Part 15

568 54 9
                                    

ရင်းနှီးမြှုပ်နှံသူများနှင့် အစည်းအဝေးပြီးဆုံးသွားနောက် Minho နှင့် သူ၏အတွင်းရေးမှူးတို့ ဟိုတယ်လော်ဘီတွင် တည်ရှိနေကြသည်။ သဘောတူညီမှုစာချုပ်ကို Minho တစ်ရွက်ချင်းလှန်ကြည့်နေသည်။

" အတွင်းရေးမှူး Yoo ရီပို့ကိုတတ်နိုင်သမျှမြန်မြန်လုပ်ပေးပါ "

အတွင်းရေးမှူးဖြစ်သူကို Minho ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ ဆရာ ၊ ပြီးတော့ ကျွန်မတို့ဘယ်အချိန် ဆိုးလ်ကိုပြန်ကြမှာပါလဲ "

Minho လက်ပတ်နာရီကိုကြည့်လိုက်ရင်း

" နောက်တစ်နာရီလောက်နေရင် "'

" ဟုတ်ကဲ့ပါ မစ္စတာ Kang ကိုပြောလိုက်ပါမယ် "

အတွင်းရေးမှူး Yoo ဒရိုင်ဘာကို‌ပြောပြရန် ထသွားလိုက်သည်။

Minho ဖုန်းကိုထုတ်ကြည့်လိုက်တော့ Jisung ဆီမှ မက်ဆေ့ခ်ျပေါင်းများစွာဝင်နေသည်ကိုတွေ့တော့ မျက်မှောင်ကြုတ်မိလိုက်သည်။ ပရောဂျက် site ထဲသွားနေစဉ် ဖုန်းကို silence လုပ်ထားခဲ့သည်ကြောင့် မည်သည့်ဖုန်းခေါ်ဆိုမှုနှင့်မက်ဆေ့ခ်ျများကို မကြားရမတွေ့ရခြင်းဖြစ်သည်။

" မက်ဆေ့ခ်ျတွေအများကြီးနဲ့ spam ဖြစ်သွားတာလား "

Jisung

Hyung ကျွန်တော် Hyunjin နဲ့ Seungmin တို့အတန်းပြီးရင်အပြင်ထွက်လည်လို့ရမလား။
စိတ်ရှုပ်ဖို့ကောင်းလိုက်တာ
ဘာလို့ခင်ဗျားရဲ့ခွင့်ပြုချက်ကိုတောင်းနေရတာလဲ
1:32 p.m

ရား အဖိုးကြီး
ဘာလို့စာမပြန်တာလဲ
1:52 p.m

Hyung ~~
အလုပ်များနေတာလား
ဖုန်းခေါ်လိုက်ပေမဲ့ မကိုင်လို့လေ
2:00 p.m

Hyunjin နဲ့ Seungmin ကျွန်တော့်ကိုအဖော်ပြုပေးဖို့ရောက်လာကြတယ်
အိမ်ဇောက်ထိုးမိုးမျှော်ဖြစ်သွားရင် မလန့်သွားနဲ့ဦး ၊ ကျွန်တော့်ကို အပြင်ထွက်ခွင့်မပေးတာခင်ဗျားပဲလေ
3:00 p.m

Jisung ရဲ့မက်ဆေ့ခ်ျများကိုဖတ်နေရင်း Minho သတိမထားမိပါဘဲ နှုတ်ခမ်းများတွန့်ကွေးနေလေသည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now