Part 11

550 53 4
                                    

" ရား ဗြောင်ငြင်းမနေနဲ့တော့ ၊ မင်းသူ့ကိုချစ်နေတဲ့ဟာကို "

Hyunjin ခဏရပ်လိုက်ပြီး Jisung ရဲ့‌နှာခေါင်းကိုဖိလိုက်သည်။

" မင်း . ဆို . တဲ့ . Han . Ji . Sung . က . Min . ho . hyung . ကို . ချစ်‌ . နေ . ပြီ "

Hyunjin ရဲ့လက်ကို Jisung ဖြတ်ရိုက်လိုက်သည်။

" မဟုတ်ဘူး မချစ်ဘူး "

ခေါင်းမာစွာငြင်းဆန်နေဆဲပင်။

" ဒီလိုခံစားချက်တွေအားလုံးက ချစ်နေမိပြီဆိုတာကို ညွှန်ပြနေတာမျိုးမှမဟုတ်တာ "

Jisung မေးထောက်ကာနေလိုက်သည်။

" ဒီလိုခံစားရတာမျိုးက ငါ့အတွက်ပထမဆုံးအကြိမ်တော့မဟုတ်ဘူး ၊ ငါတစ်စုံတစ်ယောက်နဲ့ ပထမဆုံးချစ်မိတုန်းကဘာဖြစ်ခဲ့လဲဆိုတာ မင်းတို့နှစ်ယောက်မေ့သွားပြီလား "

Seungmin နှင့် Hyunjin သိနေကြသည့်အတိုင်း အချင်းချင်းကြည့်လိုက်သည်။

" Ji အားလုံးကတူညီကြတာမှမဟုတ်တာ "

Jisung ရဲ့လက်တစ်ဖက်ကိုပွတ်သပ်ပေးရင်း Seungmin ဖျောင်းဖျလိုက်သည်။

" သူမင်းကိုဘယ်လိုဆက်ဆံလဲဆိုတာ မင်းပြောပုံအရ သူလည်းမင်းအတွက်နှလုံးသားကို ဖွင့်ထားတာဖြစ်ရင်ဖြစ်နိုင်တယ် "

" မဟုတ်ဘူး သူတို့အားလုံးကတူတူပဲ ၊ ပထမတော့ငါ့ကိုကောင်းကောင်းဆက်ဆံမယ် ၊ ငါတကယ်ကြိုက်တဲ့အခါကျရင်တော့ ငါ့ကိုထားသွားကြမယ် "

" ငါဒီထက်ပိုပြီးမနာကျင်ချင်တော့ဘူး "

" Sungyeol ကကော "

Sungyeol ရဲ့နာမည်ကိုပြောလိုက်သည့် Hyunjin ကို ကျန်နှစ်ယောက်လှည့်ကြည့်လာသည်။

" သူနဲ့ဘာဆိုင်လို့လဲ "

" ရား သူကမင်းပထမဆုံးကြိုက်ခဲ့တဲ့သူလေ ပြီးတော့ အခု မင်းကိုပြန်လိုချင်တဲ့ပုံပေါ်...... "

Hyunjin ရဲ့စကားအဆုံးမသတ်ခင် ပါးစပ်ထဲသို့ Seungmin ၏ ပန်းသီးစိတ်ထိုးထည့်ခြင်းခံလိုက်ရသည်။

" စကားကိုဆုံးအောင်ပြောရဲရင်ပြောကြည့် "

Seungmin ကို Jisung ကြည့်လိုက်ပြီး လက်မထောင်ပြလိုက်သည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now