Chapter-10 [Visit To Her Work]

20 2 0
                                    

Unicode Version

ဒီအတောအတွင်းကျွန်တော်ရပ်ကွက်တစ်ခုလုံးနှံ့စပ်အောင်လျှောက်ကြည့်ဖြစ်ပြီးသော်လည်းရပ်ကွက်ထဲတွင်ကျွန်တော်အတွက်စိတ်ဝင်စားစရာဟူ၍ဘာဆိုဘာမှမတွေ့ရ။အတင်းတုပ်အဒေါ်ကြီးအုပ်စု၊ရှေးဟောင်းနှောင်းဖြစ်ကအစပြုပြီးအခုချိန်ထိတွေ့ကြုံကြားခဲ့သမျှကိုပြန်ပြောပြသည့်လက်ဖက်ရည်ဆိုင်မှာမညောင်းတိုင်းထိုင်နိုင်သည့်လူကြီးတစ်သိုက်၊မျောက်တောင်အရှုံးပေးလောက်အောင်ဆော့သည့်ကလေးတစ်စုစသဖြင့်ရပ်ကွက်ရှိလူအမျိုးအစားများကိုဆယ်အိမ်ခေါင်းသဖွယ်လေ့လာပြီဖြစ်ကာထပ်၍ရပ်ကွက်ထဲကျွန်တော်မှာလေ့လာစရာမရှိတော့။မျက်လုံးဖွင့်လိုက်သည်ကနေမျက်လုံးမှိတ်လိုက်သည်အထိဒီမြင်ကွင်းများကိုသာမြင်ရ၍ကျွန်တော်ငြီးငွေ့နေပြီဖြစ်သည်။

ဒီနေ့ကျွန်တော်မျက်လုံးဖွင့်တော့သူမကစောစောနိုးပုံရကာထပ်ခိုးထပ်သို့ရောက်နေပြီဖြစ်သည်။မနက်စောစောလာကာသူမကပန်းအိုးလေးတွေကိုရေလောင်းနေသည်။ပန်းအိုးရေလောင်းပြီးနောက်သူမကခေါင်မိုးထပ်မှကောင်းကင်ကိုကြည့်နေသည်။ကျွန်တော်လည်းသူမရှေ့မှသူမကိုမျက်နှာမူကာရပ်၍သူမကိုကြည့်နေမိသည်။အလုပ်Uniformကိုဝတ်ထားပြီဖြစ်သောသူမကဒီနေ့တော့ဆံပင်ကိုအရင်နေ့တွေကလိုပြီးစလွယ်မစည်းဘဲ​လှလှပပလေးစည်းနှောင်ထားကာဆံနွယ်အချို့ကနဖူးပေါ်ဝဲကျနေသည်။အခြားမိန်းကလေးများလိုသူမအရမ်းကြီးမလှသော်လည်းမလွတ်တမ်းငေး​ဖြစ်အောင်ဆွဲဆောင်နိုင်သည်။ကျွန်တော်,သူမကိုငေးရင်းဟိုရက်ပိုင်းကတွေ့သည့်အဖိုးအိုပြောသည့်စကားကနားထဲပြန်ကြားယောင်လာသဖြင့်
"အမိကအဲအကြောင်းရင်းနဲ့ဆက်နွယ်နေတာလား။ ဒါမှမဟုတ်အရင်ကငါ,အမိနဲ့သိကျွမ်းဖူးတာလား။"
ကျွန်တော်ရေရွတ်သော်လည်းသူမကမကြားနိုင်။ကောင်းကင်ကတိမ်တွေကိုသာကြည့်နေသောသူမကိုကျွန်တော်လည်းအသေအချာငေးနေမိသည်။အတန်ကြာတော့တိမ်ကွယ်နေရာမှနေရောင်ထွက်လာသဖြင့်ကျွန်တော်လက်ဖြင့်သူမကိုမိုးပေးကာ,ကာပေးမိလိုက်သော်လည်းနေရောင်ခြည်ကကျွန်တော်လက်ကိုဖြတ်၍သူမမျက်နှာပေါ်သို့အတိအကျ,ကျရောက်သည်။
"ငါကာပေးတာပဲ အမိရယ် ဒါပေမယ့်အဆင်မှမပြေတာ"
ကျွန်တော်,ကိုယ့်လက်ကိုပြန်ယုတ်ပြီးသူမကိုပြောလိုက်မိသည်။သို့သော်လည်းထုံးစံအတိုင်းသူမကမကြားချေ။

Me, You, The Ghost & HerWhere stories live. Discover now