Part 10

573 53 8
                                    

မီးဖိုချောင်၌ Minho တစ်ယောက်တည်းမနက်စာစားနေလေသည်။ အတိအကျပြောရရင်တော့ နေ့လယ် 1 နာရီရှိပြီဖြစ်တာကြောင့် နေလယ်စာဟုခေါ်ရပေမည်။ ဒီနေ့ပိတ်ရက်ဖြစ်တာကြောင့်မို့ ဒီတိုင်း အိမ်မှာပဲနားနေရန်ဆုံးဖြတ်ခဲ့သည်။

ပါးစပ်ထဲသို့ ထမင်းထည့်ရန်ကြံရွယ်လိုက်ချိန် Jisung ၏ခေါ်သံအကျယ်ကြီးကိုကြားလိုက်ရသည်။

" Minho hyung !!! "

" Minho hyung !!! ခင်ဗျားဘယ်မှာလဲ "

" အားရှီး သူအဲ့လောက်ထိကျယ်ဖို့လိုလို့လား "

သူ့နာမည်ကိုအော်ခေါ်နေသည့် Jisung ကိုလျစ်လျူရှူလိုက်ပြီး အစားအသောက်ကိုသာ ဆက်လက်စားနေလိုက်သည်။

" Lee Minho !!! "

Jisung ရောက်လာသည့်အချိန်မှာ Minho နားရွက်တွေကိုလက်ဖြင့်အုပ်လိုက်ရင်း ပြန်အော်လိုက်သည်။

" ရား !! "

မတ်တပ်ရပ်လိုက်ပြီး Jisung ဘက်သို့လှည့်လိုက်သည်။

" မနက်စောစောစီးစီး ဘာလို့အရူးလိုလျှောက်အော်နေရတာလဲ "

ရှပ်အင်္ကျီအပွနှင့် ဘောင်းတီတိုကိုဝတ်ဆင်ထားပြီး ဆံပင်တွေ ထိုးထောင်ပွယောင်းနေသည့် Jisung ကို Minho ကြည့်ကာပြောလိုက်သည်။

" ဘာ! မနက်ဟုတ်လား "

Jisung ဆံပင်ကိုလက်ဖြင့်ထိုးဖွလိုက်ရင်း

" အခု သောက် နေ့လယ်ရောက်နေပြီ ၊ ပြီးတော့အတန်းနှစ်တန်းတောင်လွတ်သွားရတယ်
ဘာလို့ကျွန်တော့်ကိုမနှိုးတာလဲ !! "

" အဲ့တော့? ငါ့အမှားလား "

Minho ပြောပြီး ထိုင်ခုံပေါ်ပြန်ထိုင်လိုက်သည်။ Jisung ခြေထောက်ကိုဆောင့်အောင့်လိုက်ပြီး လေသံတိုးတိုးဖြင့်တစ်စုံတစ်ခုကို မကျေမနပ်ရေရွတ်လိုက်သည်။

" အား အဲ့ဒါငါ့ကိုမနှိုးတဲ့သူ့အမှားလေ ငါမဟုတ်ဘူး "

Jisung အခန်းထဲသို့ပြန်သွားသည့်တစ်လျှောက်လည်း Minho ကိုမကျေနပ်ကြောင်းရေရွတ်ခြင်းများ မရပ်တန့်ခဲ့ချေ။ တကယ်တမ်း မနိုးခဲ့တဲ့သူ့အမှားဖြစ်မှန်း Jisung သိသော်ငြား Minho သူ့ကိုဂရုမစိုက်ဘူးဆိုတာကိိုတော့ မကျေမနပ်ဖြစ်မိသည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now