Unicode Version
တစ်ဖန်ပြန်လည် (၁)
လမ်းမကြီးထက်သွားလာနေသောအရောင်စုံကားများထဲတွင်ခဲပုပ်ရောင်ကားလေးတစ်စီးလည်းရှိနေပေသည်။ထိုကားလေး၏နောက်ခန်းတွင်အနောက်တိုင်းဝတ်စုံကိုနက်ကတိုင်မပါပဲဝတ်ထားသည့်လူတစ်ယောက်ရှိနေလေသည်။ထိုလူသည်အခြားလူတော့မဟုတ်ဦးမိုးလပင်။
"Leader ပြန်မစဥ်းစားတော့ဘူးလား။"
ကားမောင်းရင်း Team Leader Twoကမေးသည်။TLTစကားကြောင့်Leaderတဖြစ်လဲဦးမိုးလကကားနောက်ကြည့်မှန်မှတစ်ဆင့်ကားမောင်းသူကိုတစ်ချက်စိုက်ကြည့်ပြီးအဝေးကိုသာငေးနေသည်။ပြန်မဖြေသောLeaderကြောင့်TLTကားကိုသာဂရုတစိုက်မောင်းလိုက်သည်။အချိန်တစ်ခုကြာမောင်းပြီးနောက်ထိုကားလေးသည်မြို့ပြင်ခပ်ဝေးဝေးကကွင်းပြင်တစ်ခုသို့ရောက်လာသည်။ကွင်းပြင်အဆုံးတွင်ရှိနေသောစက်ရုံပျက်ကြီးရှေ့တွင်ထိုကားလေးရပ်တန့်သွားသည်။ထိုကားလေးရပ်တန့်သွားသည်နှင့်စက်ရုံပျက်ကြီးထဲမှလူတစ်ယောက်ထွက်လာကာကားနောက်ခန်းတံခါးကိုလာဖွင့်ပေးပြီးသည်နှင့်ကားနောက်ခန်းမှထွက်လာသူကိုဦးညွတ်အရိုအသေပြုသည်။ဦးမိုးလကားပေါ်ကဆင်းပြီးသည်နှင့်စက်ရုံပျက်ကြီးထဲတန်းတန်းမတ်မတ်ဝင်လာခဲ့သည်။အပြင်ကကြည့်လျှင်ခြောက်ခြားပြီးလူမရှိသလိုထင်ရသည့်စက်ရုံပျက်ကြီး၏သရုပ်မှန်မှာဦးမိုးလအဖွဲ့၏အဓိကတည်နေရာပင်ဖြစ်သည်။စက်ရုံအတွင်းနေရာသို့ဦးမိုးလဝင်သွားသည်နှင့်ထိုနေရာတွင်ရှိနေသည့်အဖွဲ့သားအားလုံးကဦးမိုးလကိုဦးညွတ်အရိုအသေပြုကြလေသည်။
"တီအယ်လ်ဝမ်း၊တီအယ်လ်တူး၊တီအယ်လ်သရီး၊တီအယ်လ်ဖိုး"
"ရှိပါတယ် Leader"
ဦးမိုးလစကားဆုံးသည်နှင့်ပြိုင်တူထွက်လာသောအသံနှင့်အတူဦးညွတ်အရိုအသေပြုသူများထဲမှလေးယောက်ထွက်လာသည်။
"ဝမ်း၊သရီး ငါခိုင်းတာအဆင်ပြေလား။"
"ပြေပါတယ် Leader"
ဦးမိုးလ၏အမေးကိုဝမ်းနဲ့သရီးကဖြေလာသည်။ဝမ်းနဲ့သရီးဆီကအဖြေကိုကြားပြီးသည်နှင့်ဦးမိုးလဆက်ကာပြောလာသည်။
"ဖိုး ငါပြောတဲ့အစီအစဥ်အဖွဲ့သားအားလုံးကိုပြောပြီးပြီလား။"
