Part 25

532 56 4
                                    

မျက်စိရှေ့မှ တီဗွီ screen ကို Jisung ပျင်းရိစွာကြည့်နေမိသည်။ ဒီရက်ပိုင်းအတွင်း Minho အမြဲအိမ်ပြန်နောက်ကျပြီး အိမ်ကြီးထဲတွင် Jisung တစ်ယောက်ထဲသာနေနေရသည်။ Hyunjin နှင့် Seungmin လည်း သူတို့ဟာသူတို့လုပ်စရာကိစ္စတွေရှိနေနိုင်တာကြောင့် အနှောင့်အယှက်မပေးချင်ပေ။

နှစ်ဝက်ပိတ်ရက်မှာ Jisung မိဘအိမ်ကိုပြန်ချင်သော်ငြား မိဘနှစ်ပါးမှာ အလုပ်ခရီးထွက်သွားလေသည်။

ထို့နောက် Jisung ဖုန်းနာရီကိုကြည့်လိုက်သည့်အခါ ည 10 ထိုးတော့မည်ဖြစ်သည်။ သူ့ရဲ့မက်ဆေ့ခ်ျ တွေကို Minho စာပြန်ထားသလားဆိုတာ စစ်ဆေးကြည့်သော်ငြား ဘာမှရှိမနေပါ။
" သူဘာလို့ ဒီတစ်လော အဲ့လောက်ထိအလုပ်ရှုပ်နေရတယလဲ "

မကြာလိုက် အိမ်တံခါးပွင့်လာပြီး Minho ပြန်ရောက်လာလေသည်။ တစ်နေ့လုံးအလုပ်များနေတာကြောင့် လွန်စွာပင်ပန်းနေပုံပေါ်သည်။ Minho ဟာ အလုပ်ကိုသေချာ စေ့စေ့စပ်စပ်လုပ်တတ်သူတစ်ယောက်ဖြစ်၏။ သူ့ရဲ့အချိန်တွေကိုစတေးရမည်ဆိုလျှင်တောင် အလုပ်ကိုပြီးပြည့်စုံအောင် လုပ်သွားမည့်သူဖြစ်သည်။

Minho ရောက်လာသည်ကို သတိမထားသေးသည့် Jisung ကတော့ ကွတ်ကီးစားရင်း တီဗွီကိုသာကြည့်နေလေသည်။

ထို့နောက် ရုတ်တရက် ဘေးနားတွင် Minho ဝင်ထိုင်လာသည်ကြောင့် လန့်သွားရသည်။

" Woahoho hyung!  နှလုံးရောဂါရတော့မလို့ပဲ "

Minho သက်ပြင်းချကာ မျက်လုံးကိုအသာမှိတ်လိုက်သည်။

" ငါညဘက်ပြန်မလာသေးရင် တံခါးသော့ခတ်ထားပါလို့ ဘယ်‌နှခေါက်ပြောနေရမှာလဲ "

ဘေးနားရှိ Jisung ကိုတစ်ချက်ကြည့်လိုက်ရင်း

" အန္တရာယ်များတယ်လေ "

Jisung နှုတ်ခမ်းစူလိုက်ရင်း

" မေ့သွားလို့ပါ ပြီးတော့ hyung ဘာလို့ဒီရက်ပိုင်းအိမ်ပြန်နောက်ကျနေရတာတာလဲ ၊ ကျွန်တော်ပျင်းတယ်ဗျ "

" ငါအလုပ်တွေများနေတယ်လို့ ပြောပြီးပြီမလား ၊ ပြီးတော့ ငါစောစောရောက်နေရင်လည်း မင်းနဲ့ဆော့ပေးမှာမှမဟုတ်တာ "

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now