Part 29

585 43 13
                                    

ဘူဆန်ခရီးမှ ပြန်ရောက်လာသည်မှာ သုံးရက်ကြာခဲ့ပြီဖြစ်ပြီး ခံစားချက်များကိုဖွင့်ဟပြီးနောက် သူတို့နှစ်ဦး၏ဆက်ဆံရေးမှာလည်း တိုးတက်လာခဲ့သည်။
ထိုညက သူနှင့် Minho အခန်းထဲတွင်ဖြစ်ခဲ့သည့်ကိစ္စမှလွဲ၍ ကျန်တာအားလုံးကို Jisung ပြောပြချိန် Seungmin မျက်ရည်ပင်ဝဲခဲ့ရသည်။

နောက်တစ်နေ့မနက်ရောက်တော့ Jisung လည်ပင်းထက်တွင် သိသာထင်ရှားနေသည့် ကိုက်ရာသုံးခုကို Jisung တွေ့ခဲ့ရသည်။ ထို့အတွက် Minho ကို Jisung စိတ်ဆိုးခဲ့ပေမဲ့ Minho က Minho ဖြစ်နေတာကြောင့် ဂရုမစိုက်ဘဲနေလို့မရချေ။ ဒီကိုက်ရာတွေကိုပြုလုပ်ခဲ့တာက သူစိမ်းမဟုတ်တဲ့ အနာဂတ်ခင်ပွန်းလောင်းဖြစ်တာမို့ Jisung စိတ်ဆိုးဖို့မလိုကြောင်း Minho ပြောလာခဲ့သည်။ ထို့နောက် Hyunjin နှင့် Seungmin မမြင်အောင် concealer ဖြင့်ထိုကိုက်ရာများကို ဖုံးကွယ်ခဲ့ရသည်။

ဒီနေ့ Minho အလုပ်စသွားပြီဖြစ်ပြီး Jisung ကတော့ နှစ်ဝက်ပိတ်ရက်တွင်ရှိနေတုန်းပင်။

Minho အရင်ဆုံးအိပ်ရာနိုးလာချိန်၌ သူ၏ခုတင်‌ပေါ်တွင် Jisung ကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲပင်။ မနေ့ညက assignment ကို ညဉ့်နက်နဲ့အထိလုပ်ထားရတာကို သိသည့်အတွက် Jisung ကို Minho မနှိုးရက်ပေ။

ဘူဆန်မှနေ ပြန်လာခဲ့ပြီး သုံးရက်လုံး Minho ရဲ့အခန်းထဲတွင် Jisung အမြဲလာအိပ်လေ့ရှိသည်။
သေချာပေါက် Minho ခွင့်ပြုခဲ့တာပေါ့။ ပြီးတော့ Jisung အိပ်နေတဲ့အချိန် Minho ကို ဖက်တွယ်ပြီးအိပ်နေတာကို Minho နှစ်ခြိုက်လှသည်။

ရုံးသွားရန်အတွက် အဝတ်အစားအပြည့်အစုံဝတ်ပြီးသွားချိန် Minho ခုတင်အနားသို့သွားပြီး အိပ်ပျော်နေဆဲ Jisungဆီသို့ ချဉ်းကပ်လိုက်သည်။
Jisung ဘေးတွင် Minho ဝင်ထိုင်ရင်း ခင်ပွန်းလောင်းဖြစ်သူကို တစိမ့်စိမ့်ထိုင်ကြည့်နေမိသည်။

ထို့နောက် Jisung မျက်လုံးများ ဖြည်းညင်းစွာဖွင့်လာပြီး

" hyung ? "

အက်ခြောက်ခြောက်အသံဖြင့် Minho ကိုခေါ်လာသည်။

Minho အသာရယ်လိုက်ရင်း

" ကိုယ်နှိုးမိသွားတာလား "

Jisung ရဲ့ဆံပင်များကို အသာအယာ ဆွဲဖွလိုက်သည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now