"ပြောပြီးပါပြီ Leader"
"ဒါဆိုအစီအစဥ်အတိုင်းစမယ်။ အခု။"
ဦးမိုးလစကားအဆုံးတွင်တော့တုန့်ပြန်သံတစ်သံမှမထွက်လာပဲတစ်ယောက်မျက်နှာကိုသာတစ်ယောက်မသိမသာကြည့်နေကြသောအဖွဲ့သားများကိုသာတွေ့ရသဖြင့်
"ကောင်းတာထက်မကောင်းတာကိုမလုပ်နဲ့။ တရားမျှတမှုကိုမပေးနိုင်ရင်တောင်မတရားမှုမှာမရပ်တည်နဲ့။ အခုအချိန်ထိငါရဲ့အဖိုးတန်အဖွဲ့သားအဖြစ်ရှိနေပေးတာကိုငါဂုဏ်ယူတယ်။ ဒါပေမယ့်ဒီအချိန်ကစပြီးမင်းတို့တွေကိုယ့်လမ်းကိုယ်လျှောက်ကြရမယ်။ ဝမ်း၊တူး၊သရီး၊ဖိုးကမင်းတို့ကိုတစ်နေရာအထိရောက်အောင်ကူညီပေးလိမ့်မယ်။ မင်းတို့သွားနိုင်ပြီ။"
လေးနက်ပြီးပြတ်သားလှသည့်ဦးမိုးလစကားအဆုံးမှာအဖွဲ့သားတိုင်းကနောက်ဆုံးအကြိမ်အဖြစ်ဦးမိုးလကိုအရိုအသေပြုပြီးစက်ရုံပျက်ကြီးထဲမှအလျှိုလျှိုထွက်သွားကြသည်။ထွက်သွားကြသောအဖွဲ့သားများကိုဦးမိုးလထိုင်ကြည့်နေမိသည်။မျက်မှန်မည်းတပ်ထားသောဦးမိုးလ၏မျက်ဝန်းတစ်စုံမှာတော့အရည်ကြည်များလဲ့နေခဲ့သည်။
.
.
.
အဖွဲ့သားအားလုံးထွက်သွားပြီးဤစက်ရုံပျက်ကြီးနဲ့ဝေးဝေးရောက်လောက်မှဦးမိုးလစက်ရုံပျက်ကြီးထဲမှထွက်လာကာစက်ရုံပျက်ကြီး၏တံခါးကိုဆွဲပိတ်လိုက်လေသည်။
"ဒုန်း"
"ပါတီပွဲတောင်မစရသေးပဲတံခါးပိတ်လိုက်ပြီလား။"
စကားသံကြောင့်ဦးမိုးလနောက်လှည့်ကာကြည့်ကြည့်တော့အသံတိတ်မောင်းလာသောကားအမည်းပေါ်ကစတိုင်ကျကျဆင်းလာသူကပြောခြင်းပင်ဖြစ်သည်။ထိုသူနောက်တွင်ပါသည့်ကားမည်းများစွာကဦးမိုးလထွက်ပြေး၍မရအောင်ဦးမိုးလကိုစက်ဝိုင်းသဖွယ်ပိတ်ကာရပ်သည်။
"မျက်နှာဖုံးနဲ့မမွန်းကြပ်ဘူးလား။"
မျက်နှာဖုံးတပ်ထားသော်လည်းမေ့နိုင်ဖွယ်မရှိသည့်အသံကြောင့်ဦးမိုးလခပ်အေးအေးပင်ပြန်ပြောလိုက်သည်။
"သူ့လူတွေဒီနီးတဝိုက်မှာပဲရှိအုံးမှာ။ မင်းတို့လိုက်ရှာကြည့်။ ဘယ်လက်ရုံးနဲ့တစ်ယောက်ကဒီအပျက်ကြီးကိုမီးရှို့ဖို့ပြင်။"
"ဟုတ်ကဲ့ ဘော့စ်"
ထိုသူ၏စကားဆုံးသည်နှင့်ထိုသူနဲ့ပါလာသောလူအသီးသီးထွက်သွားကြသည်။
"အတော်ကိုသြဇာရှိပုံပဲ။"
ဦးမိုးလခနဲ့တဲ့တဲ့ပြောရင်းတပ်ထားသောမျက်မှန်မည်းကိုချွတ်ပြီးအင်္ကျီအတွင်းအိတ်ကပ်ထဲထည့်လိုက်သည်။
"ချီးမွမ်းလွန်းနေပါပြီ။ စကားချီးတွေနောက်မှပြောပြီးလာရင်းကိစ္စလေးအစပြုရအောင်။"
ထိုသူကဦးမိုးလကိုပြန်ပြောရင်းသူနှင့်ပါလာသောသူများတစ်ယောက်မှမရှိတော့မှထိုသူကဝတ်ထားသောမျက်နှာဖုံးကိုချွတ်လိုက်ပြီးဦးမိုးလအနားသို့ရောက်လာကာဦးမိုးလကိုစတင်တိုက်ခိုက်တော့သည်။တိုက်ခိုက်မှုတွေနဲ့အတူစကားစစ်ပွဲပါစတင်လာသည်။
"ဘယ်နှနှစ်တောင်ကြာပြီလဲ။"
ထိုသူကပြောရင်းဦးမိုးလကိုလက်သီးတစ်ချက်ထိုးလိုက်သည်။
"ဒါတောင်လက်ရည်ကမပြောင်းလဲသေးဘူး။"
ဦးမိုးလပြောရင်းအရှိုက်ကိုထိုးလာသည့်ထိုသူ၏လက်သီးကိုရှောင်ရှားလိုက်သည်။
"အရင်လိုရှောင်တတ်နေတုန်းပါပဲလား။ ဒါကြောင့်လည်း.."
ဦးမိုးလ,ထိုသူ့စကားကိုအဆက်မခံပဲတစ်ချက်ထိုးလိုက်သည်။ဦးမိုးလထိုးချက်ကြောင့်ထိုသူ၏နှုတ်ခမ်းပေါက်သွားသည်။ထိုသူ,နှုတ်ခမ်းကသွေးစအချို့ကိုထွေးထုတ်လိုက်ပြီးအင်္ကျီအိတ်ကပ်ထဲမှသေနတ်ကိုထုတ်ကာဦးမိုးလကိုပစ်လိုက်သည်။
"ဒိုင်း ဒိုင်း ဒိုင်း"
သုံးချက်ဆက်တိုက်ပစ်သံကြားတွင်ဦးမိုးလရှောင်ရှားရင်းလက်မောင်းသာရှပ်ထိသွားသည်။
"ပစ်မှတ်အရှင်ကမပစ်ရတာကြာပြီဆိုတော့ အခွင့်ရတုန်းလေ့ကျင့်ကြည့်ရအောင်။"
ပြောရင်းထိုသူကဦးမိုးလခြေထောက်ကိုချိန်ကာပစ်လိုက်သည်။ဦးမိုးလရှောင်သော်လည်းခြေထောက်ကိုထိသွားခဲ့သည်။ဘယ်ဘက်လက်မောင်းနဲ့ညာဘက်ခြေထိသွားသောဦးမိုးလကိုထိုသူကနှလုံးတည့်တည့်ကိုထပ်မံချိန်ရွယ်ပြန်သည်။ထိုသူသေနတ်မောင်းကိုညှစ်လုစဲစဲတွင်
"ဘော့စ်"
အသံကြောင့်ထိုသူသေနတ်မှကျည်ထွက်ကာဦးမိုးလကိုထိသွားသော်လည်းနှလုံးတည့်တည့်တော့မဟုတ်ခဲ့။ထိုသူကမဲ့ပြုံးတစ်ခုပြုံးကာအိတ်ကပ်ထဲမှမျက်နှာဖုံးတစ်ခုကိုထုတ်တပ်လိုက်ပြီးမှအသံလာရာဘက်လှည့်ကြည့်လိုက်သည်။
"အကုန်ပြီးပါပြီ ဘော့စ်။"
လာပြောသူစကားကိုခေါင်းတစ်ချက်ညိတ်လိုက်ပြီးလက်ထဲကသေနတ်ကိုလာပြောသူနောက်ကသစ်ပင်ကိုချိန်ကာပစ်လိုက်သည်။
"ဒိုင်း"
"နောက်တစ်ခါငါသေနတ်ပစ်နေရင်ဝင်မရှုပ်နဲ့။"
သေနတ်သံအဆုံးတွင်ထိုသူပြောလိုက်တော့တပည့်ဖြစ်သူကကြောက်အားလန့်အားဖြင့်ခေါင်းတညိတ်ညိတ်နဲ့အသံထွက်လာသည်။
"ဟုတ်ကဲ့... ဘော့စ်။"
"ကားအသင့်ပြင်ပြီးလူပြန်စုထားလိုက်။"
ထိုသူကပြောပြီးသည်နှင့်လဲကျလုဖြစ်နေသောမိုးလဆီလျှောက်သွားကာမိုးလ,ကိုအားဖြင့်တစ်ချက်ပိတ်ကန်လိုက်သဖြင့်မိုးလလုံးဝလဲကျသွားလေသည်။ထိုသူကလဲကျသွားသောမိုးလ၏သွေးထွက်နေသောဒဏ်ရာတွေကိုအားနဲ့ထပ်ဖိသဖြင့်သွေးများပိုထွက်လာသည်။မိုးလများစွာနာကျင်လာသော်လည်းမျက်နှာတစ်ချက်မပျက်အောင်နေပြီး
"ငါကိုရှင်းလိုက်တာနဲ့ပဲလုပ်ခဲ့တဲ့လုပ်ရပ်တွေကပျောက်ကွယ်သွားမယ်လို့ထင်နေတာလား။"
မိုးလစကားကိုထိုသူတစ်ချက်ရယ်လိုက်ပြီး
"အသံကောင်းကတော့ဟစ်နေတုန်းပါပဲလား။"
ထိုသူပြောရင်းမိုးလမျက်နှာကိုမော့ယူကာသူ့အားကြည့်စေသည်။
"စိတ်ပူပေးတဲ့မိတ်ဆွေဟောင်းအတွက်သတင်းတစ်ခုပြန်ချီးမြှင့်ရမယ်ထင်တယ်။ ဟားဟားဟားဟား ဘယ်သူပြောနိုင်မလဲ။ မင်းလိုက်ရှာနေတဲ့တစ်ယောက်ကငါဆီရောက်ရင်လည်းရောက်နေနိုင်တာပေါ့။"
ထိုသူကပြောပြီးသဘောကျစွာထပ်မံရယ်မောသည်။ပြီးမှမိုးလနားနားကပ်ကာ
"နေကြယ်အသက်ရှင်တာကိုလိုချင်ရင် မင်းသေလိုက်မိုးလ။"
ဟုပြောပြီးမိုးလကိုမြေကြီးပေါ်ပြန်ပစ်ချလိုက်သည်။
"အကုန်စုံပါပြီ ဘော့စ်။"
ထိုသူနောက်ပြန်အလှည့်တွင်ထိုသူနဲ့ပါလာသောလူများအကုန်ပြန်ရောက်နေပြီဖြစ်သည်။
"အားလုံးပြန်ကြမယ်။ ဘယ်လက်ရုံး မင်းရှင်းပေးမယ်မလား။"
ထိုသူကဘယ်လက်ရုံးဆိုသူကိုကြည့်ကာပြောပြီးအသင့်တံခါးဖွင့်ထားသောကားလေးပေါ်တက်သွားသည်။ထိုသူကားပေါ်ရောက်သည်နှင့်ကားကမောင်းထွက်သွားလေသည်။
.
.
လဲကျနေသောလူအနားတွင်ဝိုင်းကာကာထားသည့်ကားလေးများအကုန်ပြန်ထွက်သွားပြီးမှကျန်ခဲ့သည့်ဘယ်လက်ရုံးဆိုသူတဖြစ်လဲမင်းဒီပါဦးတစ်ယောက်အိတ်ကပ်ထဲကသေနတ်ကိုထုတ်ကာလဲကျနေသည့်လူဆီချိန်ရွယ်ကာပစ်လုစဲစဲတွင်
"ဝူး"
ကျယ်လောင်သောအသံနဲ့အတူအရှိန်ဖြင့်မင်းဒီပါဦးဆီတည့်မတ်စွာလာနေသည့်မော်တော်ဆိုင်ကယ်ကြောင့်မင်းဒီပါဦးနောက်သို့တစ်လှမ်းဆုတ်လိုက်တော့မော်တော်ဆိုင်ကယ်လေးသည်စက်ရုံအပျက်ကြီး၏သံတံခါးကိုဝင်တိုက်ကာမှောက်လျက်သားလဲကျသွားလေသည်။မင်းဒီပါဦးမောင်းသူမဲ့မော်တော်ဆိုင်ကယ်ကြောင့်မော်တော်ဆိုင်ကယ်၏လာရာကိုကြည့်နေစဥ်ဖြတ်ကန်ခံရခြင်းနဲ့အတူမင်းဒီပါဦးလက်ထဲမှသေနတ်သည်လည်းမြေကြီးပေါ်ကျသွားသည်။မင်းဒီပါဦးမိမိကိုကန်သည့်လူကိုကြည့်တော့ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားသည့်လူတစ်ယောက်ဖြစ်နေသည်။ထိုလူကမင်းဒီပါဦးကိုတိုက်ခိုက်ရန်ပြင်နေသဖြင့်မင်းဒီပါဦးလည်းပြန်တိုက်ခိုက်ပေးလိုက်သည်။အပြန်အလှန်တိုက်ခိုက်မှုသည်လက်ရည်ချင်းညီမျှနေသဖြင့်ထပ်တူနာကျင်ရသော်လည်းမင်းဒီပါဦးကဆိုင်ကယ်စီးဦးထုပ်ဆောင်းထားသည့်ထိုလူအလစ်ကိုစောင့်ကာအလစ်တိုက်ခိုက်လိုက်၍ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားသောလူဟန်ချက်ပျက်သွားစဥ်မင်းဒီပါဦးကထိုလူကိုအနီးရှိသစ်ပင်တစ်ပင်ဆီဆွဲခေါ်ပြီးအရှိန်နဲ့ဝင့်ဆောင့်စေတော့ထိုလူဆောင်းထားသည့်ဆိုင်ကယ်စီးဦးထုပ်လေးမှာကွဲသွားလေသည်။မြေကြီးပေါ်လဲကျသွားသည့်ဆိုင်ကယ်စီးဦးထုပ်နဲ့အတူမှောက်လျက်သားကျသွားသောထိုလူအနားသို့မင်းဒီပါဦးသွားကာငုတ်တုတ်ထိုင်ချလိုက်ပြီး
"ငါ့အလုပ်ကိုဝင်ရှုပ်တာဘယ်ကောင်လဲ။"
ရေရွတ်ရင်းဆောင်းထားသော်လည်းကွဲသွားပြီဖြစ်သောဆိုင်ကယ်စီးဦးထုပ်အကွဲကိုမင်းဒီပါဦးဆွဲချွတ်ကာမိမိကိုဝင်ရှုပ်သူကိုမင်းဒီပါဦးကြည့်လိုက်သည်။မြင်လိုက်ရသည့်မျက်နှာကြောင့်အသေသတ်ရန်ပြင်နေသောမင်းဒီပါဦးလက်တို့ကလေထဲတွင်တန့်သွားလေသည်။
"သူ့ကိုမထိပါနဲ့။"
ထိုစဥ်တိုးညှင်းစွာထွက်လာသည့်စကားသံကြောင့်မင်းဒီပါဦးအသံလာရာကိုကြည့်တော့ခပ်လှမ်းလှမ်းတွင်လဲကျနေသောသူထံမှဖြစ်နေသည်။တားမြစ်လိုဟန်မျက်ဝန်းတွေနဲ့မိမိကိုကြည့်နေသောလူ၏အကြည့်ကြောင့်မင်းဒီပါဦးခေါင်းထဲအကြံတစ်ခုထွက်လာသဖြင့်မင်းဒီပါဦးခပ်မဲ့မဲ့ပြုံးလိုက်သည်။ပြီးနောက်တွင်မင်းဒီပါဦးလဲကျနေသောအဲဒီလူနှစ်ယောက်လုံးကိုစက်ရုံပျက်ကြီးအတွင်းသို့ဆွဲခေါ်ကာထိုနှစ်ယောက်လုံးကိုတွဲကာချည်နှောင်လိုက်ပြီး
"တွေ့ရတာဝမ်းသာပါတယ် အမည်ခံအဖေ။"
"ထပ်တွေ့ချင်ပေမယ့်မတွေ့သင့်တဲ့နေရာမှာထပ်တွေ့ကြတာပဲ။"
ကြိုးဖြင့်တွဲကာချည်ထားသည့်တစ်ယောက်ဆီ၏နားနားသို့ကပ်ကာစကားတစ်ခွန်းစီပြောပြီးနောက်မင်းဒီပါဦးစက်ရုံအပျက်ကြီး၏အပြင်ဘက်ထွက်လာသည်။စက်ရုံပျက်ကြီး၏အပြင်ဘက်ရောက်သည်နှင့်မင်းဒီပါဦးအိတ်ကပ်ထဲကမီးခြစ်ကိုထုတ်ကာမီးခြစ်ပြီးမီးတောက်ထွက်နေသည့်မီးခြစ်ကိုဆီလောင်းထားသည့်စက်ရုံအပျက်ကြီး၏နံရံဆီသို့ပစ်လိုက်သည်။ထိုနောက်တွင်မင်းဒီပါဦးတစ်ယောက်ဤနေရာမှအမြန်ဆုံးထွက်လာခဲ့သည်။
.
.
.
မကြာခင်မှာပဲထိုနေရာသို့ကားတစ်စီးသည်ထပ်မံရောက်ရှိလာပြန်သည်။ကားမောင်းသူနေရာမှဆင်းလာသည့်မိန်းကလေးကိုမြင်သည်နှင့်အကွယ်တစ်နေရာမှလူတစ်ယောက်ကပြေးလာပြီး
"မမလေး"
"တီအယ်လ်ဖိုး ဦးလေးနဲ့သော်ကမီးထဲမှာလား။"
"တူးကအနောက်ပေါက်ကဝင်လို့ရမရကြည့်နေတယ်။"
ဖိုး၏စကားဆုံးသည်နှင့်သူဇာစတင်လောင်ကျွမ်းနေပြီဖြစ်သောစက်ရုံပျက်ကြီး၏အနောက်ပေါက်သို့အမြန်ပြေးလာခဲ့သည်။သူဇာ၏နောက်သို့ဖိုးကလည်းပြေးလိုက်လာသည်။အနောက်ပေါက်ကနေအတွင်းသို့ဝင်လို့ရသေးသည်ဖြစ်၍ဝင်ရန်ပြင်နေသောသူဇာကို
"မမလေးကကားကိုအသင့်ပြင်ထားပေးပါ။ ကျွန်တော်နဲ့တူး Leaderနဲ့အကိုလေးကိုကယ်ထုတ်လာပါ့မယ်။"
ဖိုး၏စကားကိုသူဇာခေါင်းညိတ်ပြပြီးသည်နှင့်ကားဆီအမြန်ပြန်ပြေးလာကာ,ကားကိုအနောက်ပေါက်နားသို့မောင်းလာလိုက်သည်။သူဇာကားအနောက်ပေါက်နားသို့ရောက်စဥ်မှာပဲအနောက်ပေါက်ကနေဦးလေးနဲ့သော်ကိုသယ်လာသည့်တူးနဲ့ဖိုးကထွက်လာသဖြင့်ကားတံခါးကိုအမြန်ဖွင့်ပေးကာကားပေါ်တက်စေသည်။ပြီးသည်နှင့်ငါးယောက်သားပါသည့်ထိုကားလေးသည်ထိုနေရာမှအမြန်ဆုံးမောင်းထွက်သွားသည်။အရှိန်တင်ကာမောင်းနှင်လာသောသူဇာ၏ကားလေးကွင်းပြင်ကထွက်သွားသည်နှင့်
"ဝုန်း"
ကျယ်လောင်သောအသံနဲ့အတူစက်ရုံပျက်ကြီးလည်းပေါက်ကွဲသွားသည်ကိုကားနောက်ကြည့်မှန်မှတစ်ဆင့်သူဇာတို့မြင်ရလေသည်။
.
.
~~~~~