Unicode Version
မျက်ဝန်းဧည့်ခန်းကထိုင်ခုံတွင်ဝင်ထိုင်ပြီးမကြာခင်သော်အိမ်သို့ပြန်ရောက်လာသည်။သော်ကဝယ်လာသည့်အထုပ်များကိုမျက်ဝန်းရှေ့ကစားပွဲပေါ်တင်လိုက်ပြီး
"နင်ကြောင့်ပင်ပန်းသွားရ.. ဟဲ့မျက်ဝန်းနင့်မျက်နှာကနီနေသလိုပဲ။"
မျက်ဝန်းမျက်နှာကိုကြည့်ရင်းသော်ကပြောသဖြင့်မျက်ဝန်းကိုယ့်ပါးကိုကိုင်လိုက်ပြီး
"ပူ ပူလို့၊အိုက်လို့နီလာတာ။ နင်ကငါကိုပန်ကာတောင်ဖွင့်မပေးတာကို။"
"ဟိုမှာပန်ကာကဖွင့်ထားတယ်မဟုတ်လား။"
သော်ကပြောရင်းထောင့်တွင်ဖွင့်ထားသည့်ပန်ကာကိုညွှန်ပြသဖြင့်
"အာ ထားလိုက်တော့။ ငါအတွက်အအေးဆို ဘယ်မှာလဲ။"
မျက်ဝန်း,သော်ကိုစကားလမ်းကြောင်းအမြန်လွှဲကာပြောလိုက်မှသော်ကအထုပ်တွေထဲမှအအေးဗူးတစ်ဗူးကိုယူကာဖောက်ပြီးမျက်ဝန်းလက်ထဲထည့်ပေးသည်။သော်ပေးသည့်အအေးဗူးကိုမျက်ဝန်းတစ်ငုံအရင်မော့သောက်လိုက်သည်။သော်ကတော့ဝယ်လာသည့်ပစ္စည်းတွေနဲ့ပိုက်ဆံကိုပြန်တွက်နေသည်။
အတင်းကိုစကားလမ်းကြောင်းလွှဲနေသည့်မျက်ဝန်းနဲ့အလိုက်မသိသည့်သော်တို့စကားဝိုင်းကိုသူဇာနားထောင်ရင်းရယ်လိုက်မိသည်။
"ဟီး ဟီး ဟီး"
ထိုစဥ်ထွက်လာသည့်ရယ်သံသဲ့သဲ့ကြောင့်သော်ရောမျက်ဝန်းပါရယ်သံလာရာကိုကြည့်တော့မမသူဇာအခန်းကဖြစ်နေသဖြင့်
"မမ နိုးပြီလား။ နိုးရင်ဒီကိုလာပါအုံး။ ဧည့်သည်ရောက်နေတယ်။"
မမသူဇာအခန်းနားသွားရင်းသော်ကပြောလိုက်မှမမသူဇာအခန်းတံခါးပွင့်လာပြီးအခန်းထဲမှမမသူဇာထွက်လာသည်။
"သော်ကဧည့်သည်ရောက်နေတယ်ဆိုလို့ဘယ်သူများလဲလို့။ မျက်ဝန်းပဲ။ သော်,မျက်ဝန်းကိုဘာဧည့်ခံပြီးပြီလဲ။"
"ကျွန်တော်သူ့ကိုအအေးတစ်ဗူးတိုက်ထားတယ်။"
မမသူဇာအမေးကိုသော်ကမျက်ဝန်းလက်ထဲကအအေးဗူးဆီအကြည့်ပို့ရင်းပြန်ဖြေလိုက်သည်။
"မင်းဘာတွေဝယ်လာတာလဲ။"
မမသူဇာကသော်ဝယ်လာသည့်အထုပ်များကိုကြည့်ရင်းမေးတော့သော်ကအထုပ်ထဲမှခေါက်ဆွဲထုပ်များကိုထုတ်ပြသည်။
"ကိုယ့်အိမ်လာတဲ့ဧည့်သည်ကိုခေါက်ဆွဲပြုတ်ပဲကျွေးမလို့လား သော်။"
"မျက်ဝန်းကိုယ်တိုင်ကခေါက်ဆွဲပြုတ်စားချင်တာ။ကျွန်တော်ကျွေးတာမဟုတ်ဘူး။"
"ဟုတ်တယ်။ ခေါက်ဆွဲတောင်နင်ပြုတ်ကျွေးတဲ့ခေါက်ဆွဲမှစားချင်တာဆိုတော့နင်ပဲသွားပြုတ်မယ်မလား။"
သော်စကားကိုမျက်ဝန်းထောက်ခံသလိုပြောရင်းသော်ကိုခိုင်းလိုက်တော့သော်ကမျက်ဝန်းကရှုံ့မဲ့ပြပြီးခေါက်ဆွဲထုပ်တွေယူကာမီးဖိုချောင်ဘက်ဝင်သွားသည်။
"ဟား ဟား ဟား"
"ငါ့ညီမမျက်ဝန်းကရယ်နေရင်ချစ်ဖို့ကောင်းတာပဲ။"
