Unicode Version
ညနေခင်း၏လေပြေတဖြူးဖြူးကလူတိုင်းကိုစိတ်လန်းဆန်းကာအင်အားဖြည့်ပေးနေသလိုပင်။အလုပ်ဆင်းချိန်ဖြစ်၍လမ်းပေါ်တွင်ကိုယ်စီနားခိုရာအိမ်သို့ပြန်နေကျသောလူသားတိုင်းတွင်နေ့တေးဆိုတစ်ယောက်လည်းအပါအဝင်။နေ့တေးဆိုအိမ်သို့ရောက်သောဘတ်စ်ကားကိုစီးပြီးသော်လည်းနေ့တေးဆိုစီးသောဘတ်စ်ကားကချို့ယွင်းသွားသဖြင့်ဘတ်စ်ကားပေါ်ပါလာသောခရီးသည်များအားလုံးနောက်ကားပြောင်းစီးရသည်။အိမ်သို့ရောက်သည့်နောက်ထပ်ဘတ်စ်ကားစီးရန်နေ့တေးဆိုစောင့်နေရင်းမထင်မှတ်ပဲတစ်ဖက်ကားလမ်းသို့အကြည့်ရောက်သွားသည်။တစ်ဖက်ကားလမ်းတွင်ညစျေးတန်းလေးတစ်ခုရှိနေသည်။မီးရောင်စုံ၊လူမျိုးစုံနဲ့ရနံ့ပေါင်းစုံကနေ့တေးဆို၏အာရုံကိုဆွဲဆောင်နေသည်။အစားအစာများကထွက်လာသောရနံ့ပေါင်းစုံကနေ့တေးဆိုကိုလာစားလှည့်ပါဟုဖိတ်ခေါ်နေသလို။ရနံ့ပေါင်းစုံကနှာခေါင်းထဲမဖိတ်ခေါ်ပါပဲဝင်လာတော့အစာအိမ်ကအလိုက်တသိအသံမြည်သလိုဦးနှောက်ကစားရန်လှုံဆော်တော့နေ့တေးဆိုတစ်ယောက်မရည်ရွယ်ပါပဲညစျေးတန်းလေးသို့ရောက်သွားသည်။ညစျေးတန်းလေးတွင်စားချင်သမျှကိုစားနေသောနေ့တေးဆိုတွင်အစားကလွဲပြီးကျန်တာကိုအာရုံမရှိ။အတန်ကြာစားချင်တာစားပြီးညစျေးတန်းလေးကနေပြန်ထွက်လာသောနေ့တေးဆိုတစ်ယောက်ညစျေးတန်းလေးထဲသို့တစ်ယောက်နဲ့တစ်ယောက်စနောက်ရင်းပြေးဝင်လာသောအတွဲတစ်တွဲကိုရှောင်ရင်းလဲကျမလိုဖြစ်သွားသည်ကိုပြန်မတ်လိုက်တော့လွယ်ထားသည့်အိတ်ထဲတွင်ထည့်ထားသောမှတ်စုစာအုပ်လေးကျသွားသည်။ထိုအရာကိုတော့ဗိုက်လေးကာအိမ်ပြန်ရန်ပင်စိတ်ရောက်နေသောနေ့တေးဆိုမသိလိုက်ပါ။
"ကိုကြီးအခုလာနေပြီ ညီမလေးရောဘာစားအုံးမလဲ။"
အလုပ်ကိစ္စဆွေးနွေးမှုတွေကြောင့်စက်ဝန်းလူနာစောင့်ရန်အချိန်နောက်ကျနေသဖြင့်ညီမဖြစ်သူဆီဖုန်းဆက်လိုက်ခြင်းဖြစ်သည်။
"Bubble Tea သောက်ချင်တယ်။ ကိုကြီးအဆင်ပြေရင်ဝယ်ခဲ့ပါလား။"
"အတော်ပဲ ကိုကြီးကားနဲ့မနီးမဝေးမှာBubble Shopတစ်ခုရှိတယ်။ အဲဒီကဝယ်လာပေးမယ်။"
"အစ်ကိုကြီးကအကောင်းဆုံးပဲ။"
"အလည်ညီမလေးပဲ။ ဒါဆိုကိုကြီးဖုန်းချလိုက်တော့မယ်။"
စက်ဝန်းတစ်ယောက်ဖုန်းချပြီးကားပေါ်ကဆင်းကာကားကိုလော့ချခဲ့ပြီးခပ်လှမ်းလှမ်းကBubble Teaရောင်းသည့်ဆိုင်လေးတွင်Bubble Teaတစ်ခွက်နဲ့Chocolateတစ်ခွက်မှာပြီးခဏစောင့်နေစဥ်ဒီBubble Tea Shopလေးအနီးတွင်ညစျေးတန်းလေးတစ်ခုရှိနေသည်ကိုသတိပြုမိသွားသည်။
"မှာထားတာလေးရပါပြီ အစ်ကို။"
ဝန်ထမ်းလေး၏အသံကြောင့်ခွက်နှစ်ခွက်ကိုထုတ်ပိုးထားသည်ကိုယူပြီးဆိုင်ထဲမှစက်ဝန်းပြန်ထွက်လာစဥ်
"ဦးလေးကြီး အမဲအူပြုတ်တစ်ပွဲကအခုထိမရသေးဘူးလား။"
စက်ဝန်းနားထဲဝင်လာသောအသံကြောင့်စက်ဝန်းရင်းနှီးသောသူ့ကိုသတိရသွားသဖြင့်အမှတ်မထင်လှည့်ကြည့်မိတော့စက်ဝန်းထင်နေသောသူပင်ဖြစ်နေခဲ့သည်။မတွေ့ရတာကြာသည့်နှစ်ကာလကြောင့်သူ့အနည်းငယ်ပြောင်းလဲကာရင့်ကျက်သွားပြီဟုထင်မိသော်လည်းရောင်းသူဦးလေးကြီးကိုပြောနေပုံကြောင့်သူကအရင်အတိုင်းမပြောင်းလဲမှန်းတွေးမိသွားသည်။စက်ဝန်းသူ့ကိုကြည့်နေစဥ်သူကထိုင်နေသောနေရာမှထွက်သွားသဖြင့်စက်ဝန်းသူ့နောက်ကိုအမြန်လိုက်လာမိသည်။စက်ဝန်းကသာသူကိုမြင်နိုင်သောအကွာအဝေးကနေစက်ဝန်း,သူ့နောက်ကိုစေခိုင်းသူမရှိပါပဲတိတ်တဆိတ်လိုက်နေမိသည်။သူညစျေးတန်းကအထွက်တွင်အတွဲတစ်တွဲ၏ဝင်တိုက်မှုကြောင့်သူ့လဲမလိုဖြစ်သွားသဖြင့်ထိုအတွဲကိုစက်ဝန်းခပ်တည်တည်ဖြင့်ကြည့်မိတော့ထိုအတွဲကစက်ဝန်းကိုမကြည်ကြည့်ပြန်ကြည့်သဖြင့်စက်ဝန်းစိတ်လျော့ကာပြုံးပြမိတော့ထိုအတွဲကစက်ဝန်းကအရူးတစ်ယောက်ကိုကြည့်သလိုကြည့်သွားပြီးသူတို့လမ်းသူတို့ဆက်လျှောက်သွားသည်။ထိုအတွဲကိုရန်လုပ်နေမိသဖြင့်စက်ဝန်း,သူ့ကိုမျက်ခြေပြတ်သွားသည်။ထို့ကြောင့်စက်ဝန်းသူ့ကိုလျှောက်ကြည့်တော့ဘတ်စ်ကားပေါ်တက်သွားသည်ကိုတွေ့လိုက်ရ၍အမြန်လိုက်မလိုပြင်မှသူ့လဲမလိုဖြစ်ခဲ့သောနေရာတွင်စာအုပ်လေးတစ်အုပ်ကျန်ခဲ့သည်ကိုတွေ့လိုက်ရသဖြင့်စက်ဝန်း,စာအုပ်လေးကိုအလျင်အမြန်ကောက်ကာကားဘက်သို့ပြန်လာခဲ့သည်။စက်ဝန်းကားထဲဝင်ထိုင်မိသော်လည်းကားကမောင်းမထွက်မိပဲစာအုပ်ကိုသာအသည်းအသန်ဖတ်ကြည့်မိသည်။စာအုပ်ကအလုပ်ကိစ္စများမှတ်သောစာအုပ်ဖြစ်ပြီးစာအုပ်၏နောက်ဆုံးဖုံးတွင်လက်ရေးသေးသေးဖြင့်ရေးထားသောအိမ်လိပ်စာကိုတွေ့လိုက်ရမှစက်ဝန်းပြုံးလိုက်မိကာမဆိုင်းမတွပဲစာအုပ်တွင်ရေးထားသောအိမ်လိပ်စာသို့စက်ဝန်းမောင်းလာမိသည်။လိပ်စာမှာပါသည့်ကွန်ဒိုအနားတွင်စက်ဝန်းကားကိုရပ်လိုက်သည်။ဘေးခုံတွင်ထားထားသောစာအုပ်ကိုယူလိုက်စဥ်အမှတ်မထင်နာရီကိုကြည့်မိတော့ည၉နာရီထိုးခါနီးပြီဖြစ်သဖြင့်နောက်ခုံကရုံးအိတ်ထဲမှစက္ကူပြောင်အချို့ကိုနှိုက်ပြီးစာအုပ်ကိုသေချာထုပ်ပိုးရန်စဥ်းစားပြီးမှအကြံတစ်ခုတွေးမိသည်။ရသောအကြံအတိုင်း
စာအုပ်ကိုသေချာထုပ်ပိုးပြီးကွန်ဒိုလုံခြုံရေးကိုသာတစ်ဆင့်ပေးခိုင်းမိသည်။အဘယ့်ကြောင့်ဆိုသော်မျက်ဝန်းနဲ့ဂျူတီလဲဖို့အချိန်ကတော်တော်ကိုနောက်ကျနေပြီဖြစ်သဖြင့်စက်ဝန်းကိုယ်တိုင်သွားမပေးတော့ခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/269489498-288-k767290.jpg)