Part 23

500 52 13
                                    

T/N : Org author က ဒီအပိုင်းကျမှ ကာရိုက်တာတွေရဲ့အသက်ကိုပြောပြထားတာပါ

Jeongin - 18
Jisung - 19
Seungmin - 19
Hyunjin - 19
Felix - 20
Changbin - 22
Chan - 24
Minho - 24









သူ့ကို အပြင်လူအဖြစ်သတ်မှတ်ထားတာလားဟူ၍ မေးခဲ့သည့် Jisung ရဲ့မျက်နှာအမူအရာကို Minho တစ်ညလုံးတွေးနေခဲ့သည်။ တကယ်တော့ Jisung ကိုအပြင်လူအဖြစ်မသတ်မှတ်ထားပေမဲ့ ဒါဆိုရင် Jisung ကသူ့အတွက်ဘာလဲ။

Minho  သက်ပြင်းချရင်း နက်ခ်တိုင်ကိုပြင်လိုက်သည်။

" သူ့ကိုတောင်းပန်ရမယ် "

အိတ်ကိုယူလိုက်ပြီး အခန်းထဲမှထွက်လာလိုက်သည်။

Jisung ရဲ့အခန်းရှေ့ရောက်တော့ အခန်းတံခါးကိုခေါက်ရန်ကြံလိုက်သော်ငြား အောက်ထပ်မှ Jisung ရဲ့ပျော်ရွှင်စွာအော်ဟစ်သံကိုကြားလိုက်ရသည်။

'သူဘာလုပ်နေတာလဲ'
Minho  အောက်ထပ်သို့ဆင်းလိုက်ပြီး Jisung ကိုရှာဖွေလိုက်သည်။ မီးဖိုချောင်ထဲမှ အသံကြားလိုက်တာကြောင့် ကြည့်လိုက်တော့
အန်တီ Kim ကိုကိုင်ကာလှုပ်ခါရင်း ပျော်ရွှင်စွာခုန်ပေါက်နေသည့် Jisung ကိုတွေ့လိုက်ရသည်။

" ကျွန်တော်လုပ်နိုင်ခဲ့ပြီ အန်တီ! "

Jisung ထပ်မံအော်လာပြန်သည်။

အန်တီ Kim နှင့် Jisung တို့ သူ့ကိုသတိမထားမိသေးတာကြောင့်  Minho  ကပဲအနားသို့ကပ်သွားရင်း

" ဘာတွေလုပ်နေလို့
စောစောစီးစီး အော်ဟစ်နေတာလဲ "

အန်တီ Kim ချက်ချင်းဦးညွတ်လာသည်။

" ကောင်းသောမနက်ခင်းပါ ဆရာ
Jisung ကို ထမင်းလိပ်လုပ်နည်းသင်ပေးနေတာပါ "

Jisung ကိုကြည့်ကာ ပြုံးရင်းပြောလာသည်။

" ဒီမှာကြည့် hyung! ကျွန်တော်ကိုယ်တိုင်လုပ်ထားတာ !!!! "

Jisung ထမင်းလိပ်များကို သပ်ရပ်စွာစီထည့်ထားသည့်ပန်းကန်ကို ပျော်ရွှင်စွာပြလာသည်။

Jisung ကို  Minho  ထူးဆန်းစွာကြည့်လာရင်း

" ထမင်းလိပ်လေးလုပ်ပြီးတော့ ဒီလောက်ထိစိတ်လှုပ်ရှားနေတာလား "

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now