Chapter - 41 [ Slowly ... from ]

1 0 0
                                    


Unicode Version


အခန်း - ၄၁ 


တစစဖြင့်... 




မိုးလခြေလှမ်းတို့မြန်သော်လည်းတဇွတ်ထိုးတလွဲလေးကိုမမှီလိုက်ကာမိုးလ,ဆေးပေးခန်းထဲရောက်တော့ 

"ပြောမှာလား မပြောဘူးလား။"

ဟုဒေါသတကြီးဆိုနေသောတူတော်မောင်နဲ့ညာဘက်လက်ကောက်ဝတ်ကိုဘယ်လက်ဖြင့်ကိုင်ကာနာကျင်နေပုံရသောစိုးမိုးထိုက်တို့နှစ်ယောက်အဖြစ်အပျက်ကိုမိုးလတွေ့လိုက်ရသဖြင့် 

"သော် မင်းဘာလုပ်လိုက်သေးတာလဲ။"

"ဦးလေး"

စကားသံကြားမှမိုးလကိုမြင်သွားပုံရသော,သော် ကမိုးလကိုဦးလေးဆိုပြီးပြေးဖက်ပြီးတော့မှ

"ဦးလေးမိုးလ ဘယ်နားထိသွားတာလဲ။ ဒဏ်ရာကဘယ်မှာလဲ။"

မိုးလ၏တစ်ကိုယ်လုံးကို,သော် ကသေချာစစ်ဆေးကာမေးမြန်းနေသဖြင့်

"ငါဘာမှမဖြစ်သလို၊ဒဏ်ရာလည်းရထားတာမရှိဘူး။ ငါသူ့ကိုကုပေးမလို့မင်းကိုဆေးအိတ်လာပေးခိုင်းလိုက်တာ။ ဖြစ်ချင်တော့ဒီမှာကဆေးပစ္စည်းကပြည့်စုံနေတာနဲ့ချက်ချင်းပင်ဆေးထည့်ပေးလိုက်နိုင်တာ။ မင်းကိုဖုန်းပြန်လှမ်းဆက်ဖို့ကမေ့သွားတာနဲ့။" 

"တော်သေးတာပေါ့ ကျွန်တော်ကဦးလေးကိုစိတ်ပူနေတာ။"

"အင်းပါ ဒါနဲ့မင်း,သူ့ကိုဘာသွားလုပ်လိုက်သေးလဲ။"

မိုးလစကားဆုံးသွားမှစိတ်အေးသွားဟန်နဲ့သော်,ကပြောလာသည်။တူတော်မောင်ကိုဖြေရှင်းချက်ပေးပြီးသည်နှင့်လက်ကောက်ဝတ်ကိုကိုင်ထားသောသူကိုကြည့်ကာ သော်, ကိုမေးလိုက်တော့ဝင်ဖြေလာသူကသူကိုယ်တိုင်။

"ကျွန်တော့်လက်ကအဲဒီကလေးကြောင့်နာသွားတာမဟုတ်ပါဘူး။ .."

အစပျိုးစကားနဲ့အတူလွန်ခဲ့သောငါးမိနစ်ဝန်းကျင်ကအဖြစ်အပျက်အကြောင်းပြန်ပြောလာသည်။ 




ဒီကို,လာအလှူလုပ်နေကြနေ့ဖြစ်၍စိုးမိုးထိုက်အလှူလာလုပ်ပြီးအပြန်ထွက်တွင်မီးခိုးနံ့အနည်းငယ်ကိုရှုရှိုက်မိ၍အနံ့လာရာကိုရှာကြည့်တော့ဘေးထွက်အဆောင်လေးဆီကဖြစ်နေ၍အခြေအနေကြည့်ရန်စိုးမိုးထိုက်အဲဒီနားသို့သွားလိုက်သည်။

You've reached the end of published parts.

⏰ Last updated: 3 days ago ⏰

Add this story to your Library to get notified about new parts!

Me, You, The Ghost & HerWhere stories live. Discover now