Chapter - 32 [ Events On That Day ]

7 0 0
                                    

UnicodeVer









အခန်း - ၃၂
အဲဒီနေ့ကအဖြစ်အပျက်များ

အပတ်စဥ်တစ်ခု၏တနင်္ဂနွေတစ်ရက်တွင်တော့အိမ်တော်၌မိသားစုဝင်များအားလုံးစုဝေးရမည်ဆိုသောအိမ်တော်၏မူလပိုင်ရှင်အဖိုး၊အဖွားများ၏ဆိုစကားကြောင့်ရွက်ကြွေတို့မိသားစုအိမ်တော်သို့အလည်ရောက်ရှိနေခြင်းဖြစ်လေသည်။

ထိုသို့အိမ်တော်သို့အလည်သွားရခြင်းကိုရွက်ကြွေလွန်စွာနှစ်သက်သည်။တစ်ဦးတည်းသောကလေးဖြစ်သောရွက်ကြွေကအိမ်တော်သို့ရောက်ပြီဆိုလျှင်တော့ရွက်ကြွေထက်နှစ်နှစ်ငယ်သောဝမ်းကွဲမောင်နှမနှစ်ယောက်နှင့်မမောနိုင်တစ်နေကုန်အောင်ဆော့နေရခြင်းဖြစ်သည်။

ရွက်ကြွေအဖေကသူ၏ညီနှင့်အစ်ကိုဖြစ်သူတို့နှင့်သုံးယောက်သားစားသောက်စရာများဖြင့်စကားပြောနေချိန်လင်ညီအစ်မနှစ်ယောက်ဖြစ်သောဒေါ်နှင်းပွင့်ဖြူနှင့်ဒေါ်ရွက်သစ်တို့လည်းနှစ်ဦးသားတီးတိုးခြင်းဖြင့်အဖော်ရနေသည့်မိဘများကအိမ်​တော်တွင်း​ဆော့ကစားနေသည့်ရွက်ကြွေတို့ကလေးသုံးယောက်ကိုစိတ်ချစွာထားထားတတ်ကြသည်။

"ရွက်ကြွေ သမီး"

နာမည်ခေါ်သံကြောင့်ထမင်းစားခန်းမှထွက်နေသောရွက်ကြွေ၏ခြေလှမ်းတို့ရပ်သွားပြီး

"မေမေ ဘာဖြစ်လို့လဲဟင်။"

"အမေနဲ့သမီးဒေါ်လေးဖြူတို့စျေးသွားဝယ်ကြမလို့။"

"သမီးရော လိုက်အုံးမလားလို့လေ။"

"သမီး ဝန်းလေးတို့နှင့်ကစားရအုံးမို့လို့ မလိုက်တော့ပါဘူး ဒေါ်လေးဖြူ။"

ရွ​က်ကြွေအမေ၏စကားအဆုံးတွင်ဒေါ်လေးဖြူထံမှစကားဆက်ထွက်လာသော်လည်းရွက်ကြွေချက်ချင်းပင်ပြန်ဖြေလိုက်တော့ဒေါ်လေးဖြူကပြုံးရင်း

"ဝန်းလေးတို့နှင့်ကစားရတာကိုတော်တော်ကြိုက်တာလား ရွက်ကြွေ။"

"ကြိုက်တာပေါ့ ဒေါ်လေးဖြူရဲ့။ သမီးကအိမ်မှာဆိုတစ်ယောက်တည်းအရုပ်တွေနဲ့ဆော့ရတာလေ။"

ဒေါ်လေးဖြူ၏အမေးကိုသေချာပြန်ဖြေနေသည့်ရွက်ကြွေကြောင့်ဒေါ်လေးဖြူထပ်ပြုံးရင်း

Me, You, The Ghost & HerWhere stories live. Discover now