Chapter - 22 [Her World's Other Side]

19 1 0
                                    

Unicode Version

သူမကမ္ဘာ၏အခြားတစ်ဖက်

"ကျွီ"
အားပါ၍ပိုကျယ်လောင်သောတံခါးဖွင့်သံကြားမှအကြည့်စိုက်နေသောနေ့တေးဆိုနဲ့စက်ဝန်းတို့နှစ်ယောက်တည်းကမ္ဘာကြီးသည်ပျက်စီးပြိုကျသွားသဖြင့်နှစ်ယောက်လုံးအသံလာရာကိုကြည့်လိုက်ကြသည်။နေ့တေးဆိုကလူနာခန်းအဝတွင်ရပ်နေသောရွက်ကြွေဝေသာမကသရဲကောင်တို့ကိုတွေ့ရသော်လည်းညို့စက်ဝန်းကတော့ရွက်ကြွေဝေတစ်ယောက်တည်းသာတွေ့ရသဖြင့်
"ရွက်ကြွေဝေ အလျင်လိုနေလို့လား။"
ညို့စက်ဝန်းမေးခွန်းကိုရွက်ကြွေဝေကခေါင်းခါပြီးပြန်မေးလာသည်။
"ဘာဖြစ်လို့လဲ ကိုညို့စက်ဝန်း။"
"ရွက်ကြွေဝေအလျင်လိုနေလို့တံခါးကိုအားနဲ့ဖွင့်လိုက်တာလားလို့။"
"မဟုတ်ပါဘူး ကိုညို့စက်ဝန်းတို့ပဲဖွင့်လိုက်တာမဟုတ်ဘူးလား။"
ရွက်ကြွေအမေးကိုပြန်ဖြေလာသောညို့စက်ဝန်းစကားကြောင့်ရွက်ကြွေထပ်မေးသည်ကိုညို့စက်ဝန်းနဲ့အတူနေ့တေးဆိုကပါခေါင်းခါပြသည်။
"တံခါးဖွင့်လိုက်တာ သူမဟုတ်ဘူးကျွန်တော်။ ဒါနဲ့နေစမ်းပါအုံးဘာလို့ခင်ဗျားတို့ကအခုနကအကြည့်စိုက်နေကြတာလဲ။"
ရွက်ကြွေဝေဘေးတွင်ရပ်နေသောသရဲကောင်ကပြောလာသည်ကိုကြားသောနေ့တေးဆိုကကြိုးကိုင်သူဘယ်သူဆိုတာသိလိုက်ရသည်။နေ့တေးဆို၏မျက်နှာကိုအကဲခတ်နေသောရွက်ကြွေတစ်ယောက်လည်းနေ့တေးဆိုကိုမေးလိုက်မိသည်။
"သူလုပ်တာမလား။"
"ဟုတ်တယ်။ သူတဲ့။"
ရွက်ကြွေဝေအမေးကိုနေ့တေးဆိုကဖြေလာသည်။နှစ်ယောက်သား၏စကားကိုနားမလည်သောစက်ဝန်းတစ်ယောက်လက်မြှောက်ကာအမေးရှိမိသည်။
"ခဏ မင်းတို့ပြောတဲ့သူဆိုတာဘယ်သူကိုပြောနေတာလဲ။"
စက်ဝန်းကနှစ်ယောက်လုံးကိုမေးသော်လည်းကြည့်နေသည်မှာတော့နေ့တေးဆိုကိုသာ။စက်ဝန်းမေးခွန်းကြောင့်နေ့တေးဆိုဖြေရခက်နေသည်။မေးခွန်းမေးရန်လက်ထောင်လိုက်သောစက်ဝန်းကြောင့်စက်ဝန်းဝတ်ထားသောအကျ်ီလက်ရှည်သည်အနည်းငယ်လျှောကျသွားကာလက်ကောက်ဝတ်တွင်ပတ်ထားသောလက်ပတ်လေးပေါ်လာသည်။
"ကိုညို့စက်ဝန်းပတ်ထားတဲ့လက်ပတ်လေးကစက်ကွင်းလက်ကလက်ပတ်လေးနဲ့ဆင်တယ်နော်။"
တိတ်ဆိတ်သွားသောညို့စက်ဝန်းနဲ့နေ့တေးဆိုတို့ကြားကိုရွက်ကြွေစကားကထိုးဖောက်သွားသည်။ရွက်ကြွေစကားကြောင့်ညို့စက်ဝန်းလက်ကလက်ပတ်ကိုနေ့တေးဆိုအကဲခတ်ကြည့်နေသည်။
"ဟုတ်တယ် တကယ်တော့ဆင်တာမဟုတ်ဘူး တစ်ပုံစံတည်းပဲ အရောင်ကွဲသွားရုံ။"
"အဲဒါကြောင့်လက်ပတ်လေးနှစ်ခုလုံးမှာကြယ်ကတစ်ဝက်ဆီပဲပါနေတာထင်တယ်။ အာ..ဒါနဲ့ရွက်ကြွေကိုခွင့်ပြုပါအုံး။ ရွက်ကြွေထွက်လာတာကြာနေပြီဆိုတော့။"
ရွက်ကြွေအမေးကိုပြန်ဖြေလာသောစက်ဝန်းစကားတွင်ရွက်ကြွေကဆက်ပြောပြီးသူတို့သုံးယောက်ရှေ့မှထွက်သွားသည်။ရွက်ကြွေထွက်သွားပြီးသည်​နှင့်ရွက်ကြွေဝေနောက်သို့သရဲကောင်လိုက်သွားသဖြင့်လူနာခန်းရှေ့တွင်သူတို့နှစ်ယောက်သာကျန်ခဲ့သည်။ မတ်တပ်ရပ်နေသော်လည်းနေ့တေးဆို၏စိတ်တွင်ပြန်ကြားယောင်နေသည်က
အဖိုးပြောသောစကားများသာဖြစ်နေသည်။နေ့တေးဆိုကြားယောင်လာသောစကားများနဲ့အတူစဥ်းစားရင်းအဖြေတစ်ခုရလာသည်။
"Day... ဒီကို..."
စက်ဝန်းတစ်ယောက်နေ့တေးဆိုကိုစကားပြောရန်စကားစပျိုးနေစဥ်
"အဖြေကိုရှာတွေ့ပြီ။"
ဟုရေရွတ်သံနဲ့အတူနေ့တေးဆိုကစက်ဝန်းကိုနှုတ်တောင်မဆက်ပဲစက်ဝန်းရှေ့မှထွက်သွားလေသဖြင့်စက်ဝန်းတစ်ယောက်တည်းသာလူနာခန်းရှေ့၌ကျန်ခဲ့သည်။လူနာခန်းရှေ့တွင်ကျန်ခဲ့သောစက်ဝန်းတစ်ယောက်လည်းအခြေအနေတွေကိုနားမလည်စွာနဲ့ပဲလူနာခန်းထဲသို့ပြန်ဝင်လာခဲ့တော့လေသည်။




Me, You, The Ghost & HerWhere stories live. Discover now