Part 43

438 42 18
                                    

ကျောင်းသို့ရောက်သည့်အချိန်၌ Jisung ကားထဲမှ ထွက်ရန်ကြံရွယ်လိုက်ချိန် Minho မှ Jisung ရဲ့လက်မောင်းကိုဆွဲကာ တားဆီးလိုက်လေသည်။

" ဘာလို့လဲ MinMin "

" အိမ်ပြန်နောက်မကျစေနဲ့ "

Jisung ရဲ့လက်မောင်းကို ဆုပ်ကိုင်ထားရင်း Minho ပြောလာသည်။ မနေ့ညက Seojun အပါအဝင် သူငယ်ချင်းတွေနှင့်အတူ လျှောက်လည်ခွင့်ပြုရန် Jisung ဖျောင်းဖြခဲ့ရသည်။ ပထမတော့ Jisung ကို လည်ပတ်ခွင့်ပြုလိုက်ပေမဲ့ Seojun ရဲ့နာမည်ကိုမကြားလိုက်ခင်အထိသာဖြစ်သည်။

Seojun ဟာ Jisung ရဲ့အစ်ကိုဝမ်းကွဲဆိုတာသိသော်ငြား ဝမ်းကွဲဆိုပြီးလွန်စွာပူးပူးကပ်ကပ် နေသည်ကိုတော့ မကြိုက်နှစ်သက်ပါ။

" ဟုတ်ကဲ့ပါ MinMin ရဲ့ ၊ မနေ့ညကလည်း ဒီအကြောင်းကိုပြောပြီးပြီလေ ၊ မမှောင်ခင်အိမ်ပြန်လာမယ်လို့ကတိပေးတယ် "

Minho မျက်လုံးများမှေးကြည့်လာပြီး

" Seojun ဆိုတဲ့တစ်ယောက်နဲ့ အရမ်းပူးကပ်မနေနဲ့ဦး "

Jisung ခေါင်းအသာစောင်းကာ Minho ရဲ့ မျက်နှာရိပ်ကိုအကဲခတ်လိုက်သည်။

" ဟက် ခဏ.... "
" သူနဲ့သဝန်တိုနေတာလား "

Minho ဘာမှမပြော‌ဘဲ Jisung ကိုဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်သည်။

" MinMin..... Seojun က ကျွန်တော့်အစ်ကိုဝမ်းကွဲလေ ၊ ပြီးတော့ MinMin က ကျွန်တော့်ခင်ပွန်း ၊ ဘာလို့သဝန်တိုချင်နေရတာလဲ "

" သဝန်တိုလို့မရဘူးလား "

Jisung ခေါင်းခါပြလိုက်ရင်း

" ဟင့်အင်း မရဘူး ၊ တစ်ယောက်နဲ့တစ်ယောက်ကြိုက်နေတာမျိူးမှမဟုတ်တာ ၊ ကျွန်တော်တို့က ညီအစ်ကိုဝမ်းကွဲတွေလေ "

Minho ရဲ့ 'ဘာပဲဖြစ်ဖြစ်' ဆိုသည့်ရေရွတ်သံကိုကြားလိုက်ရသည်။

" အရင်က MinMin ရဲ့ ဝမ်းကွဲနဲ့ ညီလေးဖြစ်ခဲ့ဖူးတာကို မှတ်မိသွားပြီ "

Jisung မျက်လုံးလည်ကာ ပြောလိုက်သည်။

" ဒါပေမဲ့ ကိုယ်က အစ်ကိုဝမ်းကွဲပါဆိုပြီး အရင်ပြောခဲ့တာမင်းလေ "

Jisung လက်နှစ်ဖက်ကိုပိုက်လိုက်ရင်း

" ဒါဆို 'ဒါကကျွန်တော့်ရဲ့ခင်ပွန်းလောင်း Lee Minho ပါ' ဆိုပြီးပြောဖို့မျှော်လင့်တာလား ဟက် "
" ဒါပေမဲ့အနည်းဆုံးတော့ ဝမ်းကွဲတွေက လက်ထပ်လို့ရသေးတယ် ၊ ညီအစ်ကိုတွေကတော့ မရဘူးလေ "

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now