Part 8

560 56 8
                                    


Minho ဖုန်းထိုင်သုံးနေရင်းမှ တံခါးဘဲလ်တီးသံကြောင့် အေပရွန်ကိုချွတ်ကာ တံခါးဆီသို့လျှောက်သွားလိုက်သည်။

" ငါတို့နောက်မကျပါဘူးနော် "

" မကျပါဘူး ၊ လာ အထဲဝင် "

" မတွေ့တာကြာပြီနော် Innie "

Chan ရဲ့အနောက်မှာရပ်နေသည့် ကောင်လေးကို Minho နှုက်ဆက်လိုက်သည်။

" ဟိုင်း Minho hyung
ဟုတ်တယ်နော် အခု hyung တောင်အိမ်ထောင်သည်ဖြစ်တော့မယ် "

Jeongin စလိုက်တော့ Minho စိတ်ရှုပ်စွာသာသက်ပြင်းချလိုက်သည်။

" အဲ့လိုမပြောစမ်းပါနဲ့ မုန်းလိုက်တာ "

Jeongin ရဲ့ခါးကို Chan လက်ဖြင့်ပွေ့ဖက်လိုက်ရင်း

" သူပြောတာမယုံနဲ့‌ ဘေဘီ ၊ တကယ်တမ်း သူကြိတ်ပြီးသဘောကျနေတာ "

" Chan "

Minho အော်ပြောလာသည်။

Chan လက်တစ်ဖက်ကိုမြှောက်လိုက်ရင်း

" အေးဆေးပေါ့ mate ၊ ဒါနဲ့သူဘယ်မှာလဲ ပြောချင်တာက မင်းရဲ့အနာဂတ်ခင်ပွန်းလောင်းကော ဘယ်မှာလဲ "

Chan မေးရင်း Jeongin နှင့်အတူ ဆိုဖာတွင်ဝင်ထိုင်လိုက်သည်။

" အဲဒါကိုထပ်ပြောရင် ဒီညမင်းအိမ်ကိုဗိုက်ဟောင်းလောင်းနဲ့ပြန်သွားစေရမယ် "

Minho ပြောပြီး Jisung အခန်းဆီသို့လျှောက်သွားလိုက်သည်။

'ခုနကသူစားချင်တယ်ပြောပြီး ဘာလို့တံခါး
လော့ခ်ချထားတာလဲမသိဘူး'

Minho တွေးလိုက်သည်။

Jisung ရဲ့အခန်းတံခါးကိုခေါက်လိုက်ပေမဲ့ မည်သည့်ပြန်ဖြေသံမှမကြားရပေ။ ဒုတိယအကြိမ်ထပ်ခေါက်လိုက်ရင်း

" Jisung ....... Chan ရောက်နေပြီ ၊ ထမင်းစားရအောင်လေ "

"....."

" ရား Han Jisung ငါထပ်မပြောဘူးနော် ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ်အခန်းထဲမှာအဆာခံပြီးနေမှာလား "

"....."

" ကောင်းပြီလေ မင်းသဘောပေါ့ "

Minho လှည့်ထွက်သွားရန်ပြင်လိုက်ချိန် အခန်းတံခါးပွင့်လာပြီး အရုပ်လေးပိုက်ထားသည့် Jisung ထွက်လာလေသည်။ သို့သော် အောက်ထပ်နှင့်ဆန့်ကျင်ဘက်လမ်းကို ခြေလှမ်းနေသည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now