နာကျင်မှု နှင့် ဖျော့တော့တော့
သော့်စကားအဆုံးတွင်ထိုမိန်းကလေးကပြန်ပြောရင်းရှေ့ကိုကြည့်ကာရေရွတ်လာသည့်သော့်အစ်မဖြစ်သူနာမည်ကြောင့်သော်,နောက်လှည့်ကြည့်မိတော့စျေးဝယ်လာသည့်အထုပ်များကိုလက်နှစ်ဖက်အပြည့်သယ်လာသောမမသူဇာကိုတွေ့လိုက်ရသည်။
"မမသူဇာ"
"ရွက်ကြွေ နင်ကဒီကိုဘယ်လို"
တစ်ဆက်တည်းလိုထွက်လာသည့်စကားကြောင့်ထိုမိန်းကလေးကသော်တို့နှစ်ယောက်ကိုကြည့်ပြီး
"သူဇာ သူကနင့်မောင်လေးလား။"
သူဇာ,ရွက်ကြွေစကားကိုခေါင်းညိတ်ပြလိုက်ပြီး
"သော်နဲ့ဘယ်လိုတွေတွေ့လာကြတာလဲ။"
"နင့်မောင်လေးနဲ့နင့်ဦးလေးသာငါ့ကိုမကူညီခဲ့ရင်ငါအခုနင်နဲ့တွေ့နေမှာမဟုတ်လောက်တော့ဘူး။ ဘာလို့ဆိုငါမသိတဲ့လူတစ်စုဆီကအန္တရာယ်ပေးတာခံလိုက်ရပြီးလမ်းဘေးမှာဒဏ်ရာနဲ့လဲသွားလို့ပဲ။"
"ဒဏ်ရာရောဘယ်လိုနေသေးလဲ။ သက်သာရဲ့လား။"
ရွက်ကြွေစကားကြောင့်သူဇာမေးလိုက်တော့
"နင့်မောင်လေးကငါကိုတွေ့ပြီးနင့်ဦးလေးဆီခေါ်လာပေးလို့ငါအခုသက်သာသွားပြီ။ ထပ်ပြောတာဆိုပေမယ့်တကယ်ကျေးဇူးပါတယ်နော်။"
ပြန်ဖြေလာသည့်ရွက်ကြွေကိုကြည့်ရင်းသူဇာကိုပြောစရာရှိနေသည့်အကြည့်ဖြင့်ကြည့်နေသည်ကိုသူဇာအကဲခတ်မိသဖြင့်
"သော် စျေးဝယ်ထုပ်တွေသယ်သွားပြီး ဦးလေးနဲ့တူတူသေချာစီထားလိုက်။ မမသူငယ်ချင်းကိုကားဂိတ်လိုက်ပို့ပေးလိုက်အုံးမယ်။"
သူဇာကသော့်လက်ထဲသူဆွဲလာသည့်စျေးဝယ်ထုပ်များကိုထည့်ကာပြောပြီးရွက်ကြွေကိုသွားမယ်ဆိုသောအမူအရာပြလာသဖြင့်ရွက်ကြွေလည်းသူဇာနဲ့အတူထွက်လာခဲ့သည်။"ငါတို့တွေမတွေ့တာတော်တော်ကြာပြီနော် သူဇာ။"
နှစ်ယောက်သားလျှောက်နေသည့်လမ်း၏တိတ်ဆိတ်မှုကိုရွက်ကြွေအရင်ထိုးဖောက်လိုက်သည်။
"အင်း နောက်ဆုံးနှစ်ကတည်းကဆိုတော့.."
"အခုလိုငါတို့တွေစကားပြောနေတော့ငါတို့ပထမဆုံးသူငယ်ချင်းစဖြစ်တဲ့အချိန်ကိုတောင်ငါသတိရသွားပြီ။"
ရွက်ကြွေစကားအဆုံးတွင်သူဇာတို့နှစ်ယောက်သူငယ်ချင်းစဖြစ်သည့်နေ့ကိုတွေးမိသွားသည်။ကျောင်းသူသစ်ဖြစ်၍ကျောင်းနဲ့အသာမကျကာတစ်ယောက်တည်းဖြစ်နေသောသူဇာဆီတုတ်ထိုးသကြားလုံးတစ်လုံးနှင့်ရောက်လာကာမိတ်လာဖွဲ့ခဲ့သည့်ရွက်ကြွေကအခုလိုပင်စကားများများပြောခဲ့ခြင်းဖြစ်သည်။
"ဟီး ဟုတ်တယ်။ အဲဒီနေ့ကနင်တော်တော်ကိုစကားများခဲ့တာ။"
"ဒါပေမယ့်နင်ကလည်းငါကိုသေချာနားထောင်ပြီးပြန်ပြောပေးခဲ့တာပဲလေ။"
ရွက်ကြွေစကားအဆုံး၌နှစ်ယောက်သား၏မျက်နှာပေါ်တွင်အပြုံးများထင်ဟပ်လာပြီး
"ဟားဟားဟား"
မတိုင်ပင်ပါပဲနှစ်ယောက်သားရယ်လိုက်မိကြသည်။ရယ်လိုက်၍နှစ်ယောက်သားကြားကလေထုသည်ပေါ့ပါးသွားသည်ကိုနှစ်ယောက်လုံးခံစားမိလိုက်သဖြင့်
"ငါသိချင်တာတစ်ခုရှိတယ်။ နင်ဘယ်လိုစက်ကွင်းအကြောင်းသိပြီးငါကိုပြောပြဖြစ်တာလဲ။"
"ငါ့မောင် သော်ကစက်ကွင်းညီမမျက်ဝန်းနဲ့အတန်းတူသူငယ်ချင်းတွေလေ။ အဲဒီနေ့ကသော်နဲ့မျက်ဝန်းတို့မုန့်သွားစားချိန်မျက်ဝန်းဆီစက်ကွင်းအကြောင်းဆေးရုံကအကြောင်းကြားတဲ့ဖုန်းဝင်လာတာမျက်ဝန်းအမြန်ပြန်သွားတဲ့အကြောင်းသော်ကပြန်ရောက်လို့ပြောပြတာနဲ့ငါလည်းနင့်ဆီဖုန်းဆက်လိုက်တာ။"
"ဘာလို့ငါ့ဆီဆက်တာလဲ သူဇာ။"
"နင်တို့နှစ်ယောက်အကြောင်းငါအသိဆုံးပါ ရွက်ကြွေရာ။ နင်မြင်အောင်မပြနိုင်ပြီးသူမြင်အောင်မကြည့်နိုင်တဲ့အဲဒီအရာတွေကိုဘေးလူငါကမြင်နေရတာပါနော်။"
"ငါတို့ကနင်ထင်နေသလိုတွေမဟုတ်ပါဘူးဟာ။"
"အွန့် ဟုတ်ပါတယ် ငါပဲအမြင်မှားနေတယ်ဆိုပါတော့။ ပြီးမှလက်ထပ်ဖိတ်စာ......"
"ဟာ သူဇာ နင်ကတော့မဟုတ်တာတွေလျှောက်ပြောနေတယ်။"
သူဇာစကားမဆုံးခင်ရွက်ကြွေအမြန်ဖြတ်ပြောလိုက်သော်လည်းဆက်ပြောချင်နေပုံရကာစပ်ဖြီးဖြီးမျက်နှာနဲ့သူဇာကြောင့်ရွက်ကြွေဖြတ်သွားသည့်တက္ကစီတစ်စီးကိုအမြန်ငှားလိုက်ပြီးစျေးတောင်မဆစ်ပဲတက္ကစီပေါ်အမြန်တက်လိုက်ပြီးမှ
"ငါသွားတော့မယ် သူဇာ။"
"အင်းပါ ငါအဲဒီဖိတ်စာကို...."
ရွက်ကြွေစကားကိုတက္ကစီတံခါးနားကပ်ကာပြန်ပြောလာသည့်သူဇာစကားကြောင့်ရွက်ကြွေ,သူဇာပါးစပ်ကိုလက်ဖြင့်လှမ်းပိတ်လိုက်ပြီး
"တော် ငါသွားပြီ။"
ရွက်ကြွေစကားအဆုံးတွင်စမောင်းထွက်နေပြီဖြစ်သောတက္ကစီကြောင့်သူဇာဘာမှဆက်မပြောတော့ပဲဒီအတိုင်းသာရပ်နေရင်း
"ရွက်ကြွေ ရွက်ကြွေ ထပ်စခံရမှာစိုးတာနဲ့ကားဂိတ်အထိတောင်မလျှောက်နိုင်ပဲတွေ့တဲ့တက္ကစီကိုအမြန်ငှားသွားပါလား။"
သူဇာခပ်တိုးတိုးရေရွတ်ပြီးအိမ်ဘက်သို့သာပြန်လမ်းလျှောက်လာခဲ့သည်။
