Unicode Version
လုပ်ဖော်ကိုင်ဖက်ရရှိခြင်း
"မင်္ဂလာပါ အစ်မ ညီမကဒီနေ့မှအလုပ်စဆင်းတဲ့ရွက်ကြွေဝေပါ။ ဘယ်ကိုသွားရမလဲရှင့်။"
ရွက်ကြွေအလုပ်လုပ်ရမည့်ရုံးသို့ရောက်သည်နှင့်ရုံးအဝင်ဝနားတွင်ရှိသောကောင်တာဆီသွားတာကောင်တာရှိဝန်ထမ်းအမျိုးသမီးကိုမေးလိုက်သည်။
"သြော် အသစ်ဆိုရင်တော့၄လွှာကHRရုံးခန်းကိုသွားလိုက်ပါ။ ဓာတ်လှေကားကဒီဘက်မှာညီမ"
"ကျေးဇူးတင်ပါတယ် အစ်မ"
ဝန်ထမ်းအမျိုးသမီးကိုရွက်ကြွေကျေးဇူးတင်စကားပြောပြီးသည်နှင့်ထိုဝန်ထမ်းအမျိုးသမီးပြောသည့်အတိုင်းဓာတ်လှေကားရှိရာဘက်သို့ရွက်ကြွေလျှောက်လာခဲ့သည်။ရွက်ကြွေဓာတ်လှေကားရှေ့သို့ရောက်တော့ပိတ်ခါနီးဖြစ်နေသောဓာတ်လှေကားတံခါးကြောင့်ရွက်ကြွေခပ်သွက်သွက်ပင်ဓာတ်လှေကားထဲဝင်လာခဲ့သည်။ရွက်ကြွေသွားမည့်အထပ်နံပါတ်ကိုနှိပ်ပြီးမှဓာတ်လှေကားထဲတွင်ရွက်ကြွေအပြင်လူတစ်ယောက်ရှိနေသည်ကိုသတိထားမိသည်။၃လွှာသို့အရောက်တွင်ဓာတ်လှေကားရပ်သွားသလိုထိုလူလည်းပွင့်သွားသောဓာတ်လှေကားတံခါးမှထွက်သွားသည်။ထိုနောက်တွင်ရွက်ကြွေပါသောဓာတ်လှေကားလေးသည်၄လွှာသို့ဆက်ဦးတည်သည်။၄လွှာတွင်ရပ်သွားသောဓာတ်လှေကားထဲမှရွက်ကြွေထွက်လာပြီးဘယ်လောက်မှမလျှောက်ရှာလိုက်ရပဲHR Officeဟုရေးထားသောအခန်းကိုတွေ့လိုက်ရသဖြင့်ရွက်ကြွေလည်းမဆိုင်းမတွပဲတံခါးခေါက်လိုက်သည်။
"ဒေါက် ဒေါက်"
"ဝင်လာပါ။"
အထဲလာခွင့်ပြုသံကြောင့်ရွက်ကြွေအခန်းတံခါးဖွင့်ကာအခန်းထဲဝင်လာသည်။အခန်းထဲရှိစားပွဲခုံတွင်အလုပ်လုပ်နေပုံရသောအမျိုးသမီးကရွက်ကြွေကိုတစ်ချက်ကြည့်ကာ
"ဘာကိစ္စရှိလို့လဲ။"
"ဟုတ် အလုပ်ခန့်စာထဲမှာဒီနေ့အလုပ်စဆင်းဖို့ပါလို့ အလုပ်လာဆင်းတာပါ။"
ရွက်ကြွေစကားကြောင့်ထိုအမျိုးသမီးကလုပ်လက်စအလုပ်ကခဏချပြီးအံ့ဆွဲကိုဖွင့်ကာအထဲကဖိုင်တွေထဲမှတစ်ဖိုင်ကိုထုတ်ကာစာရွက်အချို့ကိုလှန်ကြည့်ပြီး
"ရွက်ကြွေဝေဆိုတာလား။"
"ဟုတ်ကဲ့ ဟုတ်ပါတယ်။"
"ဖောင်မှာမင်းက Assistance ရာထူးလျှောက်ထားတာနော်။"
"ဟုတ်ပါတယ်။.. အဲဒီနေရာပဲလူခေါ်လို့ပါ။"
ရွက်ကြွေ,နောက်စကားကိုတော့စိတ်ထဲ၌သာပြောမိသည်။
"ဟုတ်ပြီ ဒါဆိုခဏလောက်ထိုင်စောင့်ပါ။"
"ဟုတ်"
ထိုအမျိုးသမီးစကားအတိုင်းရွက်ကြွေ,ထိုအမျိုးသမီးရှေ့ကခုံလွတ်တွင်ထိုင်လိုက်သည်။ထိုအမျိုးသမီးကရုံးဖုန်းကိုသုံးကာနံပါတ်အချို့ကိုနှိပ်ကာ
"ဟယ်လို Six Floorကအဆင်ပြေသွားပြီလား။"
"......."
"ဟုတ်ပြီ ဒါဆိုသူကိုThird Floorကိုပဲပို့လိုက်တော့မယ်။"
ဖုန်းပြောပြီးသည်နှင့်အမျိုးသမီးကဖုန်းကိုချလိုက်ပြီးထိုင်နေသည့်ရွက်ကြွေကိုကြည့်ပြီး
"အစ်မနောက်လိုက်ခဲ့။"
ဟုပြောသဖြင့်ရွက်ကြွေထိုအမျိုးသမီးနောက်သို့သာလိုက်လာခဲ့သည်။