မှတ်ဉာဏ်အပိုင်းအစများတဖြူးဖြူးတိုက်ခတ်နေသောလေအေးများကြောင့်ဆိုင်ကယ်စီးနေသည့်သော်တစ်ယောက်ဖွင့်ထားသောဆိုင်ကယ်ဦးထုပ်အဖုံးကိုပြန်ချလိုက်သလိုလက်ကလည်းဆိုင်ကယ်အရှိန်မြှင့်တင်လိုက်သည်။ဦးလေးမိုးလနဲ့အစ်မသူဇာတို့၏အချိန်ပြည့်ဂရုစိုက်ပြုစုများကြောင့်သော်ရက်ပိုင်းအတွင်းသက်သာလာရသည်မှာအဖြစ်အပျက်များမဖြစ်ခင်ကလူကဲ့သို့ပင်။ သော်အမြန်သက်သာလာရသည့်အခြားအကြောင်းအရင်းတစ်ခုလည်းရှိသေးသည်။အဲဒါကတော့သော်ရှာဖွေမိသည့်စိုးမိုးစံအိမ်တော်သို့စူးစမ်းလိုခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့်လည်းသော်အခုဦးလေးနဲ့အစ်မတို့အလစ်ကိုချောင်းပြီးယခုကဲ့သို့ရှာဖွေထားသည့်လိပ်စာသို့ဆိုင်ကယ်ဖြင့်လာခဲ့ခြင်းဖြစ်သည်။
"စိုးမိုးစံအိမ်တော်သို့ရောက်ရန်(၂)မိုင်အလို။"
ဆိုသည့်လမ်းဆုံ၏လမ်းဆိုင်းဘုတ်များကြားတွင်ဖြတ်ခနဲတွေ့လိုက်ရသည့်ဆိုင်းဘုတ်ကြောင့်သော်,စီးလာသောဆိုင်ကယ်ကိုရပ်လိုက်ပြီးနောက်သို့ပြန်မောင်းကာထိုဆိုင်းဘုတ်ကိုသေချာသွားပြန်ကြည့်လိုက်သည်။ ဟောင်းနွမ်းနေသည့်တိုင်သေချာစွာရှိနေသေးသောထိုလမ်းဆိုင်းဘုတ်ညွှန်ထားသည့်ဘက်သို့၊သော်ဆိုင်ကယ်ကိုဦးတည်မောင်းနှင်းလိုက်သည်။သော်,ဆိုင်ကယ်ကိုဆိုင်းဘုတ်ညွှန်သည့်ဘက်သို့ဆိုင်ကယ်ကိုမောင်းလာရင်းလမ်းမကြီးဘေးတွင်ရှိနေသောလမ်းချိုးတစ်ခုကြောင့်သော်,ဆိုင်ကယ်ကိုအလိုလိုအရှိန်လျော့ကာထိုလမ်းချိုးကိုသော်သေချာကြည့်မိသွားသည်။ အချိန်ကြာမြှင့်၍ဖုန်မှုန့်နဲ့သဲများဖုံးအုပ်ကာလမ်းဟုပြောလို့မရနိုင်တော့သောထိုလမ်းချိုးလေးတွင်ရှိနေသည့်ဘီးလိမ့်ရာများကိုသော်,လရောင်အကူအညီဖြင့်မြင်လိုက်ရသည်။သော်,သင်္ကာမကင်းဖြစ်စိတ်နဲ့အတူလမ်းဆုံးထိသွားကြည့်လိုစိတ်တွေကြောင့်သော်,ဆိုင်ကယ်ကိုထိုလမ်းချိုးလေးထဲသို့လှည့်ကာမောင်းနှင်လာသည်။ သိပ်မကြာတကြာအချိန်အတွင်းမှာပင်ထိုလမ်းချိုးလေး၏အဆုံးသို့၊သော်၏ဆိုက်ကယ်လေးရောက်သွားသည်။လမ်းချိုးအဆုံးတွင်သော်,ထင်ထားသလိုစီတန်းနေမည့်သစ်ပင်များကိုမတွေ့ရပဲမထင်မှတ်ထားသည့်အရာကိုတွေ့လိုက်ရသည်။အိမ်....