Part 36

388 38 6
                                    

Jisung ကိုရှာဖွေရန် အပေါ်ထပ်ရှိအခန်းများအားလုံးကို Felix နှင့် Changbin  တစ်ခန်းချင်းစီ လိုက်လံရှာဖွေနေသည်။

" Hyungie အဲ့မိန်းမ လိမ်နေတာမဟုတ်ဘူးဆိုတာ သေချာရဲ့လား "

Felix ကို Changbin ကြည့်လာပြီး နှစ်ယောက်သား အကြည့်ချင်းဆုံနေမိသည်။

" Hyungie ~~~ တစ်ခုခုမှားနေတယ်လို့ထင်တယ် ၊ အောက်ထပ်ကိုပြန်ဆင်းကြရအောင် "

" အိုကေ Chan နဲ့ နောက်တစ်ယောက်ကို ‌သွားတွေ့ကြတာပေါ့ "

Felix နှင့် Changbin အောက်ထပ်သို့ လျှောက်လာနေသည့်အချိန်၌ ကျယ်လောင်သည့်အသံတစ်ခုကို ကြားလိုက်ရသည်။

Changbin ဘက်သို့ Felix လှည့်လိုက်ရင်း

" ကြားလိုက်တယ်မလား "

" ကြည့်ရတာ ငါတို့ရှာဖို့ကျ‌န်နေသေးတဲ့ အခန်းရှိသေးတယ်ထင်တယ် "

Felix ကို ကိုင်ထားရာမှ Changbin လွှတ်လိုက်ပြီး Jisung ကို ရှာဖွေရန်သွားကြပြန်သည်။

Felix ပြတင်းပေါက်နေရာဆီသို့ သွားပြီး အပြင်ကိုကြည့်ရန်ပြင်လိုက်သည်။ လိုက်ကာကို ဆွဲလိုက်သည်နှင့် တံခါးတစ်ခုပေါ်လာလေသည်။

" h..hyung ... ဒီမှာ လာကြည့်! "

လိုက်ကာဖြင့်ဖုံးကွယ်နေသည့် တံခါးအသေးလေးကို Felix ညွှန်ပြလိုက်သည်။

Felix ဆီသို့ Changbin ချက်ချင်းရောက်လာသည်။

" သေစမ်း အဲ့ဒီမှာတံခါးတစ်ခုရှိနေဖို့ မျှော်လင့်ခဲ့တာကို ၊ ဒါပေမဲ့ အဲ့ဒီတံခါးက ဝရန်တာဆီကို ရောက်တယ်လို့ထင်ခဲ့တာ "

Felix တံခါးလက်ကိုင်ကိုဆွဲလှည့်လိုက်သည်။

" သော့မခတ်ထားဘူး "

Changbin သေနတ်ကိုမြဲမြဲကိုင်လိုက်ပြီး အစောင့်တွေ့လျှင် ပစ်ရန် အသင့်ပြင်ထားလိုက်သည်။

နှစ်ယောက်လုံး အသက်ကိုပြင်းပြင်းရှူလိုက်ကြပြီး တံခါးကို အတူတူတွန်းဖွင့်လိုက်ကြသည်။

အမှောင်အတိဖြစ်နေသည်။

Felix ဖုန်းကိုဖွင့်လိုက်ပြီး အခန်းပတ်ပတ်လည်ကို ကြည့်ရန်ပြင်လိုက်သည်။
ထို့နောက် မီးခလုတ်တစ်ခုကိုတွေ့သွားပြီး ချက်ချင်း မီးဖွင့်လိုက်သည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now