Part 12

532 51 14
                                    

ခြုံထားသည့်စောင်ကို တစ်စုံတစ်ယောက်ဆွဲယူနေသည်ဟုခံစားရချိန်၌ Minho လန့်နိုးလာရကာ မျက်လုံးများဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ မျက်မှောင်ကြုတ်လိုက်ရင်း အခန်းပတ်ပတ်လည်လိုက်ကြည့်တော့ စောင်ကိုမျက်နှာတစ်ဝက်ထိဖုံးအုပ်ထားတဲ့ Jisung ကိုတွေ့လိုက်ကချိန် Minho မျက်လုံးများပြူးကျယ်သွားရသည်။

" ရားး!! ငါ့အခန်းထဲမှာဘာလုပ်နေတာလဲ "

Minho စောင်ကိုပြန်ဆွဲလိုက်ရင်း အပေါ်ပိုင်းဗလာဖြစ်နေသည့်ကိုယ်ကိုဖုံးကွယ်လိုက်သည်။

Minho ဒေါသထွက်ကာဆူငေါက်လာသည့်အတွက် Jisung လန့်သွားရသည်။

" တောင်း...တောင်းပန်ပါတယ် "

" ကျွန်တော်ပျင်းနေပြီး hyung ကလည်းအိပ်ပျော်နေသေးလို့လေ ၊ တံခါးကိုအခါခါ ခေါက်ပေမဲ့ hyung မှ ပြန်မဖြေတာ "

Jisung နှုတ်ခမ်းစူလိုက်သည်။ ဒီနေ့အတန်းတွေမရှိတာကြောင့် Jisung ပျင်းရိနေမိသည်။ အိမ်ဖော်တွေကလည်း သူတို့အလုပ်သူတို့လုပ်နေပြီး Minho ကလည်းအိပ်ပျော်နေသေးသည်။

" အဲ့တော့ဘာဖြစ်လဲ ၊ မင်းမနေ့ညကပြောတာ ဒီနေ့အတန်းမရှိဘူးဆို ၊ ငါပင်ပန်း‌နေတယ် အိပ်ချင်သေးတယ် "

Minho ပြောပြီး အိပ်ရာပေါ်ပြန်လှဲကာ ခေါင်းမြီးခြုံနေလိုက်သည်။

" အခု ထွက်သွားတော့ "

" ဒီနေ့ hyung အလုပ်မရှိဘူးလား "

" အင်း "

Minho ပြန်ဖြေလိုက်သည်။

" hyung "

Jisung ခေါ်လိုက်ပေမဲ့ Minho လျစ်လူရှူနေသည်။
သူ့ကိုဂရုမစိုက်ဘဲ စောင်ထဲပတ်နေသည့် Minho ကိုမြင်လိုက်ချိန် Jisung နှာခေါင်းရှုံ့နေသည်။

" hyung ကျွန်တော့်ကိုတစ်နေရာရာ အဖော်လိုက်ခဲ့ပေးပါ "

Minho ဘာမှပြန်‌မပြောပေ။ မကြာခင်ရောက်လာတော့မည့် Hyunjin ရဲ့မွေးနေ့အတွက် လက်ဆောင်ဝယ်ဖို့ရန် လက်ဆောင်ပစ္စည်းဆိုင်ကို အဖော်တစ်ယောက်ယောက်နှင့် Jisung သွားချင်သည်။ Hyunjin နှင့်အနီးကပ်နေသည့် Seungmin ကိုလည်းမေး၍မရပေ။

'သေချာတယ် ဒီနေ့အတန်းမရှိတော့ သူတို့ Hyunjin အိမ်မှာတူတူရှိနေကြမှာ'

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now