Part 3

669 58 0
                                    

" ‌အမေ!!!
ဘာလို့နှစ်ယောက်လုံး သားကိုတစ်ခွန်းမှမပြောဘဲ ဆုံးဖြတ်လိုက်ရတာလဲ "

ဆိုဖာပေါ်မှာလိမ့်လိုက်ရင်း Jisung မကျေမနပ်ပြောလာသည်။

" သားလေးရယ် အမေတို့ပြောဖို့ အများကြီးကြိုးစားခဲ့တယ်လေ ၊ ဒါပေမဲ့သားပဲအမြဲရှောင်သွားပြီးတော့ "

သူမ မကြားနိုင်လောက်တဲ့အသံတိုးတိုးလေးဖြင့် Jisung တစ်စုံတစ်ခုကိုပလုံးပထွေးပြောလိုက်သည်။

" ဒါပေမဲ့ သူကချောတယ်မလား "

" ဟုတ်ပါတယ် ချောတယ် ပြီးတော့မိုက်လည်းမိုက်တယ် ၊ ဒါပေမဲ့သားမှသူ့ကို သေချာမသိသေးတာကို ၊ နေ့လည်တုန်းကစကားတော့ပြောဖြစ်ပေမဲ့ မသိသေးဘူး!! "

" လက်ထပ်ပြီးမှသံယောဇဉ်တွယ်ပြီး ချစ်သွားတာကအကောင်းဆုံးလေ Ji "

မျက်ခုံးတွေတွန့်ချိုးနေသည့် Jisung အနားသို့ဝင်ထိုင်ရင်းပြောလာသည်။

" အမေ~~ အဲဒါရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာပဲရှိတာလေ ၊ အပြင်မှာမှတကယ်မရှိတဲ့ဟာကို "

အမေဖြစ်သူကိုကြည့်လိုက်ရင်း တင်းတင်းဖက်ထားလိုက်သည်။

" သူကျွန်တော့်ကို ဆိုးဆိုးရွာရွားဆက်ဆံရင်ဘယ်လိုလုပ်မလဲ "

" အဲ့လိုမတွေးနဲ့လေ
အဝတ်အစားတွေ၊ပစ္စည်းတွေအကုန် ထုပ်ပြီးပြီလား "

Jisung သက်ပြင်းချရင်း ခေါင်းငြိမ့်ပြလိုက်သည်။
















Marry Him?





















ကွန်ပျူတာစခရင်မ်ကို မျက်လုံးသေဖြင့်စိုက်ကြည့်ရင်း Jisung နှင့်အတူဖြတ်သန်းရမည့်အိမ်ထောင်သည်ဘဝကို Minho စဉ်းစားနေမိသည်။ ယခုအချိန်ထိတစ်စုံတစ်ယောက်ကို လက်ထပ်မယ်ဆိုသည့်ရည်ရွယ်ချက်မျိုး သူ့ဆီမှာမရှိခဲ့။

ထိုအခိုက် မက်ဆေ့ခ်ျတစ်စောင်ရောက်လာသည်ကြောင့် ဖုန်းကိုဖွင့်လိုက်သည်။


အမေ

အိမ်ဖော်တွေကိုမင်းရဲ့အဝတ်အစားတွေ ထုပ်ပိုးခိုင်းထားပြီးပြီ။ သူတို့ဟိုအိမ်ကိုခဏနေပို့ကြလိမ့်မယ်


𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now