လူသူအရောက်အပေါက်နည်းပုံရမည့်ဤတောအုပ်လိုနေရာတွင်အိမ်ဆိုသည့်အရာကိုသော်တွေ့လိုက်ရ၍သော်အံ့သြသွားသလိုမိမိကိုယ်ကိုချီးကျူးမိသွားစဥ်ထပ်၍မသင်္ကာစရာကောင်းသည့်အချက်များကိုသတိထားမိသွားသည်။ အိမ်အိုအိမ်ဟောင်းတစ်လုံးသာဖြစ်သည့်တိုင်အိမ်ဝန်းကျင်တွင်တွေ့နေရသေးသည့်ကားဘီးခြေရာတွေကြောင့်သော်,အိမ်အတွင်းသို့ဝင်ကြည့်ရန်ဆုံးဖြတ်ပြီးသော်,ထိုအိမ်အိုအိမ်ဟောင်းကြီးထဲသို့ဝင်လာခဲ့သည်။ တံခါးကိုဖွင့်လိုက်ပြီးအိမ်အတွင်းသို့ဝင်လိုက်သည်နှင့်ဖုန်တလူးလူးဖြစ်နေသည့်အိမ်အတွင်းပိုင်းကသော်ကိုကြိုဆိုနေသည်။ကြက်ခိုးများအပြည့်နဲ့အိမ်အတွင်းပိုင်းကအိမ်ကိုလာသည့်လူတစ်ယောက်မှမရှိဟုပြောနေပုံ။သော်,မကျေနပ်သေးပဲအိမ်အတွင်းကိုလိုက်ကြည့်ရင်းအိမ်တံခါးပေါက်၏မျက်နှာချင်းဆိုင်တည့်တည့်တွင်ရှိနေသည့်ဗီရိုကိုသော်သတိပြုသွားသည်။ ခပ်နွမ်းနွမ်းထိုဗီရိုကလူ့တစ်ရပ်မျှရှိပြီးတစ်ခုလုံးကလည်းကြက်ခိုးနဲ့ဖုန်များဖြင့်ပြည့်နှက်နေသည်။သော်,ညစ်ပတ်နေသည့်ထိုဗီရိုကိုသေချာကြည့်ရင်းဗီရိုတံခါးလက်ကိုင်ကိုသတိပြုမိသွားသည်။ဗီရိုတစ်ခုလုံးကြက်ခိုးနဲ့ဖုန်များတလူးလူးဖြစ်နေသည့်တိုင်ဖုန်တစ်စက်မရှိသောထိုဗီရိုလက်ကိုင်ကြောင့်သော်,ထိုဗီရိုတံခါးကိုဆွဲဖွင့်လိုက်သော်လည်းထိုဗီရိုထဲတွင်မီးလုံးတစ်လုံးကလွဲပြီးဘာတစ်ခုမှရှိမနေခဲ့။ ထိုကြောင့်သော်၏သံသဃဝင်စိတ်ကပိုကြီးလာကာထိုမီးလုံး၏ခလုပ်ရှိမည့်နေရာကိုသော်,ဖုန်းမီးဖြင့်လိုက်ရှာကြည့်မိသည်။အတော်ကြာလိုက်ရှာပြီးမှမီးလုံး၏ခလုပ်ဖြစ်ပုံရမည့်ခလုပ်တစ်ခုကိုသော်တွေ့လိုက်ရ၍ချက်ချင်းပင်ခလုပ်ကိုနှိပ်လိုက်သည်နှင့်မီးလုံးကမီးလင်းလာသည်နှင့်အတူဗီရိုနံရံကသူ့အလိုလိုအပေါက်ဖြစ်သွားသည်။ သော်တစ်ယောက်လည်းမဆိုင်းမတွပဲဗီရိုနံရံကအပေါက်ထဲသို့ဝင်လာခဲ့သည်။ အပေါက်ကိုဖြတ်ကာဝင်လိုက်သည်နှင့်လှိုဏ်ဂူတစ်ခုအတွင်းသို့ရောက်သွားသလိုပင်။သော်,ဖုန်းမီးကိုအားပြုရင်းအထဲသို့တရွေ့ရွေ့ဝင်လာခဲ့ရင်းရုတ်တရက်
"မင်းကဘယ်သူလဲ။"
ပခုံးကိုလာပုတ်သည့်လက်နဲ့အတူမေးလာသည့်လူတစ်ယောက်ကြောင့်သော်,လက်ထဲကဖုန်းကိုဂျက်ကတ်ကအိတ်ကပ်ထဲအသာထည့်ပြီးမေးလာသည့်လူ့လက်ကိုသော်,လိမ်ပေးလိုက်သည်။
"အား လူစိမ်းရောက်နေတယ်။"
ထိုလူကနာကျင်မှုကြောင့်အော်ရင်းဆက်ပြောလာသည့်စကားကြောင့်သော်,ထိုလူကိုမှောက်သွားအောင်သုံးချက်လောက်လက်သီးစာကျွေးလိုက်ပြီးထိုနေရာမှပြေးထွက်လာခဲ့သည်။
"ဟေ့ကောင် လူစိမ်းကဘယ်မှာလဲ။"
"ဟိုဘက်ကိုပြေးသွားတဲ့လူရိပ်တစ်ခုကိုတွေ့တယ်။"
