Part 7

590 57 13
                                    

"မင်းမနာလိုနေတာလား"

" ဟုတ်တယ် မနာလိုတယ်! "

ခွက်ထဲကိုရေနွေးလောင်းထည့်ရင်း Jisung နှုတ်ခမ်းဆူကာပြောလိုက်သည်။

" ပုံမှန်ဆိုရင် ကျွန်တော်ဖျော်ပေးတဲ့ကော်ဖီကိုသောက်တဲ့လူတွေက 'ဝါးး ကော်ဖီကသောက်လို့ကောင်းလိုက်တာ'
'ငါသောက်ဖူးသမျှထဲမှာအကောင်းဆုံးကော်ဖီပဲ'
'မင်းကကော်ဖီ‌ဖျော်တဲ့နေရာမှာ တကယ်တော်တာပဲ Ji' ဆိုပြီးပြောကြတယ်လေ "

Jisung ကော်ဖီကိုအကြမ်းပတမ်းမွှေလိုက်ပြီး Minho ရဲ့ရှေ့သို့ချလိုက်သည်။

Jisung ကိုကြည့်လိုက်ပြီး အရှေ့မှကော်ဖီကိုခွက်ကိုကြည့်လိုက်သည်။

" ကော်ဖီဖျော်ကောင်းတာ မင်းတစ်ယောက်တည်းမှမဟုတ်တာ "

Minho ပြောပြီး ကော်ဖီတစ်ငုံသောက်လိုက်သည်။

Jisung မျက်မှောင်ကြုတ်ပြီး မတ်တပ်ထရပ်ကာ အစောတုန်းကစားထားသည့်ပီဇာဘူးခွံကို လွှင့်ပစ်ရန်သွားလိုက်သည်။

'ချီးကျူးစကားလေးဘာလေးကြားချင်တာပေါ့
ဒီအဖိုးကြီးရဲ့ တကယ်ပါပဲ'

Minho ကိုကျော်သွားပြီးနောက် Jisung သူ့ရဲ့နောက်ဆုံးချိ့စ်ကိတ်လေးကိုစားလိုက်တော့သည်။

" မနက်ဖြန်! ချိ့စ်ကိတ်နှစ်ခု! "

" အေးပါ ငါကတိပေးတယ် "

" အော် ပြီးတော့ အရသာရှိတဲ့ကော်ဖီအတွက်လည်းကျေးဇူးပဲ "

Minho ပြောပြီး Jisung ကိုမကြည့်ဘဲ ကော်ဖီကိုဆက်သောက်လိုက်သည်။

ထိုစကားကိုကြားတဲ့အချိန် Jisung သွားများပေါ်အောင်ရယ်ပြလိုက်ရင်း

" ရပါတယ် "

Jisung အောက်နှုတ်ခမ်းကိုကိုက်ရင်းပြောလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကိုဘယ်ညာခါယမ်းရင်း အပေါ်ထပ်သို့ပြေးတက်သွားလေသည်။

Jisung ရဲ့အရိပ်အယောင်မရှိတော့တာ သေချာမှ Minho အသံထွက်ကာ သဘောတကျရယ်လိုက်မိသည်။ ထို့နောက်လက်ထဲမှ ကော်ဖီခွက်ကိုကြည့်လိုက်ရင်း

" မင်းကတော့တစ်ခုခုပဲ Jisung "



























𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now