Part 22

489 46 2
                                    

Minho ရဲ့ကားထဲသို့ Jisung ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် စိတ်လှုပ်ရှားစွာဖြင့် Minho၏လက်မောင်းကို ကိုင်ကာလှုပ်ခါလိုက်သည်။

" hyung! hyung! hyung! "

" ရား ဘာဖြစ်လို့လဲ! "

Minho ထူးဆန်းစွာကြည့်လာပေမဲ့ လက်မောင်းကိုတော့မရုန်းထွက်မိပါ။

" Hyunjin နဲ့ Seungmin တို့ ဒီညကစားကွင်းသွားကြမလားဆိုပြီးကျွန်တော့်ကိုမေးလာတယ် "

" အဲ့တော့? "

Jisung စိုက်ကြည့်လိုက်ပြီး ထိုင်ခုံကိုမှီထိုင်လိုက်သည်။

" အဲဒါကြောင့်......... ကျွန်တော်တို့နဲ့အတူသွားချင်လားဟင် "

Minho ကားစတင်မောင်းနှင်လိုက်ပြီး

" မသွားချင်ဘူး ၊ ငါအလုပ်တွေရှုပ်နေတယ် "

" Oh လုပ်ပါ hyung ကလည်း ~~~~ အလုပ်တွေကို‌မေ့ထားပြီးပျော်ပါးဖို့လိုအပ်တယ်လေ ကျေးဇူးပြုပြီး~~~~~ "

Minho ဘက်သို့လှည့်ရင်း Jisung နှုတ်ခမ်းစူလိုက်သည်။

Minho တစ်ချက်ကြည့်လာပြီးနောက် သက်ပြင်းချလိုက်သည်။

" စိတ်မကောင်းပေမဲ့ ငါသွားလို့မရဘူး "

Jisung မျက်မှောင်ကြုတ်လိုက်ရင်း တခြားဘက်သို့လှည့်ကာ လိုချင်တာမရသည့်ကလေးတစ်ယောက်နှယ် ပြုမူနေသည်။

အိမ်ကိုရောက်သည့်အခါမှာတော့ Jisung စကားတစ်လုံးမျှမပြောပါဘဲ အိမ်ထဲသို့အလျင်အမြန်ဝင်ကာ အခန်းထဲသို့တန်းတန်းမတ်မတ်သွားလိုက်သည်။

Minho မျက်နှာကိုလက်ဖြင့်ပွတ်သပ်လိုက်ရင်း Jisung တော့သူ့ကိုစိတ်ကောက်သွားပြီဆိုတာ သိလိုက်ပြီ။

" ဘာလို့အဲ့လောက်ထိ ခဏခဏစိတ်ကောက်နေရတာလဲ "

ထို့‌နောက်ကားထဲတွင်ကျန်ခဲ့သည့် Jisung ရဲ့လွယ်အိတ်ကိုတွေ့လိုက်ရသည်။

" လွယ်အိတ်တောင်ကျန်ခဲ့တာပဲ "

Jisung ရဲ့လွယ်အိတ်ကိုယူလိုက်ပြီး Minho အိမ်ထဲသို့ဝင်လာလိုက်သည်။

တစ်ဖက်မှာ Jisung တစ်ယောက် ဒီည Minho သူတို့နှင့်မလိုက်နိုင်ကြောင်းကို Hyunjin နှင့် Seungmin ဆီသို့စာပို့နေလေသည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now