Part 40

514 40 31
                                    

မိဘတွေ ဘိုကင်ယူပေးထားသည့် ဟိုတယ်အခန်းတစ်ခု၌ Jisung ရောက်ရှိနေသည်။ အိမ်သို့ Minho ကိုယ်တိုင်လိုက်ပို့ပေးပြီးနောက် မိဘများနှင့်အတူ ဟိုတယ်သို့သွားရန် Jisung ပြင်ဆင်ခဲ့ရသည်။

Minho နှင့် Jisung တို့ရဲ့လက်ထပ်ပွဲအတွက် ခမ်းခမ်းနားနားရှိလှသည့် ဟိုတယ်ခန်းမတစ်ခုလုံးကို Han လင်မယားမှ ငှားရမ်းထားပြီးဖြစ်သည်။

" Ahhh ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက လက်ထပ်တော့မယ်ဆိုတာ မယုံနိုင်သေးဘူး "

Hyunjin မရှိသည့်မျက်ရည်ကို သုတ်လိုက်ရင်း Jisung ကို ပြေးဖက်လိုက်လေသည်။

Seungmin နှုတ်ခမ်းစူလိုက်ရင်း အတူတူ ပွေ့ဖက်လိုက်လေတော့ Jisung သဘောတကျရယ်လိုက်သည်။

" မင်းတို့သိလား ငါတစ်ယောက်တည်းအရိုးထုတ်ရတော့မယ်လို့ထင်ခဲ့တာ ၊ ဒါပေမဲ့ အခုတော့ မင်းတို့ထက်တောင် အရင်လက်ထပ်ရတော့မယ် "

Jisung ဆီမှ Hyunjin ဖယ်ခွာလိုက်ရင်း Seungmin ကို အနားသို့ဆွဲကပ်လိုက်သည်။

" ကျစ် ကိုယ်တို့အလှည့်က ဘယ်တော့လဲ ဘေဘီ "

Seungmin ကို မေးလိုက်သည်။

Seungmin မျက်လုံးလည်လိုက်ရင်း Hyunjin ဆီမှ ရုန်းထွက်ရန်ပြင်လိုက်သည်။

" မင်းကိုလက်ထပ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးဘူး "

Hyunjin ရဲ့အံ့ဩထိတ်လန့်သွားသည့်မျက်နှာကို Jisung လှောင်ရယ်လိုက်သည်။

" အရမ်းလွန်တာပဲ Minnie "

" ဘေ..ဘေဘီ "

Hyunjin ငိုမဲ့မဲ့ဖြစ်နေချိန်မှာ Seungmin ဆီမှ အနမ်းတစ်ပွင့်ရလိုက်လေသည်။

" နောက်နေတာ အရူးရဲ့ "

Hyunjin ပြုံးလိုက်ပြီး Seungmin ကို
ထပ်မံနမ်းရှိူက်ရန် ပြင်လိုက်ချိန် ညည်းတွားသံတစ်ခုကိုကြားလိုက်ရသည်။

ဒါတွေကိုမျက်မြင်တွေ့နေရသည့် Jisung ကတော့ ခေါင်းခါရုံသာတတ်နိုင်တော့သည်။

" Ugh မင်းတို့တွေကို မျက်စိနောက်လိုက်တာ "
" မင်းတို့ဘာသာ မင်းတို့ နမ်းပဲနမ်းနမ်း ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး ဒါပေမဲ့ နောက်နာရီပိုင်းအတွင်း လက်ထပ်တော့မဲ့ ငါ့အရှေ့မှာတော့မဟုတ်ဘူး!!! "

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now