Part 45

396 42 0
                                    

အခြားသူငယ်ချင်းတွေနှင့် အတူထိုင်နေသည့် မျက်စိရှေ့မှ Sungyeol ကို Jisung စိုက်ကြည့်နေမိသည်။
လူတစ်ယောက်က ဘာလို့ဒီလောက်တောင် ‌အပြောင်းအလဲမြန်သွားတာလဲဆိုတာ Jisung နားမလည်နိုင်တော့ပါ။
အရင်တုန်းက Sungyeol တစ်ယောက် Jisung အပေါ် ကြင်နာတတ်ပြီးအလွန်ရင်းနှီးခဲ့လေသည်။
Hyunjin နှင့် Seungmin သူ့အတွက်မရှိပေးနိုင်ရင်တောင် Sungyeol သူ့ကိုအမြဲကူညီပေးခဲ့လေသည်။

" Ji ? "

Hyunjin ရဲ့ခေါ်သံကြားမှ Jisung မျက်တောင်ပုတ်ခတ်လိုက်ရင်း Sungyeol ထံမှ အကြည့်လွှဲလိုက်သည်။

" အင်း "

" မနက်ဖြန်ပွဲအတွက် cupcake လုပ်ဖို့ ငါတို့အကူအညီမလိုဘူးဆိုတာ သေချာရဲ့လား "

Jisung ခေါင်းအသာခါပြရင်း

" ရတယ် ၊ Minho hyung ငါ့ကိုကူညီပေးမယ်လို့ ပြောခဲ့တယ်လေ "
" Ari ၊ Sungyeol တို့နဲ့ တစ်ဖွဲ့တည်းဆိုရင်တောင် ငါ့ရဲ့ cupcake တွေက အရင်ဆုံးရောင်းထွက်သွားမယ်ဆိုတာ သေချာအောင်လုပ်ပြမယ် "

" ငါတို့အတန်းထဲမှာ ကျောင်းသားတွေအများကြီးရှိတာကို ဘာလို့ မစ္စ Jung က သူတို့နဲ့မင်းကို တစ်ဖွဲ့တည်း ထားချင်တာလဲမသိဘူး "

မတ်တပ်ထရပ်ပြီး Ari ဆီကိုသွားနေသည့် Sungyeol ကိုကြည့်ရင်း Seungmin ပြောလိုက်သည်။

" ပြီးတော့ တစ်ခါတလေ အဲ့အရူးအတွက်စိတ်မကောင်းတောင်ဖြစ်မိတယ် ၊ နေ့တိုင်း Ari ကို ပြန်ရဖို့ကြိုးစားနေတာ ဒါပေမဲ့ အခုထိမဖြစ်သေးဘူး ၊ Ari က သူ့ကောင်မလေးပြန်ဖြစ်မယ်ဆိုပြီး တစ်ယောက်တည်း ကိုယ့်ကိုယ်ကိုယ်အထင်ကြီးနေဝာာ "

ထိုစကားကိုကြားတော့ Hyunjin မျက်နှာမဲ့လိုက်ရင်း

" သူတို့ဆက်ဆံရေးတရားဝင်မဟုတ်သေးတာတောင် အမြဲဘယ်သွားသွား တပူးပူးတတွဲတွဲဆိုတာ မြင်တယ်မလား "

" သူငယ်ချင်းတို့ ငါတို့အခုအဲ့အကြောင်း မပြောကြရအောင် "

မတ်တပ်ထရပ်နေပြီဖြစ်သည့် Jisung ကို Hyunjin နှင့် Seungmin ကြည့်လိုက်သည်။

" မင်းတို့နှစ်ယောက် ကော်ဖီဆိုင်မသွားချင်ကြဘူးလား ၊ သွားရအောင် ငါဗိုက်ဆာနေပြီ "

























𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now