Part 1

1.2K 84 23
                                    

ထုံးစံအတိုင်း Jisung ဟာတက္ကသိုလ်ကို ဒရိုင်ဘာ Kim ပို့ဆောင်ပေးခြင်းဖြင့်ရောက်ရှိလာရသည်။ ကားလိုင်စင်ရှိသော်ငြား အက်ဆီးဒင့်တစ်ခုကြောင့်ကားမောင်းဖို့ရန်မဝံ့ရဲတော့ပါ။ Jisung ကိုယ်တိုင်မောင်းနှင်ခဲ့စဉ်က ဖြစ်ပျက်ခဲ့သည့်အက်ဆီးဒင့်ကြောင့် ထိုစဥ်ကတည်းက
ကားမမောင်းခဲ့တာဖြစ်သည်။

" ဦးလေးကြီး Kim .... ဒီနေ့ကျွန်တော့်ကိုလာကြိုဖို့မလိုတော့ဘူးနော် ၊ သူငယ်ချင်းတွေနဲ့လျှောက်သွားမှာမလို့ သူတို့ကိုပဲအိမ်ပြန်ပို့ခိုင်းလိုက်တော့မယ် "

ဒရိုင်ဘာ Kim အနောက်ဘက် Jisung ရှိရာဆီသို့လှည့်ကြည့်လာပြီး

" သူဌေး Han နဲ့ သူဌေးကတော် Han တို့ကိုကောပြောပြီးပြီလား "

Jisung ပြောပြီးကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

" ဒါဆို ဂရုစိုက်ပါ သခင်‌လေး "

" ဟာအာ....... ကျွန်တော့်ကိုအဲ့လိုမခေါ်ပါနဲ့ဆို ဦးလေးကြီး Kim ကလည်း ၊  ဒီတိုင်း Ji လို့‌ပဲခေါ်လို့ခဏခဏပြောဖူးတယ်လေ
ဘာပဲဖြစ်ဖြစ်ကျွန်တော့်ကိုစိတ်မပူနဲ့နော် သွားလိုက်ပါဦးမယ် "

ဒရိုင်ဘာ Kim ကိုလက်ပြနှုက်ဆက်ပြီးနောက် Jisung ကားပေါ်မှဆင်းလာလိုက်သည်။




သူငယ်ချင်းတွေကိုတွေ့တဲ့အခါ Jisung အတင်းပြေးသွားပြီး

" မင်းတို့ကိုလွမ်းနေတာ.... မွ မွ မွ~ "

ချစ်သူငယ်ချင်းတွေကို Jisung နမ်းဖို့ကြိုးစားလိုက်သော်လည်း Hyunjin မှ ခေါင်းကိုကိုင်ကာ တွန်းထုတ်လာသည်။

" ငါတို့မနေ့ကလေးတင် တွေ့ထားတာလေ "

" အားရှီး ငါမင်းတို့နှစ်ယောက်ကို အချိန်တိုင်းတွေ့ဖို့လိုအပ်တယ် "

Jisung ပြောရင်းဝမ်းနည်းချင်ယောင်ဆောင်လိုက်သည်။

" ဘာပဲဖြစ်ဖြစ် Ji ..... Lecture ဆောင်ကိုသွားကြရအောင် "

Seungmin ပြောရင်း ရှေ့မှဦးဆောင်သွားလိုက်သည်။

" ဘေဘီရေ ကိုယ့်ကိုစောင့်ပါဦး "

Hyunjin အော်ပြောရင်း နောက်မှပြေးလိုက်သွားသည်။

" ရား! ဘေဘီတို့ ငါ့ကိုတစ်ယောက်တည်းမထားခဲ့နဲ့လေ "

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now