အစ်မသူဇာစကားကြောင့်သော်ကိုရယ်နေသောမျက်ဝန်းမျက်နှာတည်သွားပြီး
"ငါ့ညီမ ဟုတ်လား အစ်မ။ မျက်ဝန်းကအစ်မညီမပဲလား။"
"ယောင်းမတော်ချင်ရင်တော့အစ်မမောင်ကိုယူနိုင်ပါတယ်။"
အစ်မသူဇာစကားအဆုံးမှာမျက်ဝန်းတစ်ယောက်ဒေါသထွက်လာသလိုခံစားလာရသည်။မျက်ဝန်းသာဒေါသများထွက်နေသော်လည်းအစ်မသူဇာကတော့သူစကားကိုသူရယ်နေသည်။ရယ်နေသောအစ်မသူဇာကိုကြည့်ရင်းဒေါသထွက်နေသည့်မျက်ဝန်းတစ်ယောက်ဒေါသမထွက်ဖြစ်တော့ပဲအစ်မသူဇာကိုသာငေးကြည့်နေရင်း
"အစ်မလည်းရယ်ရင်တကယ်လှတာပဲ။"
မျက်ဝန်းစကားအဆုံးတွင်အစ်မသူဇာကမျက်ဝန်းကိုအံ့သြစွာစိုက်ကြည့်နေပြီး
"ဝန်းလေးလား။"
"ဝန်းလေးကဘယ်သူလဲ အစ်မ။"
အစ်မသူဇာထံမှထွက်လာသည့်စကားကြောင့်မျက်ဝန်း,အစ်မသူဇာနဲ့အကြည့်ချင်းဆုံကာမေးလိုက်စဥ်တွင်
"ဟေး လေဒီတို့ဒီကဂျန်နဲမန်းလေးကိုလာကူညီဖို့အစီအစဥ်မရှိကြတော့ဘူးလား။"
ဆိုသည့်သော်စကားသံထွက်လာသဖြင့်မျက်ဝန်းကိုစိုက်ကြည့်နေရာမှအစ်မသူဇာကအကြည့်လွှဲပြီးသော်ရှိရာမီးဖိုချောင်ထဲသို့ဝင်သွားသည်။ခဏအကြာတွင်ခေါက်ဆွဲပြုတ်အိုးနဲ့အတူထည့်စားရန်ပန်းကန်၊ဇွန်းအချို့ယူလာရင်းအစ်မသူဇာနဲ့သော်တို့မီးဖိုချောင်ထဲမှထွက်လာကြသည်။သုံးယောက်သားကြက်ဥဖောက်ထည့်ထားသည့်ခေါက်ဆွဲပြုတ်ကိုခေါင်းမဖော်တမ်းစားလိုက်ကြပြီးနောက်ပန်းကန်ဆေးရန်ခွဲတမ်းသုံးယောက်သားကစားပြီးမဲခွဲကြသည်။ဒီနေ့၏ကံဆိုးသူမောင်ရှင်ဖြစ်သွားသည့်သော်ကိုအစ်မသူဇာနဲ့မျက်ဝန်းဝိုင်းရယ်ပြီးသော်ကိုဝိုင်းကူမည်ပြင်သောအစ်မကို
"အစ်မကနေလည်းမကောင်းသေးဘူးမလား။နားနားနေနေနေပါ။ မျက်ဝန်းပဲသော့်ကိုကူလိုက်ပါ့မယ်။"
မျက်ဝန်းဝင်ပြောကာတားပြီးပန်းကန်ဆေးရာတွင်ရောက်နေပြီဖြစ်သောသော်ဆီစားပွဲပေါ်ပန်းကန်များကိုသိမ်းကာမျက်ဝန်းသွားပေးလိုက်သည်။
ထိုနောက်တွင်သော်ပန်းကန်ဆေးပြီးချိန်တွင်
"ဗိုက်ပြည့်အောင်လည်းစားပြီးပြီဆိုတော့ငါပြန်တော့မယ် သော်။"
မျက်ဝန်း,အိတ်ကိုလွယ်ရင်းမီးဖိုချောင်ထဲမှထွက်လာသောသော်ကိုပြောလိုက်သော်လည်းအကြည့်ကတော့အစ်မသူဇာကိုသာကြည့်နေမိသည်။
"ငါပြန်လိုက်ပို့ပေးမယ်လေ။"
"မလိုဘူး။ နေမကောင်းတဲ့အစ်မကိုသာသေချာဂရုစိုက်လိုက်။ ပြီးတော့အစ်မလည်းနေမြန်မြန်ပြန်ကောင်းအောင်လုပ်နော်။"
သော့်စကားကိုမျက်ဝန်းပြန်ပြောရင်းအစ်မသူဇာကိုပင်တစ်ခါတည်းပြောကာမျက်ဝန်း,သော်တို့အိမ်မှထွက်လာပြီးဘတ်စ်ကားစီးကာအိမ်သို့သာမျက်ဝန်းပြန်လာခဲ့သည်။
![](https://img.wattpad.com/cover/269489498-288-k767290.jpg)