Part 18

515 53 6
                                    

Sungyeol ကို အချိန်မရွေးတိုက်ခိုက်တော့မည့်ပုံပေါ်နေသည့် Seungmin  ကို Hyunjin မနည်းတားဆီး‌နေရသည်။ Jisung ကိုဘာတွေပြောနေလဲဆိုတာ သူတို့သိချင်မိသည်။

" သူ Jisung ကိုထပ်ပြီးတော့နာကျင်စေချင်ရင် သူ့သွားတွေကိုအကုန်ဆွဲနှုတ်ပြီး လက်ချောင်းတွေကိုချိုးပစ်မယ် "

ထိုစကားများကြားလိုက်ရသည့် Hyunjin ကတော့ တံတွေးမြိုချမိသွားသည်။ Seungmin ရဲ့လက်မောင်းကိုအသာပွတ်သပ်လိုက်ရင်း

" စိတ်လျှော့ထား ဘေဘီ ၊ ကိုယ်တောင်လန့်လာပြီ "

ထို့နောက် Jisung အနားမှထွက်သွားသည့် Sungyeol ကိုလိုက်ကြည့်မိကြသည်။ Seungmin လက်‌ကိုကိုင်ထားသည့် Hyunjin ရဲ့လက်ကိုဖယ်ရှားလိုက်ကာ Jisung ဆီသို့ပြေးသွားလိုက်သည်။

" Ji  အဲ့ကောင်မင်းဆီကဘာလိုချင်ပြန်ပြီလဲ "

Seungmin မေးလာသည်။

Jisung နေရခက်စွာရယ်လိုက်ရင်း

" အမ် သူငါနဲ့အပြင်လျှောက်လည်ဖို့လာမေးတာ "

Seungmin မျက်လုံးပြူးကျယ်သွားပြီး Jisung ပုခုံးကိုလာကိုင်တာကြောင့် Jisung ထိတ်လန့်သွားရသည်။

" မင်းသူနဲ့မသွားပါဘူးလို့ ငါ့ကိုပြောရင်ပိုကောင်းမယ် "

Jisung ရဲ့ခန္ဓာကိုယ်ကိုလှုပ်ခါရင်း Seungmin မေးလာသည်။

" Minnie အဆင်ပြေပါတယ်ကွ ၊ သူငါနဲ့အပြင်သွားချင်ရုံလေးပဲကို ၊ ဘာမှမဖြစ်ပါဘူး "

" ဘာကိုဘာမှမဖြစ်တာလဲ Ji ၊ ဖြစ်နိုင်ရင် ငါမင်းကိုသူနဲ့ အနီးအနားမှာတောင် မနေစေချင်ဘူး ၊ အဲ့လိုလူမျိုးနဲ့ဘယ်လိုလုပ်တူတူရှိနေနိုင်ရတာလဲ
ဟမ် ၊ သူမင်းရဲ့ခံစားချက်တွေကိုကစားခဲ့တာလေ Ji "

Seungmin ရဲ့လက်ကို Jisung တွန်းထုတ်လိုက်ရင်း

" တော်လောက်ပြီ  Seungmin ၊ အဲဒါသူ့အမှားမဟုတ်ဘူး ၊ ငါ့အမှားပဲ "

Jisung သက်ပြင်းချလိုက်ရင်း

" သူငါ့ကိုကြိုက်တယ်ဆိုပြီး မျှော်လင့်ချက်တွေထားခဲ့တာက ငါပဲလေ ၊ လူတွေရဲ့ကြင်နာမှုကို အခွင့်ကောင်းယူတဲ့ငါကအရူးပဲ ၊ ဒါကြောင့် ကျေးဇူးပြုပြီး ဒီအကြောင်းထပ်မပြောနဲ့တော့ ၊ ငါတို့ ဒီအတိုင်းသူငယ်ချင်းတွေအနေနဲ့ပဲ အပြင်လျှောက်လည်မှာ ဘာမှမပိုဘူး ၊ သူ့ဆီကလည်းဘာမှမမျှော်လင့်တော့ဘူး "

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now