ဆက်တိုက်ပဲ့တင်ထွက်လာသည့်စကားကြောင့်သော်,မရပ်ပဲဆက်ပြေးလာရင်းလမ်းသုံးခွဆုံသို့ရောက်လာသည်။
"အဲဒီမှာရပ်နေစမ်း"
သော်ကိုမှီလာပုံရသည့်လူတစ်ယောက်အသံကြောင့်သော်မျက်စိရှေ့ကလမ်းထဲသို့ဝင်သွားဟန်ပြပြီးဘေးကလမ်းထဲသို့သာ,သော်ဝင်လာခဲ့သည်။ ဝင်လာမိသည့်လမ်းထဲသို့၊သော်ဆက်တိုက်သွက်သွက်လျှောက်ကာဝင်လာရင်းလမ်းအဆုံးသို့ရောက်လာခဲ့သည်။ဆက်သွား၍မရနိုင်တော့သော်,ကြံရာမရဖြစ်နေစဥ်သော်မျက်စိထဲဝင်လာသည့်အပြင်သို့ထွက်နေသောနံရံကကျောက်တုံးတစ်တုံး။ သော်,ဘာမှမစဥ်းစားပဲထိုကျောက်တုံးကိုဖိလိုက်တော့ရှေ့ဆက်သွားလို့မရအောင်ပိတ်ထားသည့်ကျောက်နံရံကြီးကဘေးသို့ရွေ့သွားပြီးတံခါးပေါက်ကဲ့သို့အပေါက်တစ်ခုပေါ်လာပြန်သည်။သော်လည်းနောက်ဆုတ်ချင်စိတ်မရှိ၍ထိုထဲသို့တိုးဝင်လိုက်မိသည်။ သော်,ဝင်သွားသည့်နေရာကိုသော်မခန့်မှန်းနိုင်ခင်မှာသော်,လိုက်ကာကဲ့သို့တစ်ခုခုနောက်ရောက်နေမှန်းရိပ်စားမိလိုက်သည်။လိုက်ကာစကိုသော်ဖွင့်ရန်လက်လှမ်းနေစဥ်မှာလိုက်ကာစထဲဝင်လာသည့်တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုတစ်စုံတစ်ယောက်ကိုသော်အကဲမခတ်နိုင်အားပဲအရင်ထိုသူ၏ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်မိပြီးမှထိုတစ်စုံတစ်ယောက်ကမိန်းကလေးဖြစ်နေမှန်းသိလိုက်ရသည်။
"အကြောင်းထူးရှိရင်ချက်ချင်းငါ့ကိုဖုန်းဆက်။"
ထွက်လာသည့်အသံနဲ့အတူသော်တို့နှစ်ယောကိသားဆီရှိနေရာသို့ဦးတည်နေသောခြေလှမ်းသံကတိတ်ဆိတ်သွားသည့်အခန်းတွင်းကျယ်လောင်စွာထွက်နေပုံကခြောက်ခြားချင်စရာ။သော်,ခြေလှမ်းသံကိုနားစွင့်ရင်းမထင်မှတ်ပါပဲသော်,ပါးစပ်ပိတ်ထားသည့်ရှေ့ကမိန်းကလေး၏မျက်လုံးများသို့ကြည့်မိသွားသည်။ ရင်းရင်းနှီးနှီးရှိနေသောထိုမျက်လုံးများကိုသော်ကြည့်ကာထိုမိန်းကလေးမည်သူဖြစ်ကြောင်းစဥ်းစားနေမိစဥ်ရုတ်တရက်ရပ်တန့်သွားသောခြေလှမ်းသံနဲ့အတူထပ်မံကြားရသည့်စကားသံတွေကြောင့်သော်,စိတ်နည်းနည်းပူသလိုဖြစ်သွားစဥ်ထိုမိန်းကလေးကသော့်လက်ကိုဆွဲကာသော်,ဝင်လာခဲ့သည့်နံရံကအပေါက်ထဲသို့ဖြတ်သွားခဲ့လေသည်။ ဟိုဘက်သို့ပြန်ရောက်သည်နှင့်အပေါက်ကပြန်ပိတ်သွား၍သော်,ထိုမိန်းကလေးကိုမေးနေစဥ်သော်တို့ကိုရှာတွေ့သွားသောအစောပိုင်းကလူများကြောင့်မဆိုင်းမတွပင်သော်,လည်းထိုမိန်းကလေးကိုဆွဲခေါ်ကာတိုက်ခိုက်ပြေးလွှားရင်းလာရာလမ်းအတိုင်းပြန်ထွက်လာခဲ့သည်။ကျည်အစစ်ဟုတ်မဟုတ်မသိသော်လည်းထွက်လာသည့်သေနတ်သံများကြောင့်သော်နဲ့အတူထိုမိန်းကလေးလည်းရှောင်ရှားပြေးလွှားရင်းစဝင်လာခဲ့သည့်ဗီရိုနံရံအပေါက်ကိုဖြတ်ကာနောက်ဆုံးအိမ်တံခါးမှအဖြတ်တွင်သော်တို့နောက်ထပ်ကြပ်မကွာလိုက်လာကာသေနတ်နဲ့ချိန်လာသည့်လူတစ်ယောက်ကြောင့်သော်,ထိုလူကိုသေချာစောင့်ကြည့်ရင်းအလစ်ဝင်တိုက်လိုက်မှထိုလူမှောက်သွားတော့သည်။ ထိုလူမှောက်သွားသည်နှင့်သော်,ဆိုင်ကယ်ပေါ်တက်ကာဆိုင်ကယ်စက်နှိုးနေစဥ်သော့်ဆိုင်ကယ်ပေါ်ရောက်လာသည့်မိန်းကလေးကြောင့်သော်,မေးရန်ပြင်လိုက်သော်လည်းနောက်ကလိုက်လာမည့်လူများရှိနေသဖြင့်သော်မမေးမိပဲစက်နိုးနေပြီဖြစ်သောဆိုင်ကယ်ကိုသာအရင်မောင်းနှင်လိုက်ခဲ့လေသည်။
"ဒုတ်"
ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားသည့်တိုင်ခေါင်းကိုလာဝင်တိုက်လာသည့်နောက်တွင်ပါလာသောမိန်းကလေး၏ခေါင်းကြောင့်သော်နာကျင်မှုကိုခံစားလိုက်ရသဖြင့်နောက်ကိုလှည့်ကြည့်လိုက်တော့မိန်းကလေး၏ဦးခေါင်းကသော့်ပုခုံးပေါ်ငိုက်စိုက်ကျနေသဖြင့်
"ဟိတ် ဟိတ်"
သော်ခေါ်နေသည့်တိုင်တစ်ချက်မျှမလှုပ်လာသောထိုမိန်းကလေးကြောင့်သော်ဝန်းကျင်ကိုကြည့်တော့တစ်စီးပြီးတစ်စီးသွားနေသည့်လမ်းမကြီးဘက်သို့ရောက်လာပြီဖြစ်၍သော်,လည်းကားမရှင်းတရှင်းလမ်းဘေးတွင်ဆိုင်ကယ်ကိုခဏရပ်လိုက်ပြီးဆိုင်ကယ်ပေါ်ကဆင်းလိုက်တော့ထိုမိန်းကလေးကဆိုင်ကယ်ပေါ်သို့သာအရုပ်ကြိုးပျက်လဲကျသွားဟန်ဖြစ်နေသဖြင့်သော်,ထိုမိန်းကလေးကိုလက်တစ်ဖက်ဖြင့်ထိန်းရင်းကျန်လက်တစ်ဖက်ကလည်းမိန်းကလေး၏ပုခုံးကိုပုတ်လိုက်သည်။ ထိုမိန်းကလေး၏ပုခုံးကိုပုတ်လိုက်ပြီးမှသော်,လက်တွင်ခံစားလာရသည့်စိုစိစိအထိအတွေ့ကြောင့်သော်,လက်ကိုလမ်းမီးရောင်အောက်တွင်ကြည့်လိုက်တော့သွေးများဖြစ်နေသဖြင့်သော်,ထိုမိန်းကလေး၏ပုခုံးကိုကြည့်လိုက်တော့ကျည်ပေါက်ရာတစ်ခုကိုတွေ့လိုက်ရသည်။
"ဟာ ဘယ်တုန်းကထိသွားတာလဲဟ။"
သော်ရေရွတ်ရင်းထိုမိန်းကလေး၏လည်ပင်းကိုအသက်ရှုမရှုစမ်းသပ်ကြည့်လိုက်တော့အသက်ရှုနေသေးသည့်ထိုမိန်းကလေးကြောင့်သော်,ဆိုင်ကယ်ပေါ်ပြန်တက်ကာထိုမိန်းကလေးပြုတ်မကျအောင်ပြင်ဆင်ပြီး၊သော်,ရပ်ထားသည့်ဆိုင်ကယ်ကိုပြန်မောင်းထွက်လာခဲ့သည်။