Part 28

584 43 16
                                    

အရင်ဆုံးအိပ်ရာနိုးလာသူမှာ Minho ဖြစ်ပြီး nightstand ပေါ်တွင်တင်ထားသည့် ဖုန်းကိုလှမ်းယူကာ ဘယ်အချိန်ရှိပြီလဲဆိုတာကြည့်လိုက်သည်။

ဖုန်းထဲမှ နိုတီများအားလုံးကို စစ်ဆေးပြီးနောက် ဘေးဘက်သို့တင်ထားလိုက်သည်။
ထို့နောက် နံဘေးခုတင်တွင် အိပ်ပျော်နေဆဲ Jisung ကို ကြည့်လိုက်သည်။

Jisung နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲပင်။ Minho ထလိုက်ပြီး ခုတင်အစွန်း၌ထိုင်လိုက်သည်။ Jisung ရဲ့ချစ်ဖို့ကောင်းပြီး အပြစ်ကင်းစင်တဲ့မျက်နှာလေးကို တခဏကြည့်လိုက်သည်။ နှုတ်ခမ်းထော်ထော်လေးနှင့်အတူ စောင်ကိုရစ်ပတ်ထားကာ သက်တောင့်သက်သာဖြင့်ကလေးတစ်ယောက်လိုအိပ်ပျော်နေသည်။

Jisung ရဲ့နှုတ်ခမ်းကို Minho အကြည့်ရောက်သွားချိန် မနေ့ညမှအိပ်မက်ကိုမြင်ယောက်မိသွားသည်။ ခေါင်းကိုခါယမ်းလိုက်ပြီး ညစ်ပတ်တဲ့အတွေးများကိုဖယ်ရှားလိုက်သည်။

'မုန်းလိုက်တာ Chan ပြောတာတွေမှန်နေလို့'

အချိန်အကြာကြီးစိုက်ကြည့်နေတာကို သတိထားမိသွားတဲ့အခါ Minho မတ်တပ်ထရပ်လိုက်ပြီး ဘေးနားမှ မီးအိမ်နှင့် Jisung ခုတင်ဘေးမှမီးအိမ်ကို ပိတ်လိုက်သည်။
ထို့နောက် အဝတ်အစားတွေကိုယူကာ ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။

















မကြာလိုက်တဲ့အချိန်မှာပဲ Jisung လည်း နိုးထလာရသည်။ မျက်လုံးကို‌ဖြည်းညင်းစွာဖွင့်လိုက်ရင်း ခေါင်းအုံးကိုမျက်နှာဖြင့်အပ်ထားမိသည်။
Minho ရဲ့ခုတင်ကိုကြည့်လိုက်တဲ့အချိန်မှာ မည်သူမျှရှိမနေဘူးဆိုတာကို တွေ့လိုက်ရသည်။

Jisung ထထိုင်လိုက်ပြီး အခန်းပတ်ပတ်လည်ကိုကြည့်လိုက်သည်။
'သူရေချိုးနေတာများလား'

ခုတင်ပေါ် ပြန်လှဲလိုက်သည်။

မျက်နှာကြက်ကိုကြည့်နေရင်း မနေ့ညက Seungmin နှင့် Hyunjin ပြောသည့်စကားများကိုပြန်ကြားယောင်လာတာကြောင့် ညည်းတွားမိသည်။

ပထမတော့ Jisung ကို လိမ်လည်တဲ့အတွက် သူတို့ကိုဒေါသထွက်မိသော်ငြား ဖြေရှင်းချက်ကိုနားထောင်ပြီးသည့်အဆုံး သူတို့နှစ်ယောက်ကို ကျေးဇူးတင်သွားရသည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now