အခန်း၂၇
ပြီးနောက်အခြေအနေ
အခန်းတံခါးရှေ့တွင်ရွက်ကြွေထိုင်ချလိုက်မိသော်လည်းအခန်းတံခါးနားရောက်လာသည့်ခြေလှမ်းသံကြောင့်ရွက်ကြွေယိုင်နဲနဲဖြစ်ချင်သောခန္ဓာကိုယ်ကိုထိန်းကာမတ်တပ်ကာထိုအခန်းတံခါးရှေ့မှထွက်လာခဲ့သည်။
'ဘာလို့ရောက်နေတာလဲ။ ငါရှေ့ပေါ်လာခွင့်ပြုတယ်လို့ငါပြောမိလို့လား။'
လူကသာလမ်းလျှောက်နေသော်လည်းနားထဲကတော့အစောပိုင်းကစက်ကွင်းပြောသည့်စကားကိုကြားယောင်နေမိသည်။စက်ကွင်းတစ်ခါပဲပြောသည့်တိုင်ထပ်ခါထပ်ခါပြောသလိုကြားယောင်နေမိသည့်အတွက်အခါခါရွက်ကြွေနာကျင်ရသည်။အကောင်အထည်မရှိသည့်စိတ်နာကျင်သောအခါယိုင်နဲနဲခန္ဓာကိုယ်ကပိုယိုင်နဲလာသလို။ယိုင်နဲခြင်းတို့များသွား၍ရွက်ကြွေခန္ဓာကိုယ်ကလဲပြိုလာသည်။ရွက်ကြွေအသိနဲ့အမြန်ထိန်းချုပ်လိုက်သော်လည်းမမှီကာရွက်ကြွေခန္ဓာကိုယ်လဲပြိုမိသွားသည်။ သို့သော်လည်းရွက်ကြွေခန္ဓာကိုယ်ကလျှောက်လှမ်းနေသည့်လမ်းနဲ့မမိတ်ဆက်ပဲသက်တောင့်သက်သာဖြစ်သည့်တစ်စုံတစ်ခုနဲ့ထိတွေ့လိုက်ရသဖြင့်ရွက်ကြွေစိတ်တို့ကိုစုစည်းကာကြည့်လိုက်တော့
"ကိုနေ့တေးဆို"
"နေမကောင်းတာလား။ နေလို့မကောင်းဖြစ်သွားတာလား။"
ရွက်ကြွေရေရွတ်သံအဆုံးတွင်ကိုနေ့တေးဆိုကရွက်ကြွေကိုမေးရင်းသူ့လက်မောင်းထဲအမှီသဟဲပြုနေသောရွက်ကြွေခန္ဓာကိုယ်ကိုပြန်ထောင်မတ်ပေးလာသည်။
"မေးလိုတာကတစ်ခုတည်းကိုဘာလို့မေးခွန်းနှစ်ခုခွဲမေးနေတာလဲ ကိုနေ့တေးဆို။"
"ဘာကိုဆိုလိုနေတာလဲဆိုတာသိရက်နဲ့မဖြေချင်ရင်လည်းမဖြေပါနဲ့။ အခုဘယ်ကိုပြန်မှာလဲ။"
"အိမ်ကိုပေါ့။ ဒီနေ့ခွင့်တစ်ရက်ယူရမယ်ထင်တယ်။"
"ရုံးကိုပဲပြန်မှာ။ နည်းနည်းနောက်ကျမယ်လို့ကြိုပြောထားတယ်။"
ကိုနေ့တေးဆိုစကားအဆုံးတွင်ရွက်ကြွေနှစ်ဦးကြားတွင်တိတ်ဆိတ်သွားသဖြင့်ရွက်ကြွေအိမ်ပြန်ရန်သာစဥ်းစားလိုက်ပြီးခြေလှမ်းလှမ်းလိုက်တော့