Chapter - 36 [ Our Past ]

3 0 0
                                    

Unicode Version







အခန်း - ၃၆

ငါတို့တွေရဲ့အတိတ်






"ဒီပုံလေးပေါ့ ငါနင့်ကိုစသတိထားမိတဲ့အချိန်က။"

စက်ကွင်း,ဖုန်းပြင်ဆိုင်မှပြန်ယူလာသောဖုန်းကိုဖွင့်ကာဖုန်းကိုပြန်စမ်းသပ်ကြည့်ရင်းတွေ့လိုက်သည့်ဓာတ်ပုံကိုကြည့်ရင်းရေရွတ်လိုက်မိသည်။ အားကစားဝတ်စုံဝတ်ထားသည့်အားကစားနည်းပြကိုအလယ်တွင်ထားကာဘေးကတူညီအားကစားဝတ်စုံများဖြင့်ဝိုင်းရပ်နေကြသည့်ပြုံးရယ်နေကြသောကစားသမား၏နောက်ကပွဲကြည့်စင်တစ်နေရာတွင်မပြုံးမရယ်၊တည်တံ့သောမျက်နှာထားဖြင့်ပါလာသောကျောင်းသူတစ်ဦးလည်းရှိနေသောထိုဓာတ်ပုံကစက်ကွင်း,သူ(မ)ကိုစတင်သတိထားမိအောင်အစပျိုးလိုက်သလို။

"စာအုပ်ကိုငါငှားပေးရမလား။"

ဆယ့်နှစ်နှစ်ကျောင်းသားအရွယ်စက်ကွင်းကအခန်းတူသည့်သူ(မ)ကိုပထမဆုံးစပြောခဲ့သည့်စကား။ စာမေးပွဲနီးလာ၍ပျက်ကွက်ခဲ့သည့်လွန်ခဲ့သည့်နှစ်ပတ်စာကစာများကူးရန်လိုအပ်သော်လည်းငှားပေးမည့်သူမရှိ၍ တစ်ယောက်တည်းကြောင်အအဖြစ်နေသောသူ(မ)ကစက်ကွင်းစကားကိုသူ့(မ)၏မျက်နှာတည်ကြီးဖြင့်ကြည့်လာပြီးမှစက်ကွင်းလက်ထဲကစာအုပ်ကိုလှမ်းယူလာသဖြင့်စက်ကွင်း,လက်ကိုနောက်သို့နည်းနည်းဆုတ်လိုက်ပြီး

"ငှားပေးရမလားလို့ပဲမေးတာ ငှားမယ်လို့မပြောဘူးလေ။ ငှားစေချင်ရင်ငါကိုသူငယ်ချင်းဖြစ်ပေးပါလို့ပြောကြည့်။"

စက်ကွင်းစကားအဆုံးတွင်စာအုပ်ကိုလှမ်းယူရန်ပြင်နေသောသူ(မ)လက်ကပြန်ဆုတ်သွားပြီးသူ(မ)၏ကျောပိုးအိတ်ထဲကစာအုပ်တစ်အုပ်ကိုထုတ်ကာစာမျက်နှာအချို့ကိုလှန်လိုက်ပြီးမှ

"အဲဒါကိုငါတွက်ပြမယ်။"

သူ(မ)ပြောရင်းလက်ညိုးထိုးပြသည့်စာမျက်နှာကိုစက်ကွင်းကြည့်လိုက်တော့စက်ကွင်းမတွက်တတ်သေးသည့်သင်္ချာပုစ္ဆာတစ်ပုဒ်ကိုအဖြေမှန်ရအောင်တွက်ထားသည်ကိုတွေ့ရသဖြင့်မာနကိုလျှော့လိုက်ပြီးသူမရှေ့ကထိုင်ခုံအလွတ်တွင်ဝင်ထိုင်လိုက်ရသူကစက်ကွင်းပင်။

Me, You, The Ghost & HerWhere stories live. Discover now