Part 26

537 51 20
                                    

Lagguage ကို Jisung အားကြိုးမာန်တက်ဇစ်ပိတ်နေလေသည်။ သုံးရက်တာခရီးဖြစ်သော်ငြား မည်သည့်အဝတ်အစားတွေယူသွားရမည်ကို မသိတာကြောင့် အဝတ်အစားအများကြီးထည့်မိသွားသည်။ အိတ်တွေလည်းအများကြီးမသယ်ချင်တာကြောင့် lagguage တစ်ခုထဲမှာပဲ အဝတ်အစားတွေကိုထည့်ပြီးတော့ နောကခအိတ်တစ်လုံးထဲမှာ‌တော့ အခြားအသုံးအဆောင်ပစ္စည်းများကိုထည့်ထားသည်။ lagguage အကြီးကြီးကိုလည်းမသုံးချင်ပါ။

" ဘာလို့ဒီလောက် ခေါင်းမာနေရတာလဲ !? "

ဇစ်ပိတ်လို့်မရသေးသည့် lagguage ကို Jisung တစ်ချက်ကန်လိုက်သည်။

ခါးထောက်လိုက်ရင်း ဇစ်ပိတ်နိုင်မည့်နည်းလမ်းကိုစဉ်းစားနေမိသည်။

" တချို့အဝတ်တွေထုတ်လိုက်ရင် ကောင်းမလား "

အဝတ်များကို တစ်ထည်ချင်းလိုက်ကြည့်ရင်း ဘယ်ဟာကိုမယူသင့်ဘူးလဲဆိုတာ စဉ်းစားနေလေသည်။

" Ahh အမေရေ! သားကိုကယ်ပါဦး ~~~
ဘာလုပ်ရမှန်းမသိတော့ဘူး "

အပြာရောင်ဆွယ်တာအင်္ကျီလေးကို Jisung ထုတ်လိုက်ရင်း

" ဒါကိုမယူသွားရင်ရော , ဒါပေမဲ့ ရုတ်တရက်ကြီးဝတ်ချင်စိတ်‌တွေပေါက်လာတယ် "
အင်္ကျီကိုပြန်ချထားလိုက်သည်။

Jisung မတ်တပ်ရပ်ပြီး အခန်းထဲမှထွက်သွားလိုက်သည်။

Minho တစ်ယောက် ကိုယ်ပိုင်အခန်းထဲရှိ ခုတင်ပေါ်တွင်လှဲလျောင်းနေသည့်အချိန် အခန်းတံခါးခေါက်သံတစ်ခု ပျံ့လွင့်လာသည်။ ဘယ်သူလဲဆိုတာသိသည့်အလျောက် သက်ပြင်းချမိသွားသည်။

" ဝင်လာခဲ့ "

Minho ပြောလိုက်ပြီး စက္ကန့်အနည်းငယ်အကြာ အခန်းတံခါးကို Jisung ဝုန်းခနဲဖွင့်လာသည်။

" hyung !!! "

အနားသို့ချက်ချင်းရောက်လာသည့် Jisung ကြောင့် Minho လန့်သွားရသည်။

" မင်းဘာဖြစ်နေတာလဲ "

Jisung နှုတ်ခမ်းစူလိုက်ရင်း Minho၏ ခုတင်အစွန်းတွင်ထိုင်လိုက်သည်။

" ကျွန်တော့်ကိုကူညီပေးနိုင်မလား "

" ဘာကိုကူညီရမှာလဲ "

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now