Chapter - 37 [ Thought or Truth ]

5 0 0
                                    


Unicode Version

အခန်း - ၃၇

အထင်လားအမှန်လား


"စက်ကွင်း နင်ပဲမလား။"

"နင်ဘယ်လိုသိသွားပြန်သွားတာလဲ မသိအောင်အခြားဖုန်းနံပါတ်တစ်ခုနဲ့ဆက်ပါတယ်ဆိုမှ"

"ငါမသိစရာအကြောင်းမရှိဘူးလေ။ ငါဆီအကြောင်းကိစ္စတစ်စုံတစ်ရာမရှိပဲ အပျော်ဖုန်းဆက်တဲ့လူဆိုလို့ နင်ပဲရှိတာကို။ ပြီးတော့ငါရဲ့အလိုလိုသိစိတ်ကြောင့်လဲပါတာပေါ့။"

"နင်လည်း ပြောနေတာအကောင်းကိုထထဖောက်တယ်။ တော်ပြီဟာ နင်သိနေတယ်ဆိုတော့ပျင်းစရာကောင်းသွားပြီ။"

"ရွက်ကြွေဝေလေ အချဥ်မဟုတ်ဘူး။"

"ညို့စက်ကွင်းမလား။"

ဒုတိယအကြိမ်မြောက်တစ်ဖက်ကထွက်လာသည့်အသံကြားမှစက်ကွင်း,ရွက်ကြွေကိုဖုန်းဆက်ပြီးစနောက်တိုင်းရွက်ကြွေထံမှကြားရတတ်သည့်စကားတို့ကိုပြန်တွေးမိနေသည့်အတွေးတို့ထံမှစက်ကွင်းလွတ်မြောက်သွားစဥ်

"ညို့စက်ကွင်း ပြောစရာရှိရင်ပြောလိုက်တော့။ မဟုတ်ရင်ငါဖုန်းချလိုက်တော့မယ်နော်။"

"နင့်ပိုက်ဆံအိတ်ကိုငါကောက်ရထားလို့။"

ရွက်ကြွေစကားကြောင့်စက်ကွင်းခပ်မြန်မြန်ပင်ပြန်ပြောလိုက်ရသည်။

"နင်အခုဘယ်မှာလဲ ငါခဏနေထမင်းစားချိန်ရောက်ရင်အဲဒီကိုထွက်လာခဲ့မယ်"

"...... Cafeမှာ နင်နဲ့နီးပါ့မလား။"

"ငါလာခဲ့မယ် နင်သာစောင့်နေ။"

ရွက်ကြွေကပြောပြီးဖုန်းကိုချသွားသည်။ ရွက်ကြွေစကားကြောင့်စက်ကွင်းလည်းနောက်ထပ်ကော်ဖီပူတစ်ခွက်ကိုသာမှာယူကာဖြည်းဖြည်းသောက်ရင်းစောင့်နေလိုက်သည်။

"စောင့်ရတာကြာသွားတယ်မလား။ နင်ပြောတာမှန်တယ်။ ငါ့အလုပ်နဲ့ဒီCafeနဲ့ကနည်းနည်းလှမ်းတယ်။"

ရွက်ကြွေကပြောရင်းစက်ကွင်းရှေ့တွင်ဝင်ထိုင်လိုက်သည်။

"တစ်ခုခုသောက်အုံးမလား။"

Me, You, The Ghost & HerWhere stories live. Discover now