Part 39

441 33 14
                                    

ဘေးနား၌ ရယ်သံလွင်လွင်လေးကို ကြားလိုက်ရသည်ကြောင့် Minho မျက်လုံးနှစ်ဖက်ကို ဖြည်းညင်းစွာဖွင့်လိုက်သည်။

" ကောင်းသောမနက်ခင်းပါ MinMin "

Jisung ပြောရင်း ခန္ဓာကိုယ်ကိုတစ်ပတ်လှိမ့်ကာ Minho ပေါ်သို့တက်ဖိလိုက်သည်။ Minho ရုတ်တရက်အလေးချိန်ကြောင့် တစ်ချက်ညဉ်းမိသွားသော်ငြား Jisung ရဲ့ခါးပေါ်သို့လက်နှစ်ဖက်ကိုနေရာချလိုက်ရင်း တင်းတင်းပွေ့ဖက်ထားကာ မျက်လုံးများကိုပြန်မှိတ်လိုက်သည်။

" ကောင်းသောမနက်ခင်းပါ အချစ် "

Minho အိပ်ရာနိုးခါစ အသံသြသြဖြင့်ပြောလာသည်။

Jisung သဘောတကျရယ်လိုက်ပြီး Minho ရဲ့နှာခေါင်းကို ဖွဖွနမ်းလိုက်ပေမဲ့ Minho မှ နှုတ်ခမ်းစူလာကာ အနမ်းတစ်ခုတောင်းလာသည်။

" Umhhh "

Jisung ပါးစပ်ကိုလက်ဖြင့်ပိတ်လိုက်ရင်း

" သွားမတိုက်ကြရသေးဘူးလေ "

Minho ပြုံးလိုက်ပြီး မျက်လုံးဖွင့်ကာ Jisung ကိုကြည့်လိုက်သည်။ အကြည့်ချင်း‌ဆုံသွားပြီးနောက် Jisung ရဲ့နှုတ်ခမ်းကို တစ်ချက်ဖိကပ်နမ်းလိုက်သည်။

" MinMin~~~ "

Jisung ရှက်သွားရကာ Minho ရဲ့လည်ပင်း၌ မျက်နှာအပ်ထားလိုက်သည်။

" အရင်ဆုံးသွားတိုက်ကြရအောင် "

" Oh  ဒါဆို သွားတိုက်ပြီးရင် နမ်းကြမယ်ပေါ့ "

Minho ရဲ့လက်မောင်းကို ဖြတ်ခနဲရိုက်လာသည့်‌ Jisung ကြောင့် Minho သဘောတကျရယ်မိသည်။

" ဒီလိုမျိုးလေး ခဏလောက်ထပ်နေရအောင် "

Jisung ရေရွတ်လာသည်။

Jisung ကိုပွေ့ဖက်ထားရင်းမှ Minho အားသုံးကာ ထလိုက်သည်။

" မြန်မြန် သွားတိုက်ကြရအောင် ၊ ဒါမှ ကိုယ်တို့
နမ်းလို့်ရမှာ "

Jisung ပါးပြင်များနီမြန်းသွားရပြီး Minho ကို စိုက်ကြည့်လိုက်သည်။

" ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ "

သူ့ကိုနှုတ်ခမ်းစူပြနေသည့် မျက်စိရှေ့မှ ချစ်ရသူကို Minho ကြည့်လိုက်သည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now