်ကာ ဘေးတွင်အိပ်နေသည့် သွင်ခေတ္တရာ၏ ပါးပြင်ကို သူ့လက်ချောင်းသွယ်သွယ်လေးတွေဖြင့် တို့ထိလိုက်သည်။သွင်ခေတ္တရာအသားအရည်က နူးညံ့လွန်းပါသည်။

အနေနီးလာလေလေ သက္ကမြတ်ဇာမ် သွင်ခေတ္တရာကိုပိုသဘောကျလေ ဖြစ်လာသည်။လိုက်ကာတွေက ထူပြီး စျေးကြီးတာကြောင့် နေရောင်ခြည်ထိုးဖောင်ဝင်ရန် ခက်ခဲ၏။ အခန်းတွင်းရရှိသည့် အလင်းရောင်ကခပ်မှိန်မှိန်နဲ့ ညဟုပင်အထင်မှားချင်စရာကောင်းသည်။မီးရောင်မှိန်မှိန်အောက်တွင် အိပ်ပျော်နေသည့်
သွင်ခေတ္တရာမျက်နှာဟာ ငေးပြီးရင်းငေးချင်စရာ။

" ဘာလုပ်နေတာလဲ။ "

သွင်ခေတ္တရာ၏ မျက်လွှာအောက်က မျက်ဝန်းတစ်စုံက လှုပ်ခပ်သွားပြီး ပွင့်ဟလာကာမေးသည်။

" ထိတွေ့ရတာကို သဘောကျလို့ ။ "

ထိုအခါ သွင်ခေတ္တရာက ပါးချိုင့်တွေပေါ်သည်အထိသဘောတကျ ပြုံး၏။ ထင်ပေါ်လာသည့် ပါးချိုင့်ခွက်လေးထဲကို သက္ကမြတ်ဇာမ် လက်ညှိုးလေးထိုးထားလိုက်သည်။သွင်ခေတ္တရာ သူ့ပါးပြင်ပေါ်က သက္ကမြတ်ဇာမ်လက်ကို ဆွဲယူလိုက်ပြီး လက်ဖမိုးကိုခပ်ဖွဖွလေး နမ်းလိုက်သည်။

သက္ကမြတ်ဇာမ်၏ မျက်နှာတစ်ပြင်လုံး နီရဲသွားသည်ကို သွင်ခေတ္တရာ မြင်လိုက်ရသည်။ သွင်ခေတ္တရာဆီကနေ လက်ကိုရုန်းလိုက်ပြီး ကုတင်ပေါ်ကနေ ထလိုက်သည်။

The Kite(ongoing)Where stories live. Discover now