Part 10.5

570 55 4
                                    

" hyung လည်းမသိဘူးဆိုတာ
ဘာကိုဆိုလိုတာလဲ "

ဘယ်ကိုသွားနေမှန်းမသိဘဲ ကားသာမောင်းနေသည့် Minho ဘက်သို့လှည့်ကာ Jisung မေးလိုက်သည်။

" ဒါဆို ကျွန်တော့်ကိုဘယ်ကိုခေါ်သွားချင်တာလဲ
hyung "

Minho တိတ်တဆိတ်နေပြီးဘာမှပြန်မဖြေပါ။ အတွေးထဲမှာတော့ Jisung ကိုမည်သည့်အကြောင်းပြချက်ပေးရမလဲဆိုတာ ဗျာများနေရသည်။

" ထမင်းသွားစားမလို့လား ၊ ဒါမဲ့ကျွန်တော်ဗိုက်ပြည့်နေပြီ ၊ အန်တီ Kim ကြက်ဂျင်ဆင်းပေါင်းချက်ထားတယ်လေ အရမ်းစားလို့ကောင်းတယ် "

" အာ ဒါပေမဲ့ hyung ခုနလေးတင်အပြင်ကပြန်လာတာဆိုတော့ မစားရသေးဘူးမလား "

မေးခွန်းတွေအားလုံးကို လျစ်လျူရှူနေသည့် Minho ကို Jisung စိုက်ကြည့်လိုက်သည်။

" Sungyeol နဲ့သွားတာမှပိုကောင်းဦးမယ် "

Jisung တိုးတိုးရေရွတ်လိုက်ပြီး လက်နှစ်ဖက်ကိုပိုက်လိုက်သည်။ တစ်ယောက်တည်းစကားပြောနေရသည့် အတွက် မကျေနပ်စွာသက်ပြင်းချလိုက်သည်။

Jisung ပြောသည်ကိုကြားလိုက်သည့် Minho ကတော့ စတီယာတိုင်ပေါ်မှလက်ကိုတင်းကြပ်လိုက်သည်။ Jisung အပေါ်ခံစားချက်မရှိဘူးဆိုတာသေချာပါသော်လည်း သူ့သူငယ်ချင်းတွေဖြစ်တဲ့ Hyunjin နဲ့ Seungmin ကလွဲရင် တခြားသူတွေနှင့်လျှောက်သွားလျှင် Minho ဒေါသထွက်မိသည်။

အစောတုန်းက Jisung ဖုန်းပြောနေတာကိုကြားလိုက်ရသည်။ ပြီးတော့တဖက်လူနှင့်ပြောနေသည့် Jisung တစ်ယောက် နေရခက်နေသည့်ပုံပေါက်တာကြောင့် သူငယ်ချင်းနဲ့ပြောနေတာမဟုတ်မှန်းသိလိုက်ရသည်။

'ဒါဆိုအဲဒါက Sungyeol ပေါ့ ဟမ့်'

ထိုအခိုက် ရေဒီယိုတွင်လာနေသည့် သီချင်းကိုလိုက်ဆိုနေသည့် Jisung ရဲ့အသံချိုချိုလေးကြောင့် Minho အံ့ဩသွားရသည်။ လှည့်ကြည့်တော့ ကားမှန်ပေါ်တွင်တစ်စုံတစ်ခုကိုဆွဲနေပြီး သီချင်းလိုက်ညဉ်းနေသည့် Jisung ကိုတွေ့လိုက်ရသည်။

" hyung ~~ "

Jisung ရုတ်တရက်ခေါ်လိုက်တော့မှ Minho သတိဝင်လာတော့သည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now