Part 6

617 62 10
                                    

ရက်ပေါင်းများစွာမစားရမသောက်ရသေးသည့်သူလို စားနေသည့် Jisung ကို Minho ဒီတိုင်းထိုင်ကြည့်နေမိသည်။

" ခင်ဗျား မစားဘူးလား "

Jisung ပါးနှစ်ဖက်အစားအသောက်များအပြည့်ဖြင့် Minho ကိုပလုံးပထွေးပြောလာသည်။

Minho ချက်ချင်း တစ်ရှူးကိုယူကာ Jisung ရဲ့ပါးစပ်နားတေ့လိုက်သည်။

" ရား! ပလုတ်ပလောင်းကြီးနဲ့ စကားမပြောနဲ့လေ "

Jisung ပြုံးပြလိုက်ရင်း ပါးစပ်ပိတ်ကာ ဆက်လက်ဝါးနေလိုက်သည်။

" မင်းဘယ်နှရက်လောက်မစားသောက်ရသေးတာလဲ ၊ ဘာလို့ဒီလောက်ထိဗိုက်ဆာနေတဲ့ပုံပေါ်နေတာလဲ "

Jisung အစားတွေကိုလည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ပို့လိုက်သည်။

" ဒီနေ့ စိတ်ဖိစီးနေလို့ "

Jisung ပန်းကန်ထဲမှ အသားတုံးကိုထိုးဆွရင်း ပြောလာသည်။

" ဘာလို့လဲ ငါနောက်ကျလို့လား
ဒီမှာ ငါတောင်းပန်တယ်လေ အိုကေ.... "

" အင်း အဲဒါ‌ကြောင့်လည်းပါပေမဲ့ စိတ်အဖိစီးဆုံးအရာက..... "

အအေးတစ်ငုံသောက်လိုက်သည်။

" ထားပါတော့ ဒီတိုင်းမေ့လိုက် "

Minho သူ့ကိုမယုံနိုင်စွာကြည့်လာသည်။

" ငါ့ကို မင်းရဲ့အဖြေစောင့်ခိုင်းထားပြီး ဒီတိုင်းမေ့လိုက်လို့ပြောတယ်ဟုတ်လား "

" အဲ့..အဲ့လိုမဟုတ်ဘူး ဒီတိုင်းခင်ဗျားကိုပြောဖို့မလိုအပ်ဘူးထင်လို့

ခင်ဗျား ဘာမှလုပ်‌ပေးနိုင်မှာမဟုတ်ဘူး "

Jisung သက်ပြင်းချရင်းပြောလာတော့ Minho သူ့ကိုစိုက်ကြည့်လာသည်။

" မင်းရဲ့ဖုန်းပေး "

" ဟမ် ဘာလို့လဲ "

Jisung မေးလိုက်ပေမဲ့ လက်တွေကတော့ Minho ဆီ သူ့ရဲ့ဖုန်းကိုကမ်းပေးပြီးဖြစ်သည်။ ဖုန်းထဲ Minho တစ်ခုခုရိုက်ထည့်နေတာကိုတွေ့ရသည်။

" ငါ့ဖုန်းနံပါတ် ၊ ‌နောက်ဒါမျိုးထပ်ဖြစ်ရင်ဆက်ရအောင်လို့ "

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now