Part 19

530 57 28
                                    

Minho နေရာရွေ့ဖို့ကြိုးစားလိုက်ချိန် ခန္ဓာကိုယ်တစ်ခုလုံးလေးလံနေတာကို ခံစားလိုက်ရသည်။ မျက်လုံးကိုကြိုးစားဖွင့်လိုက်ချိန် အလင်းစူးခနဲဝင်လာတာကြောင့် ဖြည်းဖြည်းချင်းအချိန်ယူကာဖွင့်နေရသည်။ နံဘေးတွင် Minho ကိုဖက်ကာအိပ်ပျော်‌သူတစ်ယောက်ကို တွေ့လိုက်ရသည်။

" ဟမ်? "

Minho ထိတ်လန့်သွားပြီး ရုန်းထွက်ဖို့ပြင်လိုက်သော်ငြား Jisung တစ်ချက်ငြီးလာပြီးပို၍သာတိုးဖက်လာသည်။

ဘယ်အချိန်တုန်းက Jisung နှင့်သူ ဒီဆိုဖာပေါ်တွင် အိပ်ပျော်သွားမှန်းမသိတော့ချေ။ ဧည့်ခန်းထဲရှိ ဆိုဖာပေါ်တွင် နှစ်ယောက်လုံးလှဲလျောင်းနေကြပြီး နံဘေးတွင် Jisung က Minho ရဲ့ရင်ဘတ်ပေါ်တွင်ခေါင်းတင်ကာ ခြေလက်များနှင့်ပါ Minho ကို ဖက်တွယ်ထားရင်း အိပ်မောကျနေသည်။

Jisung မျက်နှာလေးကို Minho ကြည့်လိုက်သည်။ ပါးပြင်ပေါ်တွင် မျက်ရည်စီးကြောင်းများကလည်း ခြောက်သွေ့နေသည်။ Jisung ၏ ပါးပြင်ကို ခပ်ဖွဖွပွတ်သပ်လိုက်ရင်း ဆံပင်များကိုအသာအယာဆွဲဖွလိုက်သည်။
" ဘယ်လောက်တောင် ရူးလိုက်တဲ့ ကလေးလဲ "

Jisung ကို ထိုသို့ဆက်ဆံခဲ့သည့် Sungyeol ကို Minho လွန်စွာဒေါသထွက်မိသည်။ ပြီးတော့ ထိုသို့သောသူမျိုးအပေါ်လည်း ကောင်းနိုင်သေးသည့် Jisung ကိုလည်းဒေါသထွက်မိသည်။

Minho ခေါင်းကို ဘေးဘက်သို့အနည်းငယ်ရွေ့လိုက်ရင်း Jisung ရဲ့မျက်နှာလေးကို သေချာစိုက်ကြည့်လိုက်သည်။
'မင်းငိုတာမြင်ရတာ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေလို့မျှော်လင့်တယ်'

Jisung ရုတ်တရက်လှုပ်ရှားလာတာကြောင့် Minho ခေတ္တတောင့်ခဲသွားရပြီး Minho နားမလည်နိုင်သည့်တစ်စုံတစ်ခုကို Jisung ရေရွတ်နေသည်။ တစ်စုံတစ်ယောက်ကို ဆူပူနေသလိုမျိုး ရေရွတ်နေတာကြောင့် Minho အသံထွက်အောင်ရယ်မိသွားသည်။

Minho ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ပြီးထုံထိုင်းနေသည့်တိုင် မထချင်သေးပါ။ မနက်နိုးလာလျှင် Jisung ရဲ့ခန္ဓာကိုယ်လည်းနာကျင်နေလောက်မည်။ နှစ်ယောက်လုံး ကျောင်းသွား အလုပ်သွားဖို့လည်း ရှိသေးသည်ပင်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now