Part 4

676 61 0
                                    

Alarm မြည်သံရဲ့နှိုးဆွမှုကြောင့် Jisung နိုးထလာကာ နာရီကိုစစ်ဆေးကြည့်ချိန် မနက် 7 နာရီကိုညွှန်ပြနေသည်။ ကျောင်းသွားဖို့ပြင်ဆင်ရန်အတွက် ပျင်းရိလေးတွဲ့စွာထလိုက်ရသည်။

Minho ကတော့ ဒီနေ့တစ်ရက်ခွင့်ယူရန်ဆုံးဖြတ်ထားတာကြောင့် ယခုအချိန်ထိအိပ်ပျော်နေဆဲဖြစ်သည်။ မနေ့ည ညဉ့်နက်သည်အထိ ပရောဂျက်အကြီးကြီးတစ်ခုအတွက်စာရွက်စာတမ်းများပြင်ဆင်ခဲ့ရသည်။ မနေ့တုန်းက Minho အတွက်တော့ တစ်နေ့လုံးခက်ခဲပင်ပန်းခဲ့ရ၏။ ငယ်ငယ်ရွယ်ရွယ်ဖြင့် ကုမ္ပဏီ CEO တစ်ယောက်အနေနှင့်လုပ်ကိုင်ရသည်မှာ မလွယ်လှကူပေ။ Minho ဟာ အလုပ်ကြိုးစားတဲ့သူဖြစ်သော်ငြား တစ်ခါတစ်ရံတော့ အလွန်အကျွံလုပ်ရန်ကိုယ့်ကိုယ်ကိုယ်ဖိအားပေးလေ့ရှိသည်။ Minho ရဲ့မိဘတွေဟာလည်း Minho ကလေးဘဝကတည်းက ဦးစီးဦးဆောင်နိုင်စွမ်းတွေ ယုံကြည်မှုတွေကိုမြင်ခဲ့ပြီးဖြစ်သည်။ တက္ကသိုလ်တက်စဉ်အချိန်ကတည်းက ကုမ္ပဏီအလုပ်မှာ အလွန်တရာစိတ်ပါဝင်စားသည်ကိုတွေ့တဲ့အခါမှာလည်း အံ့အားသင့်ခဲ့ရပြန်သည်။

အဲဒါကြောင့်လည်း သူတို့ရဲ့သားကို အသက်ငယ်ငယ်ဖြင့် ကုမ္ပဏီမှအကြီးဆုံးရာထူးကို ယုံကြည်စွာလွှဲအပ်ခဲ့ခြင်းဖြစ်သည်။

အဲဒီအချိန်မှာ ကိုယ်ပိုင်အခန်းထဲမှာရှိနေသည့် Jisung လည်း ကျောင်းသွားဖို့ရန်အသင့်ဖြစ်နေပြီ။ မနက်အစောပိုင်းအတန်းရှိတာကြောင့် ယခုလိုအသည်းအသန်ပြင်ဆင်နေရခြင်းဖြစ်သည်။

ထို့နောက်ကျောပိုးအိတ်ကို ကောက်လွယ်ကာ အောက်ထပ်သို့ဆင်းလာရင်း ဒရိုင်ဘာ Kim ကိုရှာဖွေလိုက်သည်။

" ဦးလေးကြီး Kim!!! ကျွန်တော်အသင့်ဖြစ်ပြီ "

ဖိနပ်ကြိုးတွေကိုချည်နှောင်ရင်း Jisung အော်လိုက်သည်။ မည်သည့်တုံ့ပြန်သံမျှမကြားရသည့်အခါ Jisung ဘေးဘီကိုကြည့်ပြီး ဒရိုင်ဘာ Kim ကိုရှာလိုက်သည်။ ထို့နောက် သူ့အိမ်မှာရှိနေမှန်းမဟုတ်တာကို သတိရသွားလေသည်။

" အာ....ဟုတ်သားပဲ ဦးလေးကြီးက ငါ့ရဲ့ဒရိုင်ဘာမဟုတ်တော့ဘူး
အခုငါ့ကိုဘယ်သူကျောင်းပို့တော့မှာလဲ "

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now