Chapter - 26 [ Me,You The Ghost And Her ]

13 0 0
                                    



ကျွန်ုပ်၊သင်၊ဝိဉာဥ်ကောင်နှင့်သူ(မ)



"မင်းဝိဉာဥ်ကဖျော့တော့နေတာကိုမင်းသတိထားမိသေးလား။"

"ဘယ်လို ကျွန်တော့်ဝိဉာဥ်ကဖျော့တော့နေတယ်ဆိုတော့ကျွန်တော်,ကျွန်တော်ခန္ဓာထဲပြန်ဝင်ခွင့်ရတော့မှာလား။"

သူ့စကားကြောင့်ကျွန်တော်ခပ်မြန်မြန်ပင်မေးလိုက်မိတော့

"အဲလိုမဟုတ်ဘူး။ မင်းခန္ဓာမပါပဲမင်းဝိဉာဥ်ချည်းပဲအပြင်ရောက်နေတာကြာလို့အားနည်းလာတာ။ဝိဉာဥ်တွေအားနည်းချိန်တိုက်ခိုက်ခံရရင်ခန္ဓာကအသက်ရှင်ဖို့ရာခိုင်နှုန်းနည်းသွားတယ်လို့ငါ့အဘိုးပြောဖူးတယ်။"

ကိုနေ့တေးဆိုစကားကြောင့်ကျွန်တော်ဘာမှပင်ပြန်မပြောနိုင်လောက်အောင်စွန့်အနေမိစဥ်ထွက်လာသည့်စကားသံကြောင့်ကိုနေ့တေးဆိုရော၊ကျွန်တော်ရောအသံလာရာကိုကြည့်လိုက်ကြသည်။
"အဲဒါဆိုစက်ကွင်းကသေတော့မှာလား။"

.
.
.

"အအေးကိုသူ့ဘာသာသူဝယ်မလာဘူး။ သူပဲမောတတ်တယ်လို့ထင်နေလားမသိဘူး။ ငါလည်းမောတတ်တာပဲကို။"

ရွက်ကြွေအအေးဝယ်ခိုင်းသည့်နေ့တေးဆိုအတွက်အအေးဆုံးအအေးကိုသွားဝယ်ကာနေ့တေးဆိုရှိရာပြန်လျှောက်လာသည့်တစ်လမ်းလုံးဒေါသပေါက်ပေါက်များကိုခပ်တိုးတိုးရေရွတ်လာမိသည်။

အစောပိုင်းကနေ့တေးဆိုရပ်နေသည့်​နေရာသို့ရောက်တော့မလှမ်းမကမ်းကနားနေဆောင်ကခုံတွင်ဝင်ထိုင်နေသောနေ့တေးဆိုကိုတွေ့ရသဖြင့်ရွက်ကြွေစိတ်တိုတိုဖြင့်လျှောက်လာစဥ်ကြားလိုက်ရသည့်နေ့တေးဆိုစကားကြောင့်ရွက်ကြွေ​မေးလိုက်ခြင်းဖြစ်သည်။

"အဲဒါဆိုစက်ကွင်းကသေတော့မှာလား။"

"အဲလောက်ထိမဟုတ်ပါဘူး။ ဒါကဖြစ်တတ်တယ်လို့ကြားဖူးတာကိုပြန်ပြောပြတာပါ။ အကယ်၍မင်းသာမင်းသူငယ်ချင်းကိုကူညီဖို့နည်းလမ်းအမြန်ရှာတွေ့ရင်တော့မင်းသူငယ်ချင်းကအဲလိုမဖြစ်ပါဘူး။"

"ဘယ်လို အမိကကျွန်တော့်ကိုကူညီဖို့နည်းလမ်းရှာရမယ့်လူလား။ မဖြစ်နိုင်တာ အမိကမှကျွန်တော်ကိုမမြင်နိုင်တာကို။"

Me, You, The Ghost & HerWhere stories live. Discover now