Part 24

508 50 0
                                    

Jisung အခန်းထဲမှထွက်လာသည့်အချိန်တွင် Minho ရဲ့အဝတ်အစားများကို မီးပူတိုက်ဖို့ရန်ယူသွားနေသည့် အန်တီ Lim ကိုတွေ့လိုက်ရသည်။

Jisung တွေးဆဆဖြင့်လိုက်ကြည့်လိုက်ရင်း

" ငါလုပ်သင့်လား "

Jisung အခန်းတံခါးကိုပိတ်လိုက်ပြီး အန်တီ Lim မီးပူတိုက်ဖို့ရန်ဝင်သွားသည့် အခန်းဆီသို့သွားလိုက်သည်။

" Oh? ဘာလိုချင်လို့လဲ Ji "

အခန်းထဲသို့ရုတ်တရက်ဝင်လာသည့် Jisung ကိုမြင်မြင်ချင်း အန်တီ Lim အလန့်တကြား‌မေးလိုက်သည်။

Jisung ပြုံးပြလိုက်ရင်း

" Minho hyung ရဲ့အဝတ်အစား‌တွေ မီးပူတိုက်မလို့လားဗျ "

" ဟုတ်တယ်လေ Ji ၊ ဒါအန်တီ့ရဲ့အလုပ်ပဲကို
ဘာလို့လဲ? သားရဲ့အဝတ်အစားတွေကိုပါ မီးပူတိုက်စေချင်လို့လား "

" မ...မဟုတ်ပါဘူး! "

အန်တီ Lim အနားသို့ Jisung ကပ်သွားရင်း

" အမ် ကျွန်တော် Minho hyung ရဲ့ အဝတ်အစားတွေကိုမီးပူတိုက်....ပေးလို့ရမလားဟင် "

Jisung ကို သူမ ထူးဆန်းစွာကြည့်လာပြီး

" ရုတ်တရက်ကြီးဘာလို့လဲ ၊ ရပါတယ် Ji
ဒါအန်တီ့အလုပ်ပဲလေ "

Jisung နှုတ်ခမ်းစူလိုက်ရင်း

" လုပ်ပါဗျာ~~~~ ကျွန်တော်ပျင်းနေလို့ ပြီးတော့ ဒီမှာဘာမှလည်းလုပ်စရာမရှိလို့ပါ "

" ဒါပေမဲ့ မစ္စတာ Lee ရဲ့အဝတ်အစားတွေကို မီးပူတိုက်ပေးတာ Ji ဆိုတာသိသွားရင် အန်တီအဆူခံရလိမ့်မယ် "

အန်တီ Lim ပြောရင်း မီးပူခလုတ်ကိုဖွင့်လိုက်သည် ။

" စိတ်မပူပါနဲ့ ၊ သူအန်တီ့ကိုဆူရင် ကျွန်တော်သူ့ကိုပြန်ဆူပစ်လိုက်မယ် "

Jisung ရင်ဘတ်ပေါ်လက်တင်ရင်းပြောလိုက်သည်။ အန်တီ Lim ကိုကြည့်လိုက်ရင်း ထပ်မံနှုတ်ခမ်းစူလာပြန်သည်။

" ကျေးဇူးပြုပြီး ??? "

Minho ရဲ့အဝတ်အစားတွေကို စိတ်အားထက်သန်စွာ မီးပူတိုက်ပေးချင်နေသည့် Jisung ရဲ့ပုံစံလေးကြောင့် အန်တီ Lim အသာရယ်မိသွားသည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now