Chapter-11 [Who Saved Me?]

17 1 0
                                    

Unicode Version

မျက်ဝန်းတစ်ယောက်အစ်ကိုဖြစ်သူစက်ကွင်းကိုလူနာစောင့်လုပ်ရင်းလက်ကလည်းဒီဇိုင်းပုံကြမ်းကိုအချောဆွဲနေသည်။အတည်တကျလုပ်ကိုင်ရသည့်အလုပ်မျိုးနဲ့ဓာတ်မတည့်သည့်မျက်ဝန်းကသူ့ဝါသနာပါရာပုံဆွဲခြင်းကနေအလွတ်တန်းဒီဇိုင်းဆွဲသူဖြစ်အောင်ကြိုးစားခဲ့သည်။ကျောင်းမပြီးခင်ကတည်းကထိုနယ်ပယ်ထဲဝင်ရောက်ခဲ့သောမျက်ဝန်းမှာကျောင်းပြီးဘွဲ့ရပြီးသည့်အချိန်တွင်နာမည်အသင့်အတင့်ရခဲ့ပြီဖြစ်သည်။အခုလည်းလုပ်ငန်းငယ်တစ်ခုကလာရောက်အပ်နှံထားသည့်ဒီဇိုင်းကိုမျက်ဝန်းဆွဲနေခြင်းဖြစ်သည်။
"ထောက်"
"ထောက်"
"ထောက်"
သုံးခါဆင့်ကာကြားရသည့်Messageနိုတီသံကြောင့်မျက်ဝန်းLapTopထဲကပုံကြမ်းကိုSaveခလုပ်နှိပ်လိုက်ပြီးမှLapTopဘေးကဖုန်းကိုယူ၍မျက်ဝန်းMessageကိုဖတ်လိုက်သည်။
'နင်ဘာလုပ်နေလဲ..မျက်ဝန်း'
'အထွေအထူးမရှိရင်ငါတို့အအေးလေးဘာလေးသွားသောက်ရအောင်။'
'ငါအခုနင်ရှိနေမယ့်ဆေးရုံမှာရှိနေတယ်။'
ဒုတိယMessageအထိပြန်ဖြေဖို့စိတ်ကူးမရှိသည့်မျက်ဝန်းမှာတတိယမြောက်Messageကိုဖတ်ပြီးနောက်မှာတော့ဖုန်းခေါ်သည့်ခလုပ်ကိုနှိပ်ရန်ပြင်စဥ်ပေါ်လာသည့်Incoming Callကြောင့်Answerခလုပ်ကိုနှိပ်ပြီးသည်နှင့်
"နင်ဘာလို့ဒီကိုရောက်နေတာလဲ။"
"ငါရဲ့,ငါကိုစိတ်ကောက်နေတဲ့သူငယ်ချင်းလေးကိုအအေးဝယ်တိုက်မလို့ပေါ့။ မြန်မြန်ဆင်းလာခဲ့တော့။ ငါစိတ်ပြောင်းသွားရင်နင်ဝယ်တိုက်ရမှာ။"
"ဟင့်အင်း။ ငါဆင်းလာဖို့စိတ်ကူးမရှိဘူး။ အထူးသဖြင့်ငါလိုလို့ဖုန်းဆက်တဲ့အချိန်မှာမကိုင်တဲ့လူဆီလာစရာအကြောင်းအရင်းကိုမရှိဘူး။"
"အာ အဲဒါကြောင့်ဆိုရင်နင်ပိုတောင်ဆင်းလာခဲ့သင့်သေးတယ်။ ငါနင်ကိုဘာကြောင့်ဖုန်းမကိုင်လိုက်ရတဲ့အကြောင်းရယ်၊ဒီအတောအတွင်းမဆက်သွယ်ဖြစ်တဲ့အကြောင်းရယ်၊ရှားရှားပါးပါးငါကနင်ကိုအအေးတိုက်မယ်ဆိုတဲ့အကြောင်းအရင်းတွေနဲ့တင်နင်ဆင်းလာလို့ရပါပြီကွာ။"
"တကယ်လို့ငါဆင်းလာချင်တယ်ဆိုရင်တောင်ငါဆင်းလာလို့မရသေးဘူး။ ကိုလေးဆီခဏနေDoctorကRoundလှည့်ဖို့လာတော့မှာ။"
"Okay ဒါဆိုလည်းငါပဲအအေးဝယ်ပြီးတက်လာခဲ့မယ်။ နင်က Bubble Tea မလား။ အလွှာက၁၀မှာဟုတ်တယ်မလားနော်။"
"ဟဲ့ သော် မလာနဲ့။"
မျက်ဝန်းစကားတောင်ဆုံးတောင်ပြန်မပြောရသေးသော်ဖုန်းချသွားပြီဖြစ်သည်။ဖုန်းပြန်ခေါ်ရန်မျက်ဝန်းနှိပ်လိုက်သော်လည်းလူကြီးမင်း၏ဖုန်းလက်ကျန်ငွေဆိုသည့်Messageသာဝင်လာသဖြင့်မျက်ဝန်းစိတ်ပေါက်ပေါက်နဲ့ဆဲရန်ပြင်စဥ်ပွင့်လာသောတံခါးနဲ့အတူတာဝန်ကျဆရာဝန်ကကိုလေးကိုစစ်ဆေးရန်ဝင်လာသဖြင့်မျက်ဝန်းလည်းထိုင်နေရာမှထကာဆရာဝန်စစ်ဆေးသည်ကိုသာလိုက်ကြည့်နေလိုက်သည်။
.
.
.
ပါဆယ်ထုတ်ထားသောအအေးခွက်နှစ်ခွက်ကိုကိုင်ရင်းသော်တစ်ယောက်ဆိုင်ထဲမှထွက်လာခဲ့သည်။ပါးစပ်ကပီကေကိုမှုတ်ထုတ်ကစားရင်း,သော်ဆေးရုံသို့ပြန်လျှောက်လာသည့်လမ်းတွင်လူတစ်ယောက်နဲ့တိုက်မိသွားသည်။သော်,အအေးခွက်တွေမှောက်သွား၊မသွားစစ်ဆေးပြီးမှ
"လမ်းသွားရင်မျက်လုံးနဲ့ကြည့်သွားဖို့သတိပေးပါတယ်။"
ပြောပြီး သော်,ဆက်လျှောက်လာသော်လည်းသော်,ထိုနေရာကမရွေ့ခဲ့။အဘယ့်ကြောင့်ဆိုသော်,သော်ဝတ်ထားသည့်
Hoodie၏ခေါင်းစွပ်ကိုထိုလူကဆွဲထားခြင်းကြောင့်။
"ဟေ့လူ ဘာလို့ကျွန်တော့်Hoodieကိုဆွဲထားတာလဲ။ ဘာလဲကျွန်တော့်Hoodieကိုသဘောကျလို့လား။"
"ငါ့အင်္ကျီမှာကပ်သွားတဲ့မင်းပီကေကိုဘယ်လိုဖြေရှင်းပေးမှာလဲ။"
တစ်ဖက်ကထိုလူ၏စကားကြောင့်သော်,ထိုလူ၏ကိုသေချာကြည့်လိုက်သည်။ရှပ်အင်္ကျီအဖြူတွင်ကပ်နေသည့်ပီကေကိုတွေ့လိုက်ရသဖြင့်
"အာ Sorryဗျ။"
တောင်းပန်စကားပြောပြီးသော်,ထိုလူကိုကျောခိုင်းကာလမ်းကိုဆက်လျှောက်ရန်ပြင်လိုက်စဥ်ထိုလူကသော်၏Hoodieခေါင်းစွပ်ကိုဆွဲကာ,သော် ကိုသူ့ဘက်ကိုလှည့်လိုက်ပြီး
"Sorry ဟုတ်လား။ အဲတစ်ခွန်းနဲ့အရာရာကိုကျေလို့ရတာလား။ အရာရာကအဲတစ်ခွန်းပြောလိုက်ရင်ပြေလည်သွားမှာလား။"
"Ah Sh*t"
ထိုလူ၏စကားကြီးကြောင့်သော်,ခပ်တိုးတိုးဆဲရေးလိုက်မိသည်။
"ဘာ မင်းဘာပြောလိုက်တာလဲ။"
မကြားတကြားဖြစ်အောင်လုပ်မှသော့်အသံကိုထိုလူကကြားဖြစ်အောင်ကြားသွားကာမေးသဖြင့်
"ဘာမှမဟုတ်ဘူး။ Sorryနဲ့မကျေနပ်တော့ကျွန်တော်ကဘာလုပ်ပေးရမလဲ။ အင်္ကျီပြန်ဝယ်ပေးရမှာလား။ ကျွန်တော့်Hoodieချွတ်ပေးရမှာလား။"
"မင်းပြန်ဝယ်ပေးရင်တောင်ငါမှာမင်းအင်္ကျီကိုလိုက်ယူဖို့အချိန်မရှိဘူး။ဒါကြောင့်မင်း Hoodieချွတ်ပေး။"
"ဟမ် ကျွန်တော့်Hoodieနဲ့ခင်ဗျားနဲ့မတော်လောက်.."
"ငါသွားစရာရှိသေးတယ်။စကားမများပဲ​မြန်မြန်ချွတ်ပေး။"
သော်ရဲ့စကားမဆုံးခင်ထိုလူကဖြတ်ပြောသည်။
"ကဲ ကဲ ယူယူ Hoodieနဲ့အင်္ကျီကိစ္စကိုအပြတ်ဖြတ်ပြီးပြီဆိုတော့နောက်လမ်းတွေ့တောင်မခေါ်ပါနဲ့။"
သော်,ဝတ်ထားသောHoodieကိုချွတ်ကာထိုလူလက်ထဲထည့်ပြီးသည်နှင့်မျက်ဝန်းရှိရာဆေးရုံဆီကိုသာလာခဲ့သည်။
.
.
.
"ထောက်"
Messageဝင်သံကြောင့်မျက်ဝန်းဖုန်းကိုကြည့်လိုက်သည်။
'ငါအခုဓာတ်လှေကားထဲမှာ ဆယ်လွှာရဲ့ဘယ်အခန်းလဲ။'
မျက်ဝန်းတွင်ပြန်ဖြေစရာဘေမရှိသည်ဖြစ်၍လူနာခန်းတွင်း၌ပိုက်တွေကိုစစ်ဆေးနေသည့်သူနာပြုလေးကိုအခန်းကိုခဏစောင့်ပေးဖို့အကူအညီတောင်းပြီးမျက်ဝန်းဓာတ်လှေကားဘက်သို့ထွက်လာခဲ့သည်။

Me, You, The Ghost & HerWhere stories live. Discover now