Part 48

474 38 31
                                    

" ဒါနဲ့ နင့်ရဲ့အမျိုးသားလေးက ချစ်ဖို့ကောင်းတယ်နော် ၊ သူ့နာမည်ဘယ်လိုခေါ်လဲ "

Jisung ကို ပြုံးပြရင်း Jessica မေးလာသည်။

" Jisung.. Han Jisung.."

Jisung ရဲ့ပါးကို Minho အသာ ဖျစ်ညှစ်လိုက်ပြီး

" အာ..အာ .... Lee Jisung လေ အချစ်ရဲ့ "

Jisung ပါးပြင်များနီရဲလာပြီး Jessica ရဲ့‌အရှေ့မှာ ရှက်မိတာကြောင့် Minho ရဲ့လက်ကို အသာ တွန်းထုတ်လိုက်သည်။

Jessica စတင်ဝမ်းနည်းလာရသည်။ အရင်တုန်းက Minho ကို သဘောကျခဲ့ဖူးပေမဲ့ သူမရဲ့ ခံစားချက်တွေကို ဘယ်တော့မှသတိမထားမိခဲ့ချေ။

" နှစ်ယောက်လုံးချစ်ဖို့ကောင်းလိုက်တာ ... ဒါနဲ့ ခုတလော ဘာတွေလုပ်နေလဲ Min "

သူမရဲ့ စကားသံဟာ ပြတ်သားပြီးစူးရှနေလေသည်။ လက်ချောင်းများကြားထဲ ဆံပင်ကိုလိမ်ကျစ်နေသေးသည်။

" အို .. ကောင်းကောင်းနေနေတယ် ၊ ငါနဲ့ Jisung က ဒီနားမှာ လမ်းလျှောက်ထွက်နေတာ ၊ ဒီကို
ဟန်းနီးမွန်းထွက်လာတာလေ "

Jessica အင်းဟူ၍ပြောပြီး ခေါင်းငြိမ့်ပြလိုက်သည် ။

" ဒါနင်တို့ရဲ့ ဟန်းနီးမွန်းမလို့ ငါမနှောင့်ယှက်ချင်ပါဘူး ဒါပေမဲ့ ငါလည်းပါလို့ရမလား ၊ ဒီနားပတ်လည်နေရာအချို့ကို ငါသိတယ်လေ ပြီးတော့ ဆိုင်အချို့နဲ့ စားသောက်ဆိုင်တွေကိုလည်း သွားဖို့ ကူညီပေးနိုင်တယ် "

Minho ခေါင်းအသာငြိမ့်ပြလိုက်ရင်း Jisung ဘက်သို့ လှည့်လိုက်သည်။

" ငါတော့အဆင်ပြေတယ် .. အမ် .. အချစ်ရော? "

Jessica ရဲ့ အကြံပြုချက်ကိုမကြိုက်သည့် Jisung တစ်ယောက် သူမကိုစိုက်ကြည့်နေရင်းမှ Minho ရဲ့ခေါ်သံကြောင့် ‌အတွေးထဲမှရုန်းထွက်မိသည်။

" အင်း MinMin "

" Jessi ကိုယ်တို့နဲ့တူတူသွားရင် အဆင်ပြေမလား "

'မပြေဘူး'
" ပြေပါတယ် "

ဒါက သူတို့ရဲ့ဟန်းနီးမွန်းလေ။ သူမကြောင့်နဲ့တော့ ပျက်ဆီးမခံချင်ပါ။

" ကျွန်တော်တို့ရဲ့အစီအစဉ်တွေမှာ ပါစေချင်ပါတယ်! "

လုပ်ပြုံးတစ်ခုဖန်တီးရင်း Jisung ပြောလိုက်သည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now