Part 50

639 38 12
                                    

ရင်ခွင်ထဲသို့ တစ်စုံတစ်ယောက်တိုးဝင်လာသည်နှင့်အတူ Minho နိုးထလာရသည်။ အဲ့ဒီတစ်စုံတစ်ယောက်ကတော့ သူ့ရဲ့ခင်ပွန်းလေးမှ လွဲ၍အခြားသူမဟုတ်ပေ။ မျက်နှာချင်းဆိုင်လှည့်ကာ ကိုယ်ပေါ်ဖိထားရင် Jisung အိပ်ပျော်နေဆဲပင်။ Minho ရဲ့ဟူဒီတွေထဲမှ တစ်စုံကိုဝတ်ထားပြီး သူနှင့်ယှဉ်လျှင် လွန်စွာသေးငယ်နေလေသည်။

Jisung တစ်ယောက် သူ့ကိုဘဝတစ်ခုလုံးမူတည်ထားသလို တင်းကြပ်စွာဖက်လာချိန် Minho ခပ်ဟဟရယ်မိသည်။

Jisung ရဲ့အိပ်ပျော်နေသည့် အလှတရားလေးကို စိုက်ကြည့်နေသည့်အချိန်မှာ မနေ့ကဖြစ်ခဲ့သည့်ကိစ္စများကြောင့် တောင်းပန်ချင်စိတ်များ ပေါ်ပေါက်လာရသည်။ သူတို့ရဲ့ဟန်းနီးမွန်းနေ့မှာ Jisung ကိုလျစ်လျူရှူထားခဲ့မိသည့် ကိုယ်တိုင်ရဲ့အပြုအမူများကို Minho လုံးဝသတိမထားမိခဲ့ချေ။ ခင်ပွန်းလေးကိုတော့ ဒီလိုမလုပ်ခဲ့သင့်ပေ။

မနေ့က Jessica နှင့်သူ၏ အဖြစ်အပျက်ကို Minho မှတ်မိသွားလေသည်။ သူ့ကိုနမ်းဖို့အထိတောင်သတ္တိရှိခဲ့သည့် Jessica ကို Minho တကယ် မထင်ထားခဲ့ပေ။ ကံကောင်းစွာနဲ့ အချိန်မီရှောင်ထွက်ခဲ့ပြီး သူမကို ထားခဲ့ကာ Jisung ကိုရှာဖွေခဲ့သည်။ Jisung ယခုလိုမျိုးထွက်သွားခဲ့တာကြောင့် Minho သူ့ကိုဆုံးရှူံးရမည်ကို ကြောက်ရွံ့မိသည်။

ညာဘက်လက်ကို အသာထုတ်ပြီး Jisung ရဲ့ညာဘက်ပါးပြင်လေးကို ပွတ်သပ်မိသည်။

" မင်းကိုအရမ်းချစ်တယ် ..."

လေသံဖြင့် တိုးညင်းစွာပြောလိုက်သည်။

Minho ပါးပြင်ကိုပွတ်သပ်နေတာကြောင့် Jisung အိပ်နေရာမှ လှုပ်လှုပ်ရွရွဖြစ်လာလေသည်။ မျက်လုံးတစ်ဝက်ပွင့်လာပြီး မြင်လိုက်ရတာက ရှေ့တည့်တည့်တွင်နီးကပ်စွာ စိုက်ကြည့်နေသည့် Minho ကိုဖြစ်သည်။
Jisung ပြုံးပြလိုက်ပေမဲ့ ပင်ပန်းနေသေးသည့်ပုံပေါ်နေသည်။

" ကောင်းသောမနက်ခင်းပါ ကိုယ့်ရဲ့လှပတဲ့အချစ်လေး "

Jisung စိတ်လှုပ်ရှားသွားသော်ငြား ဘာမှမဖြစ်ဟန်ဆောင်လိုက်သည်။

" အပိုတွေပြောနေတယ် အဖိုးကြီး "

ပြောပြီး အခြားတဖက်သို့လှည့်လိုက်လေသည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now