Ep3

1.8K 149 56
                                    

သွင်ခေတ္တရာ အလုပ်ကပြန်ရောက်ရောက်ခြင်း bath tub ထဲဝင်ကာ ရေစိမ်နေလိုက်သည်။ Lavender haze နားထောင်ရင်း သူမှေးခနဲ ခဏတာအိပ်ပျော်
သွားသည်။ ပြန်နိုးလာတော့ ရေစိမ်နေတာလဲ ကြာပြီ
မို့ bathrobe ခဲရောင်လေးကို ဝတ်လိုက်ပြီး bathroom ထဲက ထွက်လိုက်သည်။

အိပ်ခန်းထဲမှာရှိတဲ့ သူ့အလုပ်စားပွဲပေါ်တွင် တင်ထား
သည့် ဖုန်းလေးက မီးလင်းလာပြီး တုန်ခါနေတာကို
တွေ့လိုက်ရသည်။ ယူကြည့်မိလိုက်တော့ သူ့အတွင်း
ရေးမှူး ခေါ်ထားတာ ဖြစ်နေသည်။ စားပွဲတင်နာရီကို ကြည့်လိုက်တော့ ည၉နာရီထိုးနေပြီ ဖြစ်သည်။

"ဘာကိစ္စလဲ"

ဖုန်းကို ကိုင်လိုက်ပြီး တစ်ဖက် သူ့အတွင်းရေးမှူးကို
မေးလိုက်သည်။

"Boss WT News CEOကျွန်တော့်
ကို ဖုန်းဆက်ပါတယ်"

"ဆက်ပြော ဘာလို့ဆက်တာလဲ"

လက်တစ်ဖက်က အင်္ကျီကြယ်သီးတပ်နေရင်း ကျန်
တစ်ဖက်ကတော့ ဖုန်းကို ကိုင်ကာ သူ့အတွင်းရေး
မှူးပြောစကားကို နားထောင်နေလိုက်သည်။

"Boss အမျိုးသားနဲ့ သက်ဆိုင်တဲ့ကိစ္စလို့ပြောပြီး
စာအိတ်လို ဟာလေးလာပေးထားပါတယ် ကျွန်
တော် ဖွင့်မကြည့်ရသေးပါဘူး"

"ငါ့အိမ်ကို အခုလာခဲ့"

"ကျွန်တော် ခြံဝရောက်နေပါပြီBoss"

"ငါ့အခန်းထဲလာခဲ့"

"ဟုတ်ကဲ့ပါBoss"

သက္ကမြတ်ဇာမ် ဘာတွေလုပ်ထားပြန်ပြီလဲ။
အမြဲပြဿနာရှာဖို့ပဲ သိတဲ့ကောင်။

ဒေါက် ဒေါက်

"ရတယ်ဝင်ခဲ့"

အတွင်းရေးမှူးဆက်ပိုင်က သူ့ဆီကို ဦးတည်ပြီး
လျှောက်လာကာ စားပွဲပေါ်ကို စာအိတ်လို့ထင်ရ
သည့် အိတ်လေးတစ်အိတ်တင်ပေးလာသည်။

သူ့ရှေ့တည့်တည့်မှာ ရှိတဲ့ စာအိတ်လေးကို ဆွဲယူ
ကာ ဖွင့်ကြည့်လိုက်သည်။ သက္ကမြတ်ဇာမ်နဲ့ လတ်တလော dating new ထွက်နေတဲ့ မင်းသမီး
နဲ့ အတူ Hotel မှာ dinner စားနေတဲ့ပုံတွေ ။

"တောက်! သက္ကမြတ်ဇာမ်ရဲ့ အတွင်းရေးမှူးကို
အခုဖုန်းခေါ်လိုက်"

The Kite(ongoing)Dove le storie prendono vita. Scoprilo ora