Part 42

415 40 3
                                    

အဖြူရောင်ပန်းစည်းကိုပိုက်၍ ကားထဲဝင်သွားသည့် Minho ကိုကြည့်ရင်း Jisung မျက်မှောင်ကြုတ်မိသည်။

" အဲ့ဒီပန်းတွေကို ဘာအတွက်လဲ MinMin "

Minho ဝမ်းနည်းစွာပြုံးလိုက်ရင်း ပန်းစည်းကို ကားနောက်ခန်း၌နေရာချလိုက်သည်။

" ကိုယ့်အဖေရဲ့အုတ်ဂူကို သွားဖို့ မင်းကိုခေါ်သွားချင်တယ် "

" အာ ဟုတ်ကဲ့ "

Jisung ပြောရင်း Minho ရဲ့ဒူးခေါင်းကိုစက်ဝိုင်းပုံစံလှည့်ကာ ပွတ်သပ်ပေးလိုက်သည်။










သုဿန်သို့ရောက်သည့်အချိန်၌ Jisung တစ်ခုခုကို သတိရမှတ်မိသွားလေသည်။

" MinMin ..."

Jisung ဘက်သို့ Minho လှည့်ရင်း

" အင်း? "

" ပန်းတစ်ပွင့်လောက် ပေးလို့ရမလား "

" ဘာအတွက်လဲ "

Minho မေးလိုက်ပေမဲ့ Jisung ကို ပန်းတစ်ပွင့်ပေးလိုက်ပြီးသားပင်။

" တစ်စုံတစ်ယောက်ရဲ့အုတ်ဂူကိုလည်း သွားတွေ့ချင်လို့ "

Jisung ဘယ်သူ့အုတ်ဂူဆီသို့ သွားမလဲဆိုတာကို Minho မစဉ်းစားတတ်တော့ချေ။
နှစ်ယောက်လုံး အထဲသို့ဝင်လာလိုက်ကြသည်။








Minho နှင့် Jisung ဦးတည်ရာတစ်ခုတည်းသို့ လျှောက်လာကြပြီးနောက် တူညီသည့်အုတ်ဂူရှေ့၌ရပ်တန့်ခဲ့ကြသည်။

'ငါ့အဖေရဲ့အုတ်ဂူဆီ သူသွားချင်တာလား'
Minho တွေးခဲ့သည်။

" မစ္စတာ Lee  အကြာကြီးနေမှ လာတွေ့ခဲ့မိလို့တောင်းပန်ပါတယ် ၊ ပြီးတော့ ကျွန်တော့်ကြောင့်မလို့တောင်းပန်ပါတယ် ၊ အဲ့ဒီညက ကျွန်တော့်ကိုမကယ်ခဲ့သင့်ဘူး "

အုတ်ဂူရှေ့၌ Jisung ဒူးထောက်လိုက်ရင်း

" ကျေးဇူးအများကြီးတင်ပါတယ် မစ္စတာ Lee "

Jisung အနောက်တွင်ရပ်နေသည့် Minho ကတော့ ဘာမှမပြောသေးဘဲ အုတ်ဂူပေါ်သို့ပန်းကို တင်နေသည့် Jisung ကို ဒီတိုင်းကြည့်နေမိသည်။

" MinMin  သိချင်တယ်ဆိုရင် ဒီပုဂ္ဂိုလ်ကြောင့် ကျွန်တော် ဒီနေ့အထိအသက်ရှင်နေသေးတာပဲ "

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now