Part 41

415 37 4
                                    

အိမ်ပြန်ဖို့ရန် ညဉ့်နက်နေပြီဖြစ်တာကြောင့် Minho နှင့် Jisung အား Jisung တို့အိမ်၌သာ ညအိပ်သွားရန် မစ္စတာ Han ပြောလာသည်။ မစ္စ Lee ကိုလည်း ညအိပ်ဖို့ရန်မေးခဲ့သော်ငြား သူမ ယဉ်ကျေးစွာငြင်းပယ်ခဲ့ပြီး ဒရိုင်ဘာဖြင့်အိမ်သို့ပြန်သွားခဲ့လေသည်။

Minho ဘေးနား၌ Jisung တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော်ငြား Minho ကတော့ အိပ်မရနိုင်သေးဘဲ အစ်ကိုဝမ်းကွဲဖြစ်သူနဲ့ ညဉ့်နက်သည်အထိစကားပြောရင်း Minho ကို။လျစ်လျူရှူထားခဲ့သည့် Jisung အကြောင်းကို ပြန်တွေးနေမိသည်။ Jisung ရဲ့မျက်နှာကိုစိုက်ကြည့်ရင်းမှ သက်ပြင်းချလိုက်သည်။

Jisung ကိုစိုက်ကြည့်နေရင်းမှ လည်ချောင်းခြောက်လာသည်ကို ခံစားမိတာကြောင့် ထကာ မီးဖိုချောင်သို့ ရေသောက်ရန်ဆင်းလာလိုက်သည်။

Minho ရေသောက်နေရင်း ရုတ်တရက် အနောက်မှ ပုခုံးကိုလာပုတ်သည့်အသိကြောင့် ရေသီးသွားရသည်။

" ရား .."

ချောင်းတဟွတ်ဟွတ်ဆိုးရင်း အနောက်သို့လှည့်ကာ ကြည့်လိုက်သည်။

" ဆောရီးပါ သား "

မစ္စတာ Han အပြုံးနုနုဖြင့် တောင်းပန်စကားဆိုလာသည်။

" မဟုတ်တာ မဟုတ်တာ
ရပါတယ် မစ္စတာ Han "

Minho ပြောရင်း ဖန်ခွက်ကို စားပွဲပေါ်၌ နေရာပြန်ချလိုက်သည်။

" အဖေလို့ပဲခေါ်လေ Minho
အခု မင်းရဲ့ယောက္ခထီးဖြစ်နေပြီပဲ "

" ဟုတ်ကဲ့.... အဖေ
ဒီမှာဘာကိစ္စရှိလို့ပါလဲ ၊ ရေသောက်ချင်လို့လား "

မစ္စတာ Han ခေါင်းအသာခါပြပြီး ထိုင်ခုံတစ်ခု၌ဝင်ထိုင်ကာ Minho ကို ထိုင်ရန် အမူအရာပြလိုက်သည်။

Minho ထိုင်ခုံကိုဆွဲထုတ်လိုက်ပြီး မစ္စတာ Han ရဲ့အရှေ့၌ ဝင်ထိုင်လိုက်သည်။

" ဘာဖြစ်လို့လဲ  အဖေ "

" အိပ်မပျော်ဘူးဖြစ်နေတာ ပြီးတော့
မင်းကိုဒီမှာတွေ့လိုက်ရလို့ "
" Minho သားကိုမေးချင်တာ တစ်ခုရှိတယ် "

" ဘာများလဲ အဖေ "

မစ္စတာ Han  သက်ပြင်းချလိုက်ပြီး Minho နှင့် အကြည့်ချင်းဆုံလိုက်သည်။

𝐌𝐀𝐑𝐑𝐘 𝐇𝐈𝐌? // Minsung Myanmar Trans  Where stories live. Discover now