Part 34

407 35 3
                                    

" ဆောရီး Min , ကြည့်ရတာဖုန်းအချက်ပြက ဆက်ပြီး ခြေရာခံလို့မရတော့ဘူး ၊ ပြီးတော့ ဒါက ငါစုံစမ်းလို့ရတဲ့နောက်ဆုံးတည်နေရာပဲ "

Minho ရဲ့သူငယ်ချင်းတစ်ယောက်ဖြစ်သည့် Jaeyong မှ ပြောလာသည်။

" ဒါပေမဲ့  အချက်ပြရပ်သွားတဲ့နေရာကိုတော့ ငါတို့လိုက်လို့ရတယ် "

Daeyong ဆိုသည့်တစ်ယောက်ပြောလာသည်။

" ကြည့်! "

Daeyong ညွှန်ပြသည့် နေရာကို အားလုံးဝိုင်းကြည့်နေကြသည်။

" အချက်ပြရပ်သွားတဲ့နေရာက စုစုပေါင်းလေးနေရာရှိတယ် ၊ ပထမက ကောလိပ် ၊ ပြီးတော့ အခြားသုံးနေရာကို တစ်ယောက်စီသွားစစ်ဆေးကြမယ် "

Jaeyong နှင့် Daeyong ဟာ အမြွှာဖြစ်ပြီး Minho နှင့် Chan တို့၏သူငယ်ချင်းကောင်းများဖြစ်သည်။ ဒီကိစ္စကို အကြီးအကျယ်အာရုံမစိုက်စေချင်တာကြောင့် Minho ရဲကိုအကြောင်းမကြားခဲ့ချေ။ ပြီးတော့ ဒီလိုကိစ္စတွေမှာ ရဲတွေ ဘယ်လောက်တောင်နှေးကွေးသလဲဆိုတာ Minho သိတာကြောင့်ပင်။ အဲဒါကြောင့် ဒီလိုနေရာမှာကျွမ်းကျင်သည့် သူငယ်ချင်းတွေကိုသာ အကူအညီတောင်းခဲ့သည်။

Minho လျှာတစ်ချက်သပ်လိုက်ရင်း သူတို့ထောက်လှမ်းရမည့် Jisung ရဲ့ဖုန်း နောက်‌ဆုံးအချက်ပြခဲ့သည့်နေရာကို ကြည့်လိုက်သည်။

Seungmin ထိုနေရာကိုကြည့်လိုက်ရင်း

" ဒါပေမဲ့ အဲဒါက....."

" ပြန်ပေးဆွဲသမားက ငါတို့ကိုလှည့်စားနေတာထင်တယ် ၊ သူသေချာပေါက် Minho လိုက်ရှာမယ်ဆိုတာသိလို့ အကုန်အစီအစဉ်ချထားခဲ့တာ ၊ ဟန်မြစ်နားမှာ ဖုန်းကိုဖွင့်လိုက်ပြီး အဲ့နားမှာပစ်ချထားခဲ့တာပဲ "

Jaeyong ပြောလာသည်။

" hyung ကျွန်တော့်ကိုမပြောနဲ့နော် Jisung သေ...."

Hyunjin ကို Minho စိုက်ကြည့်လာသည်။

" အဲ့လိုမပြောနဲ့ မဟုတ်ရင် အဲ့ဒီနေရာမှာမင်းကိုလွှတ်ပစ်လိုက်မယ် "

Hyunjin ရဲ့လက်မောင်းကို Seungmin လှမ်းရိုက်လိုက်သည်။

" Minho hyung ပြောတာ ထောက်ခံတယ် "
" ဘာလို့ အဲ့လောက်ထိတွေးရဲရတာလဲ